ဇော်ဂျီကို Ubuntu မှာသုံးဖို့ ကို box02 က Ubuntu 9.04 အတွက် လုပ်ပေးထားတဲ့ zawgyi-keyboard-ubuntu904.tar.gz ကနေ တင်ထားတယ်။
ဒါပေမယ့် မေ့နေလို့ထင်တယ် ဘယ်လိုပြန်ဖြုတ်ရမယ် ဆိုတာ google code မှာ ရေးထားတာ မတွေ့မိဘူး။
ဒါနဲ့ MZ မှာ မေးလိုက်တယ်၊ မမေးခင်ကတည်းက ကိုbox02 တော့ ပြန်ဖြေမှာပဲလို့လဲ တွေးမိသေးတယ်။
နောက်ရက်ကျတော့ (ဒီနေ့ပေါ့) ပြန်ဖြေပေးထားတာ တွေ့တယ်။ keyboard ပြန်ဖြုတ်ဖို့ ဒီဟာလေးတွေကို တာမီနယ်မှာ ရိုက်ရမယ်တဲ့ဗျ။
$ sudo rm -rf /usr/share/fonts/zawgyi
$ sudo mv /usr/share/X11/xkb/symbols/mm /usr/share/X11/xkb/symbols/mm_backup
$ sudo mv /usr/share/X11/xkb/symbols/mm /usr/share/X11/xkb/symbols/mm_backup$ sudo mv /usr/share/X11/xkb/symbols/mm /usr/share/X11/xkb/symbols/mm_backup