Than Win Naing » human

လူ​ဖြစ်​ရ​ကျိုး​နပ်​ပါ​စေ
လူ​ဖြစ်​ရ​ကျိုး​နပ်​ပါ​စေ

ရွှေဥ​ဒေါင်း

ဤ​တစ်​ခေတ်​၌ တိုင်း​ပြည်​အစိုးရ​များ​သည် လေး​နှစ်​စီမံ​ကိန်း၊ ငါး​နှစ်​စီမံ​ကိန်း စ​သည်​ဖြင့် ကြိုတင်​၍ (palnning)ရေး​ဆွဲ​တတ်​ကြ​ပေ​ရာ၊ လူ​ပုဂ္ဂိုလ်​များ အနေ​ဖြင့်​လည်း တစ်​မျိုး​တစ်​မည် ကြိုတင်​စီမံ​တတ်​လျှင် ကောင်း​ပေ​လိမ့်​မည်။ မိမိ​တို့ စီမံ​တိုင်း ဖြစ်​သည်မ​ဟုတ်၊ အနတ္တ​သဘော​တရား​အတိုင်း သူ​ဖြစ်​ချင်​သ​လို ဖြစ်​ရ​သည်​ဆိုသော်​လည်း ယုတ်​စွ​အဆုံး မိမိ​တို့​၏ တစ်​သက်​တာ​၌ ရည်​မှန်​ချက် တစ်​ခု​ခု ထား​ခြင်း​သည် လုံး​ဝ​ရည်​မှန်း​ချက် မ​ထား​ခြင်း​ထက် ကိုယ့်ကိုယ်ကို ပဲ့ကိုင်​ဖို့ လွယ်ကူ​ပေ​လိမ့်​မည်။

သေး​နှုပ်​သော ရည်​မှန်း​ချက်​များ

များ​စွာ​သော သူ​တို့​သည် ရည်​မှန်း​ချက်​ဟူ၍ တိတိ​ကျ⁠ကျ​မ​ရှိ​ပဲ ကြီးပွား​ရေး​အတွက်​ဆို​၍ သောင်းပြောင်း သဘောထား​တတ်​ကြ​၏။ အချို့​လည်း ပိုက်ဆံ​ပေါ​ခြင်း​ကို ကြီးပွား​ခြင်း​ဟူ၍ နားလည်​၏။ အချို့​လည်း ရာထူး​ဌာ​နန္တ​ရ​တိုးတက်​ခြင်း​ကို ကြီးပွား​ခြင်း​ဟူ၍ ယူဆ​၏။ အချို့​လည်း ထင်ပေါ်ကျော်​စော​ခြင်း၊ လူ​ချီးမွမ်း​ခံ​ရ​ခြင်း၊ သူတစ်ပါး​တို့​၏​အထင်ကြီး​ခံ​ရ​ခြင်း စ​သော အခြင်းအရာ​မျိုး​ကို လိုလား​တောင့်တ​၍ ထို့​အတွက် ကြိုးစား​ကြ​၏။ ဤ​သည်​တို့​မှာ လူ​ကြိုက်​များ​သော အခြင်းအရာ​များ ဖြစ်သော်​လည်း တမလွန်​ဘဝ​ဟူ၍ ယုံကြည်​ကြ​သော ဗုဒ္ဓ​ဘာသာ​ဝင်​များ​အဖို့ လုံလောက်​အောင် ကြီးကျယ်​သော ရည်​မှန်း​ချက်​များ မဟုတ်​သေး​ချေ။

မွန်​မြတ်​သော​ရည်​မှန်း​ချက်

တမလွန်​ဘဝ​အတွက် သတိရ​သည်​ဆို​ပြန်​လျှင်​လည်း ပြုလုပ်​တတ်​ကြ​သော အစဉ်​အလာ​မှာ ဘုရားတည်​ခြင်း၊ ကျောင်း​ဆောက်​ခြင်း၊ အလှူ​ကြီး​ပေး​ခြင်း၊ ဥပုသ်စောင့်​ခြင်း​မျှ​လောက် ဆို​ပါ​က အတော်​ကြီး ဟုတ်​လှ​ပြီ​ဟု မှတ်​ထင်​တတ်​ကြ​၏။ ထို​သူ​တို့​၏ အယူ​အဆ​မှာ ကောင်းမှု​ကုသိုလ်​ပြု​လျှင် ကောင်းမှု​၏​အကျိုး​ကို နောင်​ဘဝ​၌ ခံစား​ရ​မည်​ဟူ​သည်​ပင်​ဖြစ်​၏။ ဘုန်းကြီး​များ​က​လည်း “လှူ​မှာ​ပေါ့၊ ဒါ​မှ နောင်​ဘဝ​အတွက် အထုပ်​ကလေး​ပါသွား​မယ်”ဟု အားပေး​တတ်​ကြ​၏။ ဒါန​ပြု​ခြင်း​အတွက်​ကြောင့် အထုပ်​ကလေး​ပါသွား​ခြင်း​ကား မှန်​ပေ​သည်။ သို့ရာတွင် ရွှေ​ငွေ​ပစ္စည်း​မျိုး​ထက် အတွင်း​ကျ​၍ မြတ်​သော​ဥစ္စာ​မျိုးရှိ​သေး​ခြင်း​ကို​လည်း အသိ​အမှတ်ပြု​မှ တော်​ကြ​ပေ​လိမ့်​မည်။ ၎င်း​မှာ ကိုယ်​ကျင့်​တရား​ပင် ဖြစ်​သည်။

