Re-changing Myanmar3

သူ့ဘက်က အရမ်းအားနည်းတယ်လို့ ယူဆလို့ Myanmar3 ကိုအားပေးတဲ့ အနေနဲ့ ပြန်ပြောင်းလိုက်တယ်။ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ မြန်မာစာ စံနစ်အားလုံးကို ပိုကောင်းစေချင်တယ်၊ တစ်ခုနဲ့ တစ်ခု conflict မဖြစ်စေချင်ဘူး။ ခုဆို Myanmar3 ရှိရင် Zawgyi ကိုကောင်းကောင်းဖတ်မရတာမျိုး၊ ဇော်ဂျီ ရှိနေရင် မြန်မာ ၃ ကို ကောင်းကောင်း ဖတ်မရတာမျိုး မဖြစ်စေချင်ဘူး။ အားလုံး အဆင်ပြေစေချင်တယ်။ ဒါမှ ကျွန်တော်တို့လို user တွေအနေနဲ့ အလွယ်တကူ ဘာဖွန့်သုံးသုံး အဆင်ပြေမှာပေါ့။

Myanmar3 ကိုပြောင်းတဲ့နေရာမှာ ဇော်ဂျီ ၂၀၀၉ ကိုပြောင်းသလို xml file ကို KeyMaster နဲ့ပြောင်းမရတော့ဘူး။ ဒါနဲ့ အရင် ဇော်ဂျီ ပြောင်းတုန်းက XML file ကို ပြန် import လုပ်၊ လိုတဲ့ post တွေကို ကိုငွေထွန်း ရဲ့ converter နဲ့ပြောင်းပြီး post တင်ပါတယ်။ သိတဲ့ တတ်တဲ့လူတွေက keymaster နဲ့ပြောင်းသလို xml file ကို ပြောင်းလို့ရအောင် လုပ်ပေးရင် ပိုကောင်းမယ်။ converter နဲ့ ဇော်ဂျီ ၂၀၀၉ ကနေ Myanmar3 ကိုပြောင်းတော့ တစ်ချို့ဟာတွေမှာ အဆင်မပြေတာ တွေ့တယ်။ နဲနဲ ပြန်ပြင်ရတာပါ။ ကြည့်ရတာ ဇော်ဂျီက ၂၀၀၉ ဗားရှင်း ဖြစ်နေလို့ ထင်တယ်။

font ကို firefox မှာမြင်ဖို့ @font-face function ကိုသုံးတော့ အရင်တစ်ခေါက်က အဆင်မပြေဘူး။ ဒါပေမယ့် အခု အေရာ ယူနီကုတ်ဖွန့် ဆိုဒ်မှာ ရေးထားတာလေးတွေ ဖတ်ကြည့်ပြီး အဆင်ပြေသွားတယ်။ ကိုစိုးမင်းရေးထားတာကို ပြန်ရှင်းပြထားတာပါ။ အစက မသိတော့ style.css မှာ သွားထည့်မိတယ်၊ မရဘူး။ ခုမှ header.php မှာ <head> ရဲ့နောက်က ကပ်ထည့်လိုက်တာ အဆင်ပြေသွားတယ်။

ဒီလိုပေါ့

<head>

<style type=”text/css”>

@font-face {

font-family: Myanmar3;

src: url(http://www.thanwinnaing.net/Myanmar3.ttf);

}

</style>

ပြီးတော့ “.htaccess” file ကိုလည်း ထပ်ဖြည့်ပါတယ်။ ဒါကတော့ အရင်တစ်ခါ မရကတဲက ထပ်ဖြည့်ထားတာကြောင့် အခုဘာမှ ထပ်မထည့်တော့ဘူး။ အခုတော့ firefox နဲ့ဆို မြင်ရပြီလို့ ထင်တယ်၊ တစ်ခြားစက်တွေကနေ စမ်းကြည့်အုံးမယ်။

update : နောက်ကျရင် မေ့သွားမှာ စိုးလို့ အခုလုပ်ထားတာတွေကို ပြန်ရေးထားလိုက်မယ်။
  1. ဖွန့်ဖိုင်ကို ဆိုဒ်ပေါ်တင်ပြီး လိပ်စာမှတ်ထားလိုက်တယ်။ ဥပမာ – http://www.thanwinnaing.net/Myanmar3.ttf
  2. ဆိုဒ်ရဲ့ meta login ကနေ WordPress Dashboard ကိုဝင်ပြီး Appearance ကနေ editor ကိုသွားတယ်။ header.php  ကိုဝင် <head> နောက်မှာ @font-face function ထည့်တယ်။
  3. Hosting ကို login ဝင် cpanel ကနေ file manager ကိုဖွင့်တယ်။ root folder ထဲမှာ “.htaccess” file ကိုရှာ edit လုပ်တယ်။ ဒီ code လေး ထပ်ထည့်လိုက်တာပေါ့။

#RewriteEngine On

RewriteBase /

RewriteCond %{REQUEST_FILENAME} “\.ttf$”

RewriteRule ^.*$ %{REQUEST_URI}.gz [L]

<FilesMatch “\.ttf.gz$”>

AddEncoding gzip .gz

ForceType “text/plain”

Header set Access-Control-Allow-Origin *

</FilesMatch>

RewriteEngine On
RewriteBase /
RewriteCond %{REQUEST_FILENAME} “\.ttf$”
RewriteRule ^.*$ %{REQUEST_URI}.gz [L]
<FilesMatch “\.ttf.gz$”>
AddEncoding gzip .gz
ForceType “text/plain”
Header set Access-Control-Allow-Origin *
</FilesMatch>

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>