seeing about our error

အရင်တုန်းက မစဉ်းစားမိတာတွေကို အခု လက်တွေ့လုပ်ကြည့်တဲ့ အခါ စဉ်းစားလာရတယ်။ “ဒီလောက်တော့ ကိစ္စမရှိ ပါဘူးလေ” လို့ထင်ထားတာတွေက အလေးထားရမယ့် ဟာတွေ ဖြစ်နေတာလည်း တွေ့တယ်။ fermentation ဆိုတာ တစ်ကယ်တော့ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးတွေကို မွေးမြူရေး လုပ်တာပဲ၊ ဒီတော့ သန့်ရှင်းရေးဟာ တစ်ကယ်ကို အရေးကြီးတာ တွေ့တယ်။ ကိုယ်သတိမထားမိတဲ့ နေရာလေးက infection ဝင်ပြီး ပြဿနာတက်နိုင်တယ်။ သူတို့ကြိုက်တဲ့ အပူချိန်ကအစ ဂရုစိုက် ထိန်းသိမ်းပေးရမယ်။အပြင်က စိမ်ရည်ကို ပျက်စေမယ့် အကြောင်းအရာ တစ်ခုမှ မရှိအောင်လုပ်နိုင်ရင် အကောင်းဆုံးပဲ။

Fermentation

စိမ်ရည်နဲ့ ပါတ်သက်ပြီး ဘာတွေ ဘယ်လိုဆိုတာ အသေးစိတ် မဟုတ်တောင် တတ်နိုင်သ၍ မှတ်ထားဖို့ ဒီ post ကိုရေးတယ်။ အလေးထား ရမယ့် အချက်တွေကို မီးမောင်းထိုးပြနိုင်မလား၊ ငါ နားကော လည်သလား၊ အသေးစိတ်ကော သိပြီလား။

  1. liquification
  2. scarification
  3. fermentation