Thursday, March 11, 2010

Learn IMC @ mmkta

September 20, 2009 by ktwn  
Filed under Business, Diary, My Opinion

မနေ့ကနဲ့ ဒီနေ့ IBC မှာလုပ်တဲ့ Integrated Marketing Communication Workshop ကိုသွားတက်တယ်။ တစ်ယောက်ကို ၅၀၀၀၀၊ နေ့လည်စာနဲ့ tea break ၂ ခါ ကျွေးတယ်။ သွားရ လာရတာ အဆင်ပြေပြီး  facilitators တွေက အဆင်ပြေအောင် စီစဉ်ပေးထားတာကို တွေ့ရတယ်။ အားလုံး ၁၀၀ ကျော်လောက် လာတက်ကြတယ်။ ဒါကတော့ Program Detail ပါ။

19th Sep 2009(Sat)

9:00 AM       MC opening

9:05 AM       Professor Emeritus Daw Hla Myint Speech

9:20 AM       Dr Kan Hein Welcome Speech

9:30 AM       U Aye Kyaw Presentation (First Section)

10:30 AM    Tea Break

10:45 AM    U Aye Kyaw Presentation (Second Section)

12:45 PM    Lunch Break

1:45 PM       Professor Dr. Daw Khin San Yee Presentation (First Section)

2:45 PM      Tea Break

3:00 PM      Professor Dr. Daw Khin San Yee Presentation (Second Section)

5:00 PM      Finish

20th Sep 2009(Sun)

9:00 AM       MC opening

9:05 AM       Ko Saw Yan Naing(First Section)

10:10 AM    Tea Break

10:25 AM    Ko Saw Yan Naing (Second Section)

12:55 PM    Lunch Break

1:55 PM       Ma Kay Myat Khing (First Section)

2:55 PM      Tea Break

3:10 PM      Ma Kay Myat Khing (Second Section)

5:40 PM      Certificate Awarding

6:00 PM      Finish

ဆရာမကြီး ဒေါ်လှမြင့် က အဖွင့်စကားပြောတယ်။ ဆရာမကြီးကတော့ marketing ရဲ့ definition ကို ထောင့်စုံအောင် ရှာပြီးပြောသွားတယ်။ ပီတာ ဒရပ်ကား ကနေ စလိုက်တာ ဖိလစ်ကော်တလာ၊ အင်္ဂလန်က marketing association တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အထိပါတယ်။ marketing ကိုလုပ်တဲ့နေရာမှာ marketing dept; တစ်ခုသာ လုပ်ရမှာ မဟုတ်ဘူး အားလုံး ပူးပေါင်းပါဝင်ရမယ် လို့ဆိုပါတယ်။ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှ marketing လုပ်ငန်းစဉ်တွေဟာ အောင်မြင်နိုင်မယ် လို့ပြောပါတယ်။

ဒီနောက် mmkta ရဲ့ ဥက္ကဋ္ဌ Dr. Kan Hein က mmkta အကြောင်းနဲ့ အခုလုပ်တဲ့ ပွဲက ရလာတဲ့ fund တွေကို သုံးစွဲမယ့် အစီအစဉ်တွေကို ရှင်းပြပါတယ်။ mmkta ရဲ့ founding principle အကြောင်း၊ ဘာတွေလုပ်နေကြောင်း တော်တော်လေး စုံစုံလင်လင် ရှင်းပြပေးသွားပါတယ်။

ပထမဆုