Myanmar Business Delegation to Sri Lanka

UMFCCI က ကိုအောင်ကြည်စိုးခေါ်လို့ Myanmar Business Delegation to Sri Lanka ခရီးစဉ်ကို ကိုဇော်ဝင်းက သွားဖို့ပြောပါတယ်။ ဒါနဲ့ ကိုဇော်ဝင်းပြောတဲ့ ကိုအောင်ကြည်စိုးကို ဆက်သွယ်ပြီး လိုက်ဖို့ စာရင်းပေးပါတယ်။ သီရိလင်္ကာနိုင်ငံ ကလုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာတွေကို တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့တယ်။ သေချာတဲ့ အချက်ကတော့ သူတို့ဆီက အားလုံးသော speaker တွေဟာ english တော်တော်ကောင်းကြတယ်။ သူတို့နဲ့ သက်ဆိုင်ရာ subject တွေကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တယ်ဆိုတာ တွေ့ရတယ်။ နောက်ပြီး သူတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေအတွက် မေးစရာ မလိုအောင် information အစုံပေး ထားတာကိုလည်း တွေ့ရတယ်။ ရင်းနှီးမြုပ်နှံမယ့်လူတွေ အရောင်းအဝယ်လုပ်မယ့် လူတွေအတွက် တော်တော်ကို အဆင်ပြေစေမယ့် အနေအထားကို ဖန်တီးပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ BOI of Sri Lanka ရဲ့ တော်တော်ပွင့်လင်း မြန်ဆန်တဲ့ decision making process ကိုတွေ့ခဲ့ရတယ်။ သူတို့ ပေးတဲ့ information sheet တွေကတော့

  • business start-up guide
  • Sri Lanka, Discover, Invest
  • The Indo-Lanka Free Trade Agreement
  • Industrial Factor costs(A guide to investment tariffs and costs in Sri Lanka)
  • 300 Enterprises Programme
  • summery of Sri Lanka-Myanmar Trade(2004-2008) ဒါကတော့ ကျွန်တော်တို့ အဖွဲ့အတွက် အထူးပြင်ဆင်ထားတာပေါ့

တော်တော် စုံစုံလင်လင် ရှိတာတွေ့ခဲ့ရတယ်။ ကျွန်တော်က ဌာနဆိုင်ရာတွေ သိပ်မထိတွေ့ဘူးတော့ ကိုယ့်နိုင်ငံမှာရော ဒီလိုပြင်ဆင်ထားတဲ့ information ရှိ၊ မရှိ မသိဘူး။ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့တဲ့ BOI member တွေကလည်း တော်တော်ပွင့်လင်းပြီး လျှင်လျှင်မြန်မြန် ဆုံးဖြတ်ချက်ချပေးနိုင် တာတွေ့ရတယ်။ BOI, Sri Lanka ရဲ့ လိပ်စာကတော့

Level 26, West Tower, World Trade Centre,

Echelon Square, Colombo 01, Sri Lanka.

Tel : +94 11 2434403-5, 2435027, 2437531, 2385972-6

Fax : +94 11 2447995, 2430512, 2422407, 2329795

Email : info@boi.lk   Website : www.boi.lk

kandy မြို့ကိုရောက်တုန်း စွယ်တော်ဘုရားပွဲနဲ့ ဆုံလို့ ဖူးခွင့်ရခဲ့သေးတယ်။ ညနေ ၆ နာရီမှ လှည့်လည် အပူဇော်ခံမယ့် စွယ်တော်ဘုရားကို နေ့ခင်းလောက် ကတဲက လမ်းဘေးဝဲယာမှာ ဖူးဖို့ တန်းစီစောင့်ဆိုင်း နေတဲ့ ဒေသခံတွေကိုလည်း တွေ့ခဲ့ရတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>