ဂျန်​တလ်​မဲန်​ဟူ​သော​စကား

မဂ်​တရား ဖိုလ်​တရား​မှ​အပ ကိုယ်​ကျင့်​တရား​နှင့် ပတ်သက်​၍ အနောက်​တိုင်း​သား ပညာရှိ​ကြီး​များ ရေး​သားဖော်​ပြ​ခဲ့​ကြ​သည့် ကိုယ်​ကျင့်​တရား န​မူ​နာ​မျိုး​မှာ​လည်း မ​ထီ​မဲ့​မြင် ပြု​ခြင်း​ကား မ​ထိုက်​ပေ။ ပမာ​ဆိုသော် (Dr. Smiles’ Character) ဒေါက်​တာ​ဆ​မိုင်းလ်​၏ “ကိုယ်​ကျင့်​တရား” ဟူ​သော အခန်း​တွင် (Gentleman) “ဂျန်​တလ်​မဲန်” နှစ်​မျိုး​နှစ်​စား ခွဲ​ခြားဖော်​ပြ​ထား​ပုံ​မှာ ကိုယ်​ကျင့်​တရား​နှင့် ပတ်သက်​၍ လေ့​လာ​လို​သူ​များ​အဖို့ စိတ်ဝင်စား​ဖွယ် ကောင်း​လှ​ပေ​သည်။ ၎င်း​စာအုပ်​ကို ကျောင်း​၌ သင်​ခဲ့​ရ​ကတည်းက အနောက်​တိုင်း​သား​များ​သည် (လောဘကြီး​သော နယ်​ချဲ့​သမား​များ ဖြစ်သော်​လည်း) ကိုယ်​ကျင့်​တရား​နှင့် ပတ်သက်​၍ အတော်​ကြီး နားလည်​သော ပညာရှိ​ကြီး​များ​လည်း ရှိ​ကြ​ပေ​သည်​ဟု အထင်ကြီး​ခဲ့​ရ​ပါ​တော့​သည်။

သာမန်​အမျိုး​အစား

“ဂျန်​တဲလ်​မဲန်” နှစ်​မျိုးရှိ​သည့်​အနက် တစ်​မျိုး​မှာ အပေါ်ယံ​အတွက်​ဖြစ်​၍ ဒုတိယ​တစ်​မျိုး​မှာ အတွင်း​စိတ်​ဓာတ်​ကို ညွှန်း​ပြ​ထား​၏။ ၎င်း​ကို True Gentleman  “ဂျန်​တဲလ်​မဲန်​အစစ်”ဟု ခေါ်​လေ​သည်။ သာမန် “ဂျန်​တဲလ်​မဲန်”မှာ အပေါ်ယံ​အတွက်​သာ ဖြစ်​သည် ဆိုသော်​လည်း ၎င်း​ပင်​လျှင် ခေ​လှ​သည်မ​ဟုတ်​ချေ။ အမျိုး​အနွယ်​သန့်​ခြင်း၊ သပ်သပ်​ရပ်​ရပ် ဝတ်​တတ်​ခြင်း၊ ပြေပြစ်​သော အမူအရာ ရှိ​ခြင်း စ​သည်​တို့​အပြင် အမျက်​ဒေါသ​ကို မဖော်​ပြ​ပဲ ချုပ်တည်း​ထား​တတ်​ခြင်း​ဟူ​သော သိမ်းဆည်း​မှု​လည်း ပါရှိ​သော​ကြောင့် “သူ​ငါ​က​စ” အမျိုး​အစား​ထက်​သာ​သည်​ဟု ဆို​ထိုက်​ပေ​သည်။

ဂျန်​တဲလ်​မဲန်​အစစ်​၏ အင်္ဂါ​များ

နံပါတ်(၂)ဖြစ်​သော “ဂျန်​တဲလ်​မဲန်” အစစ်​၏ အရည်အချင်း​များ​ကား ဤ​မျှ​မက ကြီးကျယ်​သေး​၏။ အပေါ်ယံ​အား​ဖြင့်​မူ ဆွေ​ကြီး​မျိုး​ကြီး​ထဲ​က ဟုတ်​ချင်​မှ ဟုတ်​မည်၊ အဝတ်​အစား​မှာ​လည်း တော်​စွရော်​စွ ဝတ်​ချင်​ဝတ်​မည်၊ သို့ရာတွင် အတွင်း​စိတ်သဘော​မူကား ဇမ္ဗူ​ရစ်​ရွှေ​စင်​နှင့် ပမာ​နှိုင်း​၍ ရေး​သားဖော်​ပြ​တတ်​ကြ​၏။ ထို​လူ​မျိုး​ကား တည့်မတ်​ကြံ့ခိုင်​သော စိတ်​ဓာတ်​ရှိ​ခြင်း၊ အခါ​ခပ်သိမ်း​မှန်​သော စကား​ကို​ဆို​ခြင်း၊ တစ်ဖက်သား​အပေါ်​တွင် မ​တရား​ပြု​ဖို့ ရွံ့​ရှက်​ခြင်း၊ ကိုယ့်​သိက္ခာ​ကိုယ် စောင့်စည်း​ခြင်း၊ သေး⁠သေး​နှပ်​နှပ် မ​လုပ်​တတ် မ​ကြံ​တတ်​ခြင်း၊ ကြင်နာ​သနား​တတ်​ခြင်း၊ ကိုယ်​ချင်း​စာ​တရား​ထား​ခြင်း စ​သော အရည်အချင်း​များ အပြည့်​အဝ​ပါရှိ​လေ​သည်။ တစ်​ခါ​တစ်​ရံ ဤ​လူ​မျိုး​သည် ဆင်းရဲ​သော လယ်သမား အတန်း​အစား​ထဲ​၌​လည်း ရှိ​တတ်​ပေ​ရာ ၎င်း​ကို ‘သ​ဘာ​ဝ​အမျိုး​ကောင်း​သား’ (Nature Gentleman) ဟု ခေါ်​ကြ​၏။ အနောက်​တိုင်း​သား​များ​၏ ကောင်း​သော အချက်​တစ်​ခု​မှာ လောက အခြေအနေ​အား​ဖြင့် မည်​မျှ နိမ့်​ကျ​သော​အဖြစ်​သို့ ရောက်​နေ​စေ​ကာ​မူ ဤသို့​သော ပုဂ္ဂိုလ်​မျိုး​ကို ကြည်ညို​လေးစား​ရ​ကောင်း​မှန်း သိ​တတ်​သူ​များ ပေါ်ထွက်​လာ​တတ်​ခြင်း​ပင် ဖြစ်​လေ​သည်။

