Web color

CSS ကို အရမ်း ရင်းနှီးတော့ အခု သုံးထားတဲ့ structure theme ရဲ့ color တွေ ပြောင်းကြည့်တာ ရွာကိုလည်နေတာပဲ ဟီး………….. နာမည်ကျော် W3 school လဲ ရောက်တယ်၊ VisiBone Cheatsheets လဲ ရောက်ခဲ့တယ်။ CSS မှာ HTML မှာ သုံးဖို့ color code တွေကို အရောင်တွေနဲ့ တွဲပြီး ပြထားတာတွေ့တယ်။ သူတို့ ဆိုဒ်တွေက color code တွေ သိပြန်တော့ လိုက်ဖက်တဲ့ အရောင်တွဲဖို့ မသိပြန်ဘူးဗျ။

ဟိုရှာ သည်ရှာ နဲနဲ လုပ်လိုက်တော့ CSS Drive Gallery က နမူနာ ပြထားတဲ့ color scheme ကိုတွေ့တယ်။ သူပြထားတဲ့ ထဲက အပြာရောင်လေးတွေ ကြိုက်လို့ စမ်းသုံးလိုက်တယ်။ သုံးလိုက်တယ်ဆိုလို့ ဘာမှ အထူးအထွေ မလုပ်တတ်ပါဘူး၊ theme editor ကနေ style.css ကိုဖွင့် body ရယ်၊ body container ရယ်၊ navigation ရယ်ကို background color ပြောင်းလိုက်တာပါ။

ဘာပြောပြော ကျွန်တော့်အတွက်တော့ color နဲ့ style sheet ဆိုရင် ဘယ်နေရာလောက်မှာ ရှာရမယ် ဘယ်လို ရှာမယ် ဆိုတာ ရိပ်ဖမ်း သံဖမ်း သိသွားတာပေါ့ဗျာ။

One thought on “Web color

  1. ထပ်မံ ရေးသားပေးပါဦးနော်။ စောင့်မျှော်လျက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>