မနေ့က Ubuntu 9.04 နဲ့ Vista တင်ထားတဲ့ Toshiba laptop မှာ GRUB menu ကို ပြင်ကြည့်တယ်။ Ubuntu 9.04 ကို update လုပ်တော့ boot menu က အများကြီး ရွေးစရာ တွေရှိလာတယ်။ဒါကြောင့် ဒီ post ကိုဖတ်ပြီး ပြင်ကြည့်တယ်။ ဒါပေမယ့် menu.lst ကို back up လုပ်တာတော့ အဆင်မပြေဘူး။ ဒါနဲ့ပဲ gedit ကိုသုံးပြီး /boot/grub/menu.lst ကို ပြင်တယ်။ သုံးတဲ့ code ကတော့
sudo gedit /boot/grub/menu.lst
မလိုတဲ့ ဟာတွေကို ဖျက်တယ်။ Vista ကို default OS အနေနဲ့ ထားဖို့ ရှာတာတော့ စိတ်ကြိုက် မတွေ့လို့ မပြင်လိုက်ဘူး။
home user ထဲက “.font” ဖိုင်ထဲကို font အသစ်ထဲ့တာလဲ စမ်းကြည့်သေးတယ်။ hidden file ဆိုတော့ Clt + H ကို သုံးပြီးဖွင့်ရတာပေါ့။ ubuntuts မှာ how to install font on Ubuntu ဆိုပြီး ရေးထားတာတွေ့တယ်။ font cache regenerate လုပ်တာလဲ အဆင်ပြေတယ်ဗျ။
sudo fc-cache -fv