သ​ဘာ​ဝ​အမျိုး​ကောင်း​သား

တစ်​နေ့​သ​၌ အထက်​တန်း​စား​များ​ဖြစ်​ကြ​သော ဂုဏ်​သရေ​ရှိ လူကြီး​တစ်​ယောက်​နှင့် လူ​ငယ်​တစ်​ယောက် လမ်းလျှောက်​သွား​ကြ​စဉ် ဖိနပ်​ထူထူ​ကြီး​နှင့် အင်္ကျီ​ပွ​ကြီး ဝတ်​ထား​သော လယ်သမား​ကြီး​တစ်​ယောက်​နှင့် တွေ့​ကြ​၍ လူကြီး​ဖြစ်​သူ​က ဖော်​ရွေ​စွာ နှုတ်ခွန်းဆက်​သကာ အာ​လာ​ပ သလ္လာ​ပ စကားပြော​ပြီး​မှ ခွဲခွာ​သွား​ကြ​၏။ လယ်သမား​ကြီး မျက်ကွယ်​သို့ ရောက်​ကြ​သော​အခါ လူ​ငယ်​က ဤ​မျှ​လောက် လူ​ရည်​လူ​ရောင် ညံ့​ဖျင်း​သူ​တစ်​ယောက်​နှင့် နှုတ်ဆက်​ရ​သည်မှာ မ​ရှက်​ပါ​သ​လော​ဟု မေး​၏။ ဤ​တွင် လူကြီး​ဖြစ်​သူ​က ‘ဘာ​လဲ​ကွဲ့ မင်း​က ဖိနပ်​ထူ​ကြီး​နဲ့ အင်္ကျီ​ပွ​ကြီး ကြည့်​ပြီး လူ​ရည်​လူ​ရောင် မ​ရှိ​ဘူး​လို့ ပြော​သလား၊ ငါ​က ဖိနပ်​ထူ​ကြီး​နဲ့ အင်္ကျီ​ပွ​ကြီး​ကို နှုတ်ဆက်​တာ မဟုတ်​ဘူး​ကွဲ့၊ အထဲ​က လူ​ကို နှုတ်ဆက်​တာ၊ အဲ​ဒီ​အင်္ကျီ​ပွ​ကြီး​ထဲ​က လူ​က​လေ တ​ကယ့် အရည်အချင်း​ကို ချိန်​ကြည့်​လိုက်​လျှင် ချိန်ခွင်​တစ်ဖက်​မှာ မင်း​ရယ်၊ ငါ​ရယ် ငါ​တို့​လို လူ​မျိုး​တွေ ဆယ်​ယောက်​ထည့်၊ သူ့​ဘက်​ကတောင် လေး​လိမ့်​ဦး​မယ်​မောင်​ရေ့၊ ဘာ​မှတ်​လို့​လဲ’ ဟု ပြန်ပြော​လေ​သည်။ အကြောင်း​မူကား ၎င်း​လယ်သမား​ကြီး​မှာ “သ​ဘာ​ဝ​အမျိုး​ကောင်း​သား” ဖြစ်​သည်​ဟု ထို​လူကြီး​က သိ​ပြီး ဖြစ်​ပေ​သော​ကြောင့်​တည်း။

သူ​တို့​ချင်း ချီးမွမ်း​ခြင်း

အနောက်​တိုင်း​သား အင်္ဂလိပ်​လူ​မျိုး​များ​နှင့် ပတ်သက်​၍ ကြည်ညို​ဖွယ်​ကောင်း​သော အချက်​တစ်​ခု​မှာ ခေတ်​ပညာ​တတ်​တစ်​ယောက် ဖြစ်​သည်​ဆို​လျှင် Gentleman ‘ဂျန်​တဲလ်​မဲန်’ ဖြစ်​အောင် ကြိုးစား​ကောင်း​မည်​ဟု သဘောထား​ကြ​သူ များ​လှ​၏။ မဟုတ်​တော့​မှ ရှိ​စေ ‘ဂျန်​တဲလ်​မဲန်’ မဟုတ် ဟူ၍ စွပ်စွဲ​ခြင်း​ခံ​ရ​မည်​ကို ရှက်​တတ်​ကြ​သူ​ချည်း​ဖြစ်​၏။ တစ်ယောက်တလေ ‘အစစ်’ ဖြစ်​ခဲ့​လျှင်​လည်း အခြား​သူ​များ​က သိ​ကြ​၍ စကား​တစ်​ခု​လုပ်​ပြီး ပြော​လေ့​ရှိ​ကြ​၏။ ဗြိတိသျှ​အစိုးရ လက်အောက်​၌ ကျွန်ုပ်​အမှုထမ်း​ခဲ့​စဉ်​က အိုင်​စီ​အက် သုံး​လေး​ယောက်​နှင့် အခြား​အင်္ဂလိပ် အရာရှိ နှစ်​ယောက် သုံး​ယောက်​တို့​ကို အတော်​ရင်းနှီး​စွာ ဆက်ဆံ​ခဲ့​ရ​ဖူး​သည်။ (ကျွန်ုပ်၏ အလုပ်​မှာ တော​လိုက်​စာရေး Camp Clerk ဖြစ်​၍ ဘတ္တ​လာ​မှ​လွဲ​လျှင် ‘ဗိုလ်’၏ စိတ်သဘော​ကို အနီး​ကပ်​ဆုံး သိ​နိုင်​သော အလုပ်​မျိုး​ဖြစ်​သည်။) ၎င်း​အရာရှိ​များ​အနက်​တွင် ‘ဂျန်​တဲလ်​မဲန်’ တစ်​ယောက် တွေ့​ရ​သည်​ဟု ကျွန်ုပ် အကဲ​ဖြတ်​ခဲ့​မိ​ရာ အခြား​သော အရာရှိ​များ​က​လည်း (The fellow is a gentleman.) ‘ဟို​လူ​ကတော့ ဂျန်​တဲလ်​မဲန် တစ်​ယောက်​ပေ​ပဲ’ဟု သူ​တို့​အချင်းချင်း ပြော​သံ​ကြား​ရ​ဖူး​သ​ဖြင့် ကျွန်ုပ်၏ အကဲ​ဖြတ်​မှန်ကန်​ခြင်း အတွက် ဝမ်းသာ​ခဲ့​ဖူး​၏။

