raw

ကုန်ကြမ်းဈေးကတော့ တက်ပြီးရင်းတက် နေတယ်။ တစ်ပါတ်တစ်ခါ ဈေးနှုန်းသတ်မှတ် ထားတာတောင် နောက်တစ်ပါတ် ဘယ်ဈေးဖြစ်မလဲ စိတ်ပူရပြီ။
တစ်ကယ် ကုန်ကြမ်းရှားပြီလား။
ကုန်သည်တွေကပဲ ဈေးဆွဲမ နေကြသလား။
ဝယ်ဖို့ တော်တော် အခက်အခဲ ဖြစ်နေပြီလား။
ဘာပြောပြော နောက်တစ်ခါ ဖြစ်မယ့် ကုန်ကြမ်းဈေးကြောင့် ကုန်ချောဈေးလဲ တက်ရတော့မှာပဲ။

လောင်စာကလည်း ရှားသွားလိုက်တာ ဈေးတိုးပေးမှ ထွက်လာတော့တယ်။ လောင်စာသွင်းတဲ့ ကုန်သည်တွေကို ကြိုငွေထုတ်ပေးဖို့ စီစဉ်ရမယ်။ တစ်ကယ် စက်ရုံအတွက် လုပ်ပေးနိုင်မယ့် လူတွေကိုပေါ့။ ဘာပြောပြော ဒီတစ်မိုးတော့ တောင့်ထားရမှာပဲ။

ဘေးထွက်ပစ္စည်း ဈေးလည်းတက်ရမယ်။ ဒီလောက်ကုန်ကြမ်းတွေ တက်နေတာ။ မိုးလည်းရွာပြီဆိုတော့ မယူဘူးပြောလည်း နောက်ထပ်လူရှာမယ်။ ဒါပေမယ့် ရှိတဲ့လူနဲ့ပဲ အဆင်ပြေချင်ပါတယ်။

ဒီနေ့ ကုန်ကြမ်းတင်တဲ့ နေရာမှာသုံးဖို့ ခပ်ခွက်နဲ့တင်တဲ့စက် ဆင်ဖို့ အလုပ်အပ်တယ်၊ အဆင်ပြေမယ် ထင်ပါတယ်၊ ပစ္စည်းဖိုး လက်ခ ခန့်မှန်း ၇၀-၈၀ ရှိမယ်။ ဒါပြီးသွားရင်တော့ ထမ်းတင်တဲ့ လုပ်သားများ လျှော့လို့ရမလား မသိဘူး။ ကြည့်ရမှာပေါ့။

မကြာခင် ဝါဝင်တော့မှာ၊ ဒါကို အရက်ဝယ်တဲ့သူက ဘယ်ဈေးလဲ ဝယ်အုန်းမယ်ဆိုတော့ ဝါတွင်းမှာများ ဈေးထိုးကျမလား။ အခုထိတော့ ဈေးပေးတယ် ပြောရမှာပဲ။ အခုဈေးကွက် အခြေအနေက တော်တော် စိတ်ဝင်စား စရာကောင်းနေပြီလို့ ဆိုရမယ်။ အရင်ကနဲ့ မတူဘဲ ပြောင်းကုန်တာလား။ ဝါတွင်းမှာရော အရက်ရောင်းအား ကျတာ ပြောင်းပြန်ဖြစ်ပြီး ရောင်းကောင်း လာမလား။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>