ညနေပိုင်းမှာ မိုးရွာလိုက်တာ ရန်ကုန်မြို့ကြီး ရေလျှံပြန်ပြီ။ စက်ရုံကနေ အိမ်ပြန်ဖို့အရေး ဟိုဘက်က ပတ်၊ ဒီဘက်က ပတ်နဲ့ တော်တော် လမ်းရှာလိုက်ရတယ်။ လမ်းတစ်လျောက်လုံး ရေဝင်လို့ ပျက်နေတဲ့ ကားတွေ တန်းစီနေတယ်။ ရေထဲဖြတ်မမောင်းရင် ရောက်မှာ မဟုတ်လို့ ဇွတ်ဖြတ်မောင်းလိုက်တာ တော်သေးတယ် စက်မသေလို့။ Continue reading
Tag Archives: rainy season
raining
ဒီနေ့ ရန်ကုန်မှာ မိုးရွာချက်ကတော့ဗျာ လွန်ကိုလွန်ပါတယ်။ တစ်နေ့လုံး လမ်းပေါ်မှာ ရေတွေပဲ တွေ့နေရတယ်။ စက်ရုံသွားတာ ဟိုကကွေ့၊ ဒီကကွေ့နဲ့ မနက် ၈ နာရီကသွားတာ ၁၁ နာရီမှ ရောက်တယ်။ ဒါတောင် တာမွေဗလီ လမ်းဆုံမှာ မိုက်မိုက်ကန်းကန်း ရေထဲဖြတ်မောင်းလိုက်လို့။
ဝေဇယန္တာလမ်းမှာလဲ ပါရမီကနေ လေးထောင့်ကန်လမ်းဆုံထိ ရေကြီးနေတယ်။ သွားရလာရတာ မလွယ်ဘူး။ တော်သေးတယ် သာကေတ ရေမကြီးလို့။
မိုးရွာတော့ လောင်စာ စပါးခွံက တက်ကို မလာတော့ဘူး။ ဈေးတက်ပေး ရတော့မှာပဲ။ ဒါလဲ မကောင်းဘူး။
မနက်ဖြန် မန္တလေးကို သွားမယ်။ စက်ရုံကလုပ်တဲ့ management သင်တန်းကို၊ ရန်ကုန်စက်ရုံက ပထမအသုတ် ၅ ယောက်၊ ဒုတိယအသုတ် ၅ ယောက် ပေါင်း ၁၀ ယောက် သွားရတယ်။ ကျွန်တော်က ဒုတိယအသုတ်ပေါ့။ ဘယ်လိုလဲတော့ မသိဘူး၊ စောင့်ကြည့်ရမှာပေါ့။
မနက်ဖြန် စက်ရုံက ကျန်ခဲ့မယ့် အဆိုင်းခေါင်းဆောင်တွေကို မှာရမယ်။ လူကြီးတွေ မရှိတဲ့ အချိန်မှာ အဆင်ပြေအောင်ပေါ့။ ကုန်ကြမ်းကိစ္စလည်း မှာရမယ်။ ဒါပေမယ့် ပထမအသုတ် ဆရာတွေလည်း ၈ ရက်နေ့ ပြန်ရောက်မှာဆိုတော့ ကိစ္စမရှိလောက်ပါဘူး။
ထင်တာပဲ