ဂရိတ်​မဲန်​ဟူ​သော စကား

ကိုယ်​ကျင့်​တရား​နှင့် ပတ်သက်​၍ အနောက်​တိုင်း​သား​များ​၏ သိ​တတ်​ခြင်း​တစ်​ခု တင်ပြ​လို​သေး​၏။ ၎င်း​တို့​သည် (Great Man) ‘ဂရိတ်​မဲန်’ဟူ​သော ဝေါဟာရ အသုံး​အနှုန်း​တစ်​ခု တီထွင်​ထား​ကြ​ရာ အဓိပ္ပါယ်​မှာ ‘လူကြီး’ဟူ၍ ပြန်ဆို​ရ​မည်​ဖြစ်သော်​လည်း လူ​ဦးရေ တစ်​သိန်း​တစ်​သန်း​တွင်​မှ တစ်ယောက်တလေ ရှိ​တတ်​ခြင်း ဖြစ်​သော​ကြောင့် လုံလောက်​သော အနက်​သဘော ပေါ်လွင်​စေ​မည် မဟုတ်​ချေ။ ‘ဂရိတ်​မဲန်’ ဆို​ရာ​၌ ရာထူး၊ ဌာ​နန္တ​ရ ကြီးမြင့်​ခြင်း ဟူ၍​ချည်း ဆိုလို​သည်မ​ဟုတ်၊ လူ​သာ​မာန်​တို့​နှင့် မ​တူ​အောင် စိတ်​နေ​သဘောထား ကြီးရင့်​ခြင်း​ကို ဆိုလို​သည်။ အင်္ဂလိပ်​စာရေး​ဆရာ​ကြီး​များ​အနက်​တွင် ဒေါက်​တာ​ဂျွန်​ဆင် (Dr. Johnson)အား ‘ဂရိတ်​မဲန်’ဟူ၍ သမုတ်​ကြ​ရာ ဘော်​စွယ်လ်​ရေးသား​သည့် ဂျွန်​ဆင်​၏ အတ္ထုပ္ပတ္တိ​ကို ဖတ်​ရ​သူ​များ​သည် ‘ဂရိတ်​မဲန်’ဟူ​သော အင်္ဂလိပ်​အသုံး​အနှုန်း​၏ အဓိပ္ပါယ်​ပါ​လှ​ခြင်း​ကို ခန့်​မှန်း​နိုင်​ကြ​ပေ​လိမ့်​မည်။

နီး​ကပ်​သူ​များ​ရှိ​ခြင်း

ကျွန်ုပ်သည် လူ​ချင်း ပေါင်းသင်း​ဆက်ဆံ​သည့်​အခါ ထို​သူ​၏ စိတ်​နေ​သဘောထား​နှင့် ပတ်သက်​ရာ အမှတ်မဲ့​မ​နေ​ဘဲ သတိ​နှင့် စောင့်​ကြည့်​တတ်​သော အလေ့​ရှိ​ရာ ကျွန်ုပ်၏ တစ်​သက်​တာ​တွင် ‘ဂရိတ်​မဲန်’ဟူ၍ များ⁠များ​ကြီး မ​တွေ့​ခဲ့​ရ​ဖူး​ချေ။ ကျွန်ုပ်၏ မွေးသဖခင်​၌ ‘ဂရိတ်​မဲန်’၏ အရည်အချင်း​တချို့​တ​လေ ပါရှိ​သည်​ဟု​ဆို​လျှင် ‘ကိုယ့်​ငါး​ချင် ကိုယ်​ချင်​သည်’ဟု ဆို​ဖွယ်ရာ​ဖြစ်​နေ​၏။ မည်သို့​ဆို​စေ ကျွန်ုပ်​ထက် အများ​ကြီး နီး​ကပ်​သည်​ဟူ၍​ကား ရဲ⁠ရဲ​ကြီး​ပြော​ဝံ့​သည်။ ကျွန်ုပ်​ပေါင်းသင်း ဆက်ဆံ​ခဲ့​ဘူး​သ​မျှ​တွင် ‘ဂရိတ်​မဲန်’နှင့် အနီး​ကပ်​ဆုံး​သော ပုဂ္ဂိုလ်​သည်ကား ဆရာ​ကြီး သခင်​ကိုယ်တော်​မှိုင်း​ပင် ဖြစ်​ပေ​သည်။

စိတ်သဘော​ထား​ပြည့်ဝသူ

‘ဂျန်​တလ်​မဲန်’၊’ထ​ရူး​ဂျန်​တယ်​မဲန်’၊’ဂရိတ်​မဲန်’ ဟူ​သော အင်္ဂလိပ် အခေါ်​အဝေါ်​များ​နှင့် အဓိပ္ပါယ်​ညီတူ​သော မြန်မာ​စကားလုံး မ​ရှာ​တတ်​သည့်​အတွက်​ကြောင့် မူရင်း​အခေါ်​အဝေါ်​အတိုင်း သုံး​နှုန်း​ခဲ့​ရ​သည်​ဖြစ်​ရာ မြန်မာ​အခေါ်​အဝေါ် အား​ဖြင့် အကောင်း​ဆုံး​သော အရည်အချင်း​မှာ စိတ်သဘော​ထား ပြည့်​ဝ​ခြင်း​ဟု ဆို​လျှင် မှန်​မည်​လော မ​ပြော​တတ်​ချေ။ ဤ​စကားလုံး​၌​လည်း တည့်မတ်​ခြင်း၊ ရိုးသား​ခြင်း၊ မှန်ကန်​ခြင်း၊ သည်းခံ​တတ်​ခြင်း၊ ကိုယ်​ခြင်း​စာတတ်​ခြင်း တည်း​ဟူ​သော အရည်အချင်း​များ ပါဝင်​လျက်​ရှိ​သည်။ ဤ​စာ​ကို ဖတ်​သော​သူ​သည် အထက်​ပါ​အရည်အချင်း​များ​နှင့် ပြည့်စုံ​ပါ​ပေ​သည်​ဟု စိတ်ချ​လက်ချ ယုံကြည်​ရ​သော ပုဂ္ဂိုလ်​ဘယ်နှစ်​ဦး​များ တွေ့​ဖူး​ပါ​သ​နည်း။

