Quality

ဒီနေ့ ဆရာခေါ်လို့ နောက်က လျှောက်လိုက်ပါတယ်ဗျာ၊ နှစ်နေရာ သွားတာ နှစ်နေရာ စလုံးက quality အကြောင်း ပြောကြတာ ကြားရတယ်။ နှစ်နေရာ စလုံးကို ကိုယ်က ကုန်ကြမ်း supply လုပ်နေတာပေါ့။ ကိုယ်က ရောင်းဖို့ သွားတာ ဟိုပြော ဒီပြောနဲ့ ပထမဆုံး သွားတဲ့ နေရာက အခု ရောင်းမယ့် ကုန်ပစ္စည်းကို ထုတ်လုပ်မယ့် ကုန်ကြမ်းထိ လိုက်စစ်ဆေးချင်တယ်လို့ ပြောတယ်။ ဒီပစ္စည်းတွေဟာ လယ်ယာထွက်ကုန်တွေ ဆိုတော့

how to buy?

how to store?

how to deliver?

ဒါတွေကို ဘယ်လို စဉ်းစားလဲ ပြောရရင် How to manage? ပေါ့။ အမျိုးမျိုး လှည့်ပါတ်ပြောနေတယ် ထင်ရတယ်။ သူပြောတာ စကားတစ်ခွန်းကို ပြန်ပြောရရင်

You say quantity, I need quality!

ဟင်း ဟင်း တော်တော် တာသွားတဲ့ စကားပဲဗျ။ ဒါပေမယ့် ဈေးတိုးတောင်းလို့ မရတာကလွဲလို့ အရောင်းအ၀ယ် ဖြစ်တယ်၊ အဆင်ပြေတယ်။ ကိုယ်မှန်းထားတဲ့ ပမာဏ ရောင်းနိုင်ခဲ့တယ်လို့ ပြောနိုင်တယ်။ ရှေ့ဆက်လည်း ဒီလို ဂဂျီဂဂျောင် ပြောတာကလွဲလို့ ၀ယ်သွားမယ့်  အခြေအနေ ရှိတယ်။ အရင်ကတည်းက ထွက်သမျှ ၀ယ်နေတဲ့ ဖောက်သည်ကြီး ပါပဲ။

နောက် တစ်နေရာကတော့ ညောင်နှစ်ပင် ဇုန် ၃ ထဲက Green Land Farm ပါ။ ပုဂ္ဂလိက ၀က်မွေးမြူရေးခြံ တစ်ခုပါပဲ။ ၀က်မွေးမြူရေးကို ဒီမှာ အထိုင်ကျနေတဲ့ မွေးမြူရေးခြံကြီး တွေနဲ့ အပြိုင်လိုက်ဖို့ ကြိုးစားဆဲ ပုဂ္ဂလိက မွေးမြူရေးခြံ တစ်ခုပေါ့။ သူရဲ့ မွေးမြူရေး အတွေ့အကြုံတွေ ပြောလိုက် ကုန်ကြမ်းကိစ္စ ဆွေးနွေးလိုက်နဲ့ တော်တော်ကြာကြာ ပြောဖြစ်ကြတယ်။ သူပြောတဲ့ အချက်တွေထဲမှာ အမှတ်တရ ဖြစ်မိတာကတော့ ၀က်တွေကို အစာကျွေးတဲ့ နေရာမှာ nutrition facts ကအရေးအကြီးဆုံး စဉ်းစားရမယ့် အချက်ဖြစ်တယ် တဲ့။ ဘာကုန်ကြမ်းနဲ့ပဲ အစာစပ်စပ် အဓိက စဉ်းစားရမှာက nutrition ပဲ၊ ပြီးရင် အစာစပ်တဲ့ နေရာမှာ ဘယ်ကုန်ကြမ်းဟာ ဘယ်လောက် ပမာဏ အများဆုံး သုံးရမယ်ဆိုတဲ့ အချက်ကို အလေးထား ရမယ် ဥပမာ သူအနေနဲ့ ၀က်စာစပ်ရင် ဖွဲနုကို 50 kg ထက်ပိုမသုံးတဲ့ အကြောင်း ဒါတောင် ဖော့ဖောရပ်စ် ကိုလိုချင်လို့ သုံးကြောင်း ပြောပြပါတယ်။

GreenLand3

GreenLand4

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>