ဓနဥပဒေသ ငါးရပ်

  • ဓနဥစ္စာဟူသည် မိမိရရှိသော ဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်းသော ငွေကို မိမိနှင့် မိသားစု၏ အနာဂတ်အတွက် ချန်လှပ် သိမ်းဆည်းတတ်သူထံသို့သာ ဝမ်းမြောက် ပျူငှာစွာ ရောက်ရှိလာတတ်မြဲ ဖြစ်သည်။
  • ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သော သူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင် ပေးစမြဲဖြစ်၍ ထိုသူ၏ လက်၌ သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွား များပြားလာတတ်သော သဘော ရှိပေသည်။
  • ဓနဥစ္စာဟူသည် ယင်းအား ဂရုတစိုက် ရင်းနှီးမြှုပ်နှံမှုပြုသူ၊ ကျွမ်းကျင်လိမ္မာသော သူတို့၏ အကြံဉာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ် ခိုလှုံနေတတ်ကြသည်။
  • ဓနဥစ္စာဟူသည် မိမိလည်း မကျွမ်းကျင်၊ ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုးတွင် ရင်နှီးမြှုပ်နှံသော သူတို့ထံမှ လျှောကျ ပျောက်ကွယ်သွားတတ်စမြဲ ဖြစ်သည်။
  • ဓနဥစ္စာဟူသည် ယင်းမှ လွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ၊ လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက် လိုက်ပါ နားယောင်တတ်သူများ၊ အတွေ့အကြုံ နည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာသွားတတ်စမြဲ ဖြစ်သည်။

ref; The Richest Man in Babylon by George Samuel Clason

ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် − ဖေမြင့်