ကြီးကျယ်​သော​အရည်အချင်း

ငါးပါးသီလ လုံခြုံ​ပါ​သည်​ဟု ကျမ်းရွက်​၍ ပြော​ဝံ့​သူ​များ ရှိ​ချင်​ရှိ​မည်။ ငါးပါးသီလ လုံ​ရုံ​မျှ​နှင့်​လည်း ‘စိတ်သဘော​ထား ပြည့်ဝသူ’ တစ်​ယောက် ဖြစ်လာ​သေး​သည် မဟုတ်​ချေ။ (စင်စစ်​မှာ ငါးပါးသီလ လုံခြုံ​ပါ​သည်​ဟု ပြော​ဝံ့​ကြ​သော လူ​များ​သည် သေ​အရက်​မ​သောက်​ခြင်း တစ်​ခု​တည်း​ကို အခိုင်​အမာ​လုပ်​၍ ပြော​ကြ​ခြင်း​ဖြစ်​သည်။) သင်္ကန်းဝတ်​တိုင်း​လည်း ‘စိတ်သဘော​ထား ပြည့်ဝသူ’ ဖြစ်လာ​သည် မဟုတ်​သေး​ချေ။ အဘယ်​ကြောင့်​ဆိုသော် ရ​ဟန်းတော်​များ အနက်​တွင်​လည်း အဘယ်​ပုဂ္ဂိုလ်​သည် စိတ်သဘော​ထား ပြည့်​ဝ​ပေ​သည်​ဟု ၎င်း​တို့​အချင်းချင်း သိ​ကြ​သည် ဖြစ်​ပေ​သော​ကြောင့်​တည်း။ ယင်းသို့​ဆို​လျှင် ‘စိတ်သဘော​ထား ပြည့်​ဝ​ခြင်း’ သည် အတော်​ကြီးကျယ်​သော အရည်အချင်း​ပါ​ပေ​တကား။

ခဲယဉ်း​သော​အရာ

မ​ကြီးကျယ်​ဘဲ ရှိ​မည်​လော ‘စိတ်သဘော​ထား​ပြည့်​ဝ’ ဖို့​မှာ ဝန်ကြီး​ဖြစ်​ဖို့​ထက်​လည်း ခဲယဉ်း​၏။ သူဌေး​ဖြစ်​ဖို့​ထက်​လည်း ခဲယဉ်း​၏။ ရဟန်းပြု​ဖို့​ထက်​လည်း ခဲယဉ်း​လှ​သည်။ သူဌေး ဖြစ်​ဖို့​မှာ အင်​ပို့​လိုင်စင်​ရအောင် လှော်​ခတ် တတ်​လျင် ဖြစ်​နိုင်​၏။ ဤ​ဘဝ​၌ မ​ဖြစ်​နိုင်​လျှင်​လည်း ဒါန​မျိုးစေ့​ကလေး ချ​ပြီး နောင်​ဘဝ​တွင်​ဖြစ်​ဖို့ မျှော်လင့်​နိုင်​၏။ ရဟန်းပြု​ဖို့​မှာ​လည်း (ဒုလ္လ​ဘ ရ​ခဲ​သည် ဆို​စေ​ကာ​မူ) ဤ​ခေတ်​တွင် နက်ဖြန်​သန်ဘက် လူထွက်​မည်​အကြံ​နှင့် ယနေ့​ဝတ်​နိုင်​လျှင် ယနေ့​ဖြစ်​နိုင်​သည်​အထိ လွယ်ကူ​လျက်​ရှိ​လေ​ပြီ။ စိတ်သဘော​ထား ပြည့်​ဝ​ဖို့​မူကား (ကျွန်ုပ်၏ ယုံကြည်​ချက်​အရ) တစ်​ဘဝ နှစ်​ဘဝ​နှင့် ဖြစ်​နိုင်​သော အခြင်းအရာ မဟုတ်​ချေ။

တွေ့​ရ​ခဲ​လှ​သည်

ဤ​စာ​ကို ဖတ်​သော​သူ​သည် ပတ်ဝန်းကျင်​ကို လှမ်းမျှော်​ကြည့်​လိုက်​သည့်​အခါ စိတ်သဘော​ထား ပြည့်ဝသူ တစ်ယောက်တလေ တွေ့​ရ​တိုင်း အသင့်​အတင့် လူ​ရာ​ထောင်​နှင့် သဘောထား သေး​သိမ်​ညံ့​ဖျင်း​သူ​အချို့​ကို တွေ့​ရ​ပေ​လိမ့်​မည်။ ဤ​ဘဝ​၌ လူ​မွဲ​ဖြစ်သော်​လည်း မ​ကြာ​မီ (ထီပေါက်​၍ ဖြစ်​စေ၊ အခြား​နည်း​အား​ဖြင့် ဖြစ်​စေ) သူဌေး​ဖြစ်​သွား​သူ​များ​ကို တွေ့​နိုင်​သည်။ သို့​တည်း​မဟုတ် နောင်​ဘဝ​တွင် နတ်ပြည်​ရောက်​သည်​အထိ စည်းစိမ်​ဖြင့် တက်​သွား​သော ပုဂ္ဂိုလ်​များ ရှိ​သည်​ဟု စာဆို​ရှိ​၍ ယုံ​လည်း​ယုံ​ထိုက်​သည်။ သို့ရာတွင် သဘောထား​နုပ်​ဖဲ့ သေး​သိမ်​သူ​တစ်​ယောက် အဖြစ်​မှ သဘောထား​ပြည့်ဝသူ တစ်​ယောက် ဖြစ်လာ​သည်မှာ မည်​မျှ​ခဲယဉ်း​သည် ထင်​သ​နည်း။ အမှတ်မဲ့ နေ​သူ​များ​အဖို့​မှာ ကမ္ဘာ​အသင်္ချေ​ကြာသော်​လည်း ဖြစ်​ဖို့​ခဲယဉ်း​လှ​သေး​သည်။ သို့မဟုတ်​ခဲ့​လျှင် အစ​မ​ထင်​သော ဘဝ​သံသရာ​မှ ဖြစ်လာ​ကြ​သော သတ္တဝါ​တွေ​ချည်း ဖြစ်​သော​ကြောင့် ယခု​လောက်​ကြာ​လျှင် စိတ်သဘော​ထား ပြည့်ဝသူ​တွေ​ချည်း ဖြစ်​ကုန်​လောက်​သင့်​ပေ​ပြီ။

