စိန်မြေဧကပေါင်းများစွာ
အမေရိကန်ပြည်သား လူငယ်မြင့်တင်ရေး သမားကြီး Russell Herman Conwell ၏ Acres of Diamonds အမည်ရှိ ဟောပြောချက်ကို မြန်မာလေဖြင့် ဘာသာပြန်သည်။ Continue reading
အမေရိကန်ပြည်သား လူငယ်မြင့်တင်ရေး သမားကြီး Russell Herman Conwell ၏ Acres of Diamonds အမည်ရှိ ဟောပြောချက်ကို မြန်မာလေဖြင့် ဘာသာပြန်သည်။ Continue reading
ဆရာ မြင့်သိန်း(ရန်ကုန်တက္ကသိုလ်) ရေးသားပြီး ၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလက ထုတ်ဝေတဲ့ စာအုပ်လေးပါ။ ရှေးခေတ်ကနေ ဆိုရှယ်လစ်ခေတ်အထိ အုပ်ချုပ်ရေး စံနစ်အမျိုးမျိုးကို ရေးသားဖော်ပြထားတာ တွေ့ရတယ်။ Continue reading
“E.HOWARD HUNT” ရဲ့ “The GAZA intercept” ကို “ဇင်သန့်”က “ဝိရောဓိ ပုံဆောင်ခဲ” ဆိုပြီး ဘာသာပြန်ထားတယ်။ ဘာသာပြန်စာအုပ်ထဲမှာ ၂၀၀၉ မှာထုတ်ပြီး ပထမအကြိမ်ရိုက် ဖတ်ရတဲ့ အထဲမှာ ဒုတိယအုပ်ပေါ့။ ပထမစာအုပ်က သွေးနဲ့ရေနံ လေ။
Michael Klare ရေးတဲ့ Blood and Oil ကို စာရေးဆရာ ရဲတင့်က သွေးနှင့်ရေနံ ဆိုပြီး ဘာသာပြန်ထားတယ်။ ရေနံအပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဘယ်လောက် အလေးထားတယ်၊ ဘယ်လို အရေးယူမှုတွေ ဆောင်ရွက်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ အမေရိကန်ပြည်ထောင်စု ရဲ့ ရေနံ အသုံးဟာ တစ်နေ့ထက် တစ်နေ့ ပိုပို များလာတော့ ပြည်ပကနေ ပိုသွင်းလာရတယ်၊ ဒါ့အပြင် ရေနံနိုင်ငံတွေကို အခွင့်ထူးခံ အဖြစ်သတ်မှတ်လာရတယ်။ ဥပမာ ဆော်ဒီ။ ရေနံအပေါ် အလေးထားတဲ့ စစ်တွေ ဆင်နွဲလာရတယ်။ ဥပမာ အီရတ်။
ဖတ်ရင်းနဲ့ စဉ်းစားမိတာက မြန်မာနိုင်ငံကို ပိတ်ဆို့ထားတဲ့ အမေရိကန်ပြည်ထောင်စုက ရေနံကုမ္ပဏီကြီးတွေ မြန်မာနဲ့ ပင်လယ်ပြင်ရေပိုင်နက် အငြင်းပွားနေတဲ့ ဘင်ဂလားဒေ့ရှ် မှာ ကမ်းလွန်ရေနံ လုပ်ကွက်အသစ်တွေ လာရင်းနှီးမြုပ်နှံ တာက ဒီလိုကြောင့်ကိုး။