ရင့်​ချည်​နု​ချည် မ​ဖြစ်​နိုင်

ကာ​မာ​ဝ​စ​ရ​ကုသိုလ်​ကံ အကျိုး​ပေး​အလျောက် လူ​ဖြစ်​လိုက်၊ နတ်​ဖြစ်​လိုက်၊ ခွေး​ဖြစ်​လိုက်၊ မြင့်​ချည်​နိမ့်​ချည် ဖြစ်​တတ်​ကြသော်​လည်း တစ်​ခု​သော သတ္တဝါ​သည် စိတ်သဘော​ထား ပြည့်​ဝ​ချည်​တစ်​ခါ၊ သိမ်​ဖျင်း​ယုတ်ညံ့​ချည် တစ်​လှည့် ဟူ၍ မ​ဖြစ်​စ​ကောင်း​ချေ။ သို့​ဆို​လျှင် ‘ပါရမီ’ ဟူ​သော စကား​သည် အဓိပ္ပာယ်​မ​ရှိ​ဘဲ ဖြစ်​သွား​ရ​ပေ​တော့​မည်။ အလောင်းတော်​ကိုယ်တိုင် လေး​သင်္ချေ​နှင့် ကမ္ဘာ​တစ်​သိန်း​မျှ ပါရမီ ဖြည့်တော်​မူ​ခဲ့​ရ​သည့်​အတွင်း ခွေး၊ ဝက်၊ ကြွက်၊ ကြက် စ​သည့် တိရစ္ဆာန်​ဘဝ​များ​သို့ လျှော​ဆင့်​ချည်​တစ်​ခါ၊ ဗြဟ္မာ၊ သိကြား၊ နတ်​သား​နှင့် စကြာ​ဝ​တေး​မင်း ဖြစ်​ချည်​တစ်​ခါ နိမ့်​ချည်​မြင့်​ချည်​ဖြစ်​ခဲ့​ရသော်​လည်း ပါရမီ​မူကား ဒီ​ပင်္က​ရာ​မြတ်​စွာ​ဘုရား လက်​ထက်တော်​၌ သု​မေ​ဓာ​ရှင်​ရသေ့​ဘဝ​မှ​သည် သိဒ္ဓတ္ထ​မင်းသား​ဘဝ​သို့​တိုင်အောင် တ​ဖြည်း​ဖြည်း ရင့်​သည်​ထက်​ရင့်​လျက် လာ​သည်​ဟု ယူ​ရ​ပေ​လိမ့်​မည်။ အဘယ်​ကြောင့်​ဆိုသော် ပါရမီ​ဟူ​သည်မှာ နု​ချည်​ရင့်​ချည် မ​ဖြစ်​သင့်​သော​ကြောင့်​ပေ​တည်း။ သို့​ဆို​လျှင် ဖြည့်တင်း​ရ​ခြင်း​အတွက် အားရှိ​စရာ မဟုတ်​တော့​ချေ။

တ​ဖြည်း⁠ဖြည်း​တက်​ရ​သည်

ပါရမီ​ဟူ​သည်မှာ (ဗုဒ္ဓ​ဘာသာ​ကို ယုံကြည်​သူ​ဖြစ်​ခဲ့​လျှင်) သတ္တဝါ​တိုင်း ဖြည့်​ရ​သည့် ဝတ္တရား​ဖြစ်​သည်​ဟု လက်ခံ​မှ ဖြစ်​လိမ့်​မည်။ သမ္မာ​သံ​ဗုဒ္ဓ​တစ်​ဆူ ဖြစ်​လို​သူ​အတွက် လေး​သင်္ချေ​နှင့် ကမ္ဘာ​တစ်​သိန်း၊ ပစ္စေကဗုဒ္ဓ ဖြစ်​လို​သူ​အတွက် တစ်​သင်္ချေ​နှင့် ကမ္ဘာ​တစ်​သိန်း၊ အဂ္ဂသာဝက ဖြစ်​လို​သူ​အတွက် ကမ္ဘာ​တစ်​သိန်း ဟူ၍ စာဆို​ရှိ​ပေ​ရာ ပကတိ​လူ​များ​အတွက်​မှာ ကမ္ဘာ​အရေအတွက် အတိ​အကျ သတ်​မှတ်ထား​ခြင်း မ​ရှိသော်​လည်း ဖြည့်​ဖို့​လို​ခြင်း​ကား မုချ​ဖြစ်​၏။ ပန်း​တစ်​ပွင့်​လှူ​ခြင်း​ကြောင့် နတ်ပြည်​ရောက်​သည်​ဆို​သော ဝတ္ထု​သက်သေ​များ ရှိသော်​လည်း ပါရမီ ရင့်​ကျက်​ဖို့ ဟူ​သည်မှာ ကာ​မာ​ဝ​စ​ရ ကုသိုလ်​ပြု​ခြင်း​မျိုး​ကဲ့သို့ လွယ်ကူ​သည်မ​ဟုတ်၊ ဗြုန်း⁠ဗြုန်း​ဒိုင်း​ဒိုင်း ဖြစ်​နိုင်​သော ကိစ္စ​မျိုး​လည်း မဟုတ်​ချေ။

စိတ်​ညွတ်​ခြင်း

ကောင်း​ပါ​ပြီ၊ ပါရမီ ရင့်​ကျက်​အောင် ဖြည့်​ဖို့​လို​အပ်​သည်​ဆို​လျှင် မည်သို့ ကိစ္စ​ရှိ​ပါ​သ​နည်း​ဟု မေး​ငြား​အံ့။ ရှေးဦးစွာ မည်​သည့်​အခြင်းအရာ​သည် မြတ်​သည်​ဟု သဘောပေါက်​နားလည်​အောင် ကြိုးစား​ရ​ပေ​လိမ့်​မည်။ ပိုက်ဆံ​ပေါ​ခြင်း​သည် ကောင်း​၏၊ ထင်ပေါ်ကျော်​စော​ခြင်း၊ တန်ခိုးကြီး​ခြင်း၊ ရာထူး​ဌာ​နန္တ​ရ ကြီး​ခြင်း၊ ဩဇာ​တိက္က​မ​နှင့် ပြည့်စုံ​ခြင်း စ​သော အခြင်းအရာ​များ​သည် ကောင်း​၏​ဟု လူ​တိုင်း​နားလည်​၍ လူ​တိုင်း တောင့်တ​ကြသော်​လည်း စိတ်သဘော​ထား​ပြည့်​ဝ​ခြင်း​သည် သာ​၍​ကောင်း​၏​ဟူ၍ လူ​တိုင်း နား​မ​လည်​ချေ။ သတ္တဝါ​သည် တောင့်တ​သော (စိတ်​ညွတ်​သော) အခြင်းအရာ​ကို တစ်​နေ့⁠နေ့​တွင် ရတတ်​သော သ​ဘာ​ဝ​ရှိ​၏။ ပစ္စေကဗုဒ္ဓ​အား တစ်​စုံ​တစ်​ခု ပေး​လှူ​ပြီး ဆုတောင်း​သည့်​အခါ တောင်း​သော​ဆု​အတိုင်း ပြည့်စုံ​သည်​ဟု စာဆို​ရှိ​၏။ အလကား​တောင်း​၍​ကား မ​ရ​ချေ။ သ​ဘာ​ဝ​ဥပဒေ Natural Law အရ​မှာ ကောင်းမှု​တစ်​ခု ပြု​တိုင်း​ပြု​တိုင်း ဆန္ဒ​ပြည့်စုံ​စေ​ဖို့ အကျိုး​ပေး​တတ်​သည်​ဖြစ်​ရာ ပစ္စေကဗုဒ္ဓ​နှင့် မ​ကြုံကြိုက်​၍ ချက်ချင်း သို့မဟုတ် လျင်မြန်​စွာ အကျိုး​မ​ပေး​လျင်​သာ ရှိ​ရ​မည်။ ကောင်းမှု​ပြု​သူ​၏ စိတ်​၌ ညွတ်​ထား​သော အခြင်းအရာ​မူကား တစ်​နေ့​တွင် ပြည့်စုံ​တတ်​၏။ ဥပမာ လူ​တစ်​ယောက်​သည် အဆင်းလှ​ခြင်း​ကို အထူး​လိုလား​တောင့်တ​သည် ဆို​အံ့။ အဆင်းလှ​သော​ပန်း အစ​ရှိ​သည့် လှူ​ဖွယ် ဝတ္ထု​မျိုး​ကို လှူ​ချင်​တတ်​၍ တမလွန်​ဘဝ​၌ အဆင်းလှ​သူ​တစ်​ယောက် ဖြစ်လာ​ဖို့​လမ်း ရှိ​သည်။ သူ​၏​နှုတ်​မှ ဖွင့်​ဟ​၍ ဆုတောင်း​ဖို့ သတိ​မ​ရ​လျှင် ရှိ​သော​စိတ်​ထဲ​၌ အခါ​ခပ်သိမ်း ညွတ်​ပြီး​ဖြစ်​၍ ဆုတောင်း​ပြီး ဖြစ်​နေ​တော့​သည်။

ရွေး​တတ်​ဖို့​လို​ခြင်း

ထို​နည်းတူ​စွာ စိတ်သဘော​ထား​ပြည့်​ဝ​ခြင်း​ကို လိုလား​ရ​ကောင်း​မှန်း သိ​၍ စိတ်​ထဲ​၌ အမြဲ​ညွတ်​သော လူ​တစ်​ယောက်​သည် စိတ်သဘော​ထား ပြည့်​ဝ​သော ပုဂ္ဂိုလ်​မျိုး​နှင့် တွေ့​ဆုံ​သည့်​အခါ ကြည်ညို​လေးစား​သော စိတ်​မျိုး အလို​အလျှောက် ဖြစ်ပေါ်​၏။ (ပိုက်ဆံ​ပေါ​ခြင်း​ကို အဟုတ်​ကြီး​ထင်​သော လူ​တစ်​ယောက်​သည် သူဌေး​ကို မြင်​သည့်​အခါ အလို​အလျောက် ဒူး​ချ​သကဲ့သို့​ပင်) စိတ်သဘော​ထား​ပြည့်​ဝ​ခြင်း​၏ မွန်​မြတ်​သော​အဖြစ်​ကို နားလည်​၍ စိတ်​ထဲ​၌ ညွတ်​သော လူ​တစ်​ယောက်​သည် မည်​သည့်​ကောင်းမှု​ကုသိုလ်​မျိုး ပြုလုပ်​သည်​ဖြစ်​စေ၊ ပါး​စပ်​မှ ဖွင့်​ဟ​၍ ဆု​မ​တောင်း​မိ​စေ​ကာ​မူ​လည်း အခါ​ခပ်သိမ်း ညွတ်​ထား​သော​စိတ်​၏ သတ္တိ​ကြောင့် စိတ်သဘော​ထား ပြည့်ဝသူ​တစ်​ယောက် ဖြစ်လာ​စေ​ဖို့ ပါရမီ ဖြည့်​လျက်​သား ဖြစ်​နေ​တော့​သည်။ ထို့​ကြောင့် ရှေးဦးစွာ လို​အပ်​သော အရာ​မှာ ကောင်းမြတ်​ရာ​ကို ရွေးချယ်​တတ်​ဖို့​ပင် ဖြစ်​သည်။