ဒီအတိုင်းဆို အမေရိကန်ပြည်ထောင်စု အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသ ပင်လယ်ကွေ့ဒေသ တွေကနေ ရေနံကို လုံခြုံချောမွေ့စွာ သယ်ဆောင် အသုံးပြုနိုင်ဖို့ သမ္မတအဆက်ဆက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြတယ်လို့ ဆိုရမယ်။ ပင်လယ်ကွေ့ဒေသကို အထူးအလေးထား ပြီး ရေနံနဲ့ ပါတ်သက်ကမျှ အကုန်လုပ်ခဲ့တယ်။ အီရတ်ဟာ နမူနာပေါ့။ အီရန်ကိုလည်း အမေရိကန် အကျိုးလိုလားတဲ့ အစိုးရသာ တက်စေချင်တယ်။ ဒါပေမယ့် မဖြစ်နိုင်ခဲ့။ ပင်လယ်ကွေ့က မရရင် ဘာလုပ်ရမယ် စဉ်းစားလာကြတယ်။ ဒီနောက် alternative eight ကို ၂၀၀၁ မှာ ထုတ်ပြန်ကြေငြာခဲ့တယ်။ မက္ကဆီကို၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ရုရှား၊ အဇာဘိုင်ဂျန်၊ နိုင်ဂျီးရီးယား နဲ့ အင်ဂိုလာ နိုင်ငံတွေပေါ့။ဒီနိုင်ငံတွေကနေ နောင်တစ်ချိန်မှာ အမေရိကန်ကို ရေနံတင်ပို့နိုင်ဖို့ စဉ်းစားခဲ့ကြတယ်။ ဒါပေမယ့် အဲဒီနိုင်ငံ တွေမှာ ပြည်တွင်းသုံးစွဲမှု မြင့်တက်လာတာ၊ အသုံးများပြီး ခန်းခြောက်လာတဲ့ ရေနံတွင်းတွေရှိလာတာတွေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆန့်ကျင်လာတာတွေကြောင့် အမေရိကန်ရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းဖို့ မဖြစ်နိုင်ပဲ ဖြစ်လာတယ်။
တစ်ခါ တစ်ဖြည်းဖြည်း ရေနံအသုံးတက်လာပြီး စီးပွားရေးလည်း ကောင်းလာတဲ့ တရုတ်ကို အလေးထား လာရတယ်။ တရုတ်နဲ့ အပြိုင် ရေနံဝယ်ယူဖို့ ဖြစ်လာတယ်။ ပထဝီနိုင်ငံရေး အရ အရေးပါလာတဲ့ နေရာတွေ၊ နိုင်ငံတွေကို ထည့်စဉ်းစားလာရတယ်။ နှစ်ဖက်လုံးက ဘယ်လိုပဲ ဖြစ်ဖြစ် ဩဇာညောင်းဖို့ လုပ်လာကြတယ်။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ ဘိတ်စ်ဂီးလ်နှင့် မက်သယူးအိုရက်စ်မန်းတို့က ‘ဝါရှင်တန်နှင့် ပေကျင်းသည် ဒေသအတွင်း ဩဇာလွှမ်းအောင် အားပြိုင်ရင်း ၎င်းတို့၏ ဦးစားပေး လုပ်ငန်းများသည် လုံခြုံရေးပြဿနာထက် ချက်ချင်းကျော်လွန်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံ အဆင့်ဖြစ်ရေးအတွက် ဖွံ့ဖြိုးရေး၊ စွမ်းအင်ထုတ်လုပ် အသုံးချရေးအထိ ကျယ်ပြန့်သွားနိုင်သည်ဟု ဝေဖန်သုံးသပ်ကြသည်။’
ဆက်ဖတ်နေတုန်းပဲ
အိမ်မှာ ဟိုနေရာမွှေ ဒီနေရာမွှေနဲ့ ပြန်ဖတ်ချင်တဲ့ စာအုပ်တွေ တွေ့ရတယ်။ ဒါအပြင် ဝယ်မယ် စဉ်းစားတဲ့ စာအုပ်တွေလည်း ရှိတယ်။ အခုလောလောဆယ် ပြန်ဖတ်ချင်တဲ့ စာအုပ်စာရင်း
၁။ တတိယကမ္ဘာမှ ပထမကမ္ဘာသို့
၂။ ကမ္ဘာပြားပြီ
၃။ Who move my cheese
၄။ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်