တစ်​ဆင့်​တက်​ခြင်း

စိတ်သဘော​ထား ပြည့်ဝသူ​တစ်​ယောက် အနေ​ဖြင့် သံသရာ​လည်​ရ​မည်​ဆို​လျှင် အပါယ်​ကို​ကျ​ဖို့ ‘သူ​ငါ​က​စ’ လူ​များ​ထက် အလှည့်​နည်း​မည် ဖြစ်သော်​လည်း မ​လွတ်မြောက်​မ​ချင်း စိတ်ချ​ရ​သည်မ​ဟုတ်​ချေ။ ထို့​ကြောင့် တစ်​ဆင့်​တက်​၍ ပါရမီ​ဖြည့်​ဖို့ လို​သေး​၏။ ဗုဒ္ဓ​ဘာသာ​ဝင်​များ​သည် ငယ်​စဉ်​ကတည်းက ကျက်​မှတ်ထား​သော ဘုရားရှိခိုး​ထဲ​တွင် ‘မဂ်​တရား ဖိုလ်​တရား နိဗ္ဗာန်​တ​ရားတော်​မြတ်​ကို ရ​လို​ပါ​၏ အရှင်ဘုရား’ ဟူ၍ ပါရှိ​သော​ကြောင့်  ဘုရားရှိခိုး​တိုင်း ရွတ်​ဆို​တတ်​ကြ​၏။ သို့သော် နိဗ္ဗာန်​ကို လိုချင်​ရ​ကောင်း​မှန်း အဟုတ်​တကယ်​သိ​သော ပုဂ္ဂိုလ်​ဟူ၍ ရှားပါး​လှ​သည်။ မည်​သည့်​နည်း​နှင့်​မ​ဆို လောက​၌ တစ်​နည်း​နည်း ကြီးပွား​ရ​ခြင်း​နှင့် အလားတူ​စွာ လိုလား​တောင့်တ​သူ ရှား​ပါ​လှ​သည်။ သို့​ဖြစ်​၍ နိဗ္ဗာန်​ရ​ဖို့ အသာ​ထား​ပြီး နိဗ္ဗာန်​ချမ်းသာ​ကို လိုလား​ရ​ကောင်း​မှန်း သိ​သော​သူ​၏ အဖြစ်​သို့ ရောက်​အောင် ရှေးဦးစွာ ပါရမီ​ဖြည့်​ဖို့ လို​ပေ​သေး​သည်။  မိမိ​ကိုယ်တိုင် အား​မ​ထုတ်​နိုင်​သေး​လျှင် ရှိ​စေ၊ အားထုတ်​သူ​များ​အတွက် ဝမ်းမြောက်​အား​ကြ​၍ အားထုတ်​သူ​များ​အား အားပေး​အား​မြှောက် ပြုဖော်​ရ​လျှင် ပါရမီရင့်​ဖို့ အထောက်​အပင့် ဖြစ်​လောက်​ပေ​ပြီ။ အားထုတ်​သူ​များ​အား လှောင်​ချင်​ပြောင်​ချင် တတ်​သော လူ​စား​မျိုး​ကား ကာ​မာ​ဝ​စ​ရ ကုသိုလ်​ကံ​အကျိုး​ပေး​ခိုက်​ဖြစ်​၍ မည်​မျှ​လောက် ကြီးပွား​ထွန်းကား​စေ​ကာ​မူ သံသရာ​ဝဋ်​မှ လွတ်မြောက်​ဖို့ ခရီး​ကွာ​လှမ်း​လှ​သေး​သည်။

နိဂုံး​ချုပ်

လိုရင်း​အချုပ်​၌ ဗုဒ္ဓ​သာ​သ​နာတော်​အတွင်း ဗုဒ္ဓ​ဘာသာ ထွန်းကား​သော တိုင်း​ပြည်​၌ လူ​ဖြစ်​ကြ​ရသ​ဖြင့် အလွန်​ကံကောင်း​သည်​ဟု ဆို​အပ်​သော မြန်မာ​လူ​မျိုး​များ​သည် အလှူ​ပေး​ခြင်း၊ ဝါတွင်း​၌ ဥ​ပုတ်​သီတင်း​စောင့်​ခြင်း​မျှ လောက်​နှင့် ရောင့်ရဲ​တင်းတိမ် မ​နေ​ကြ​မူ​၍ ပါရမီရင့်​ကျက်​ဖို့ အတွက်​လည်း ကြိုးစား​ရ​ကောင်း​မှန်း သိ​သင့်​ကြ​ပေ​သည်။ အနောက်​တိုင်း​သား​များ​သည် ဂျန်​တလ်​မဲန်​ဖြစ်​ဖို့ ကြိုးစား​ရ​ကောင်း​မှန်း သိ​တတ်​ကြ​သကဲ့သို့ မြန်မာ​လူ​မျိုး​သည်​လည်း စိတ်သဘော​ထား​ပြည့်​ဝ​သော​သူ​၏ အဖြစ်​သို့ ရောက်​အောင် ကြိုးစား​ရ​ကောင်း​မှန်း​သိ​သူ နည်းပါး​သေး​သည်မှာ ဝမ်းနည်း​ဖို့ ကောင်း​လှ​သည်။ ထို့​ကြောင့်​လည်း မှန်ကန်​သော ဗုဒ္ဓ​ဝါ​ဒီ​များ​ဆို​ပါ​လျက် အခြား​တိုင်းပြည်သား​များ​၏ အထင်ကြီး​ခြင်း​မ​ခံ​ရ​ဘဲ ရှိ​၏။ သို့​ဖြစ်​၍ ဤ​စာ​ကို ဖတ်​ရှု​သော​သင်​အား ဤ​အချိန်​မှ​စ​၍ စိတ်သဘော​ထား ပြည့်ဝသူ တစ်​ယောက်​ဖြစ်​အောင် ကြိုးစား​ပါ​တော့​မည်​ဟု သန္နိဌာန်ချ​ပြီး​လျှင် တစ်​နှစ်​ထက်​တစ်​နှစ် တိုးတက်​ခြင်း​ရှိ​ပါ​၏​လော​ဟု မိမိ​ကိုယ်​ကို စစ်ဆေး​ကြည့်​ရှု​ဖို့ တိုက်တွန်း​အပ်​ပါ​သ​တည်း။        ။

ရွှေဥဒေါင်း

လူ​ဖြစ်​ရ​ကြိုး​နပ်​ပါ​စေ​နှင့် အခြား​အတွေး​အမြင်​ဆောင်းပါး​များ

စိတ်ကူး​ချို⁠ချို​အနု​ပညာ

၂​၀⁠၀​၅ ခု​နှစ်၊ အောက်တိုဘာ​လ။ ပထမ အကြိမ်။

လူတွေ
ဩော် လူတွေ လူတွေ တယ်ခက်ပါလား

နဲနဲ အလျှော့ပေးရင် သူတို့က စွတ်အသားယူ၊ နေရာတကာ ပါဝါပြ၊ ကောင်းတော့ကောင်းနေပြီ။

အောက်လူ ကလည်း အောက်ကမို့

အလယ်လူ ကလည်း အလယ်ကမို့

အပေါ်လူ ကလည်း အပေါ်ကမို့

တယ်ခက်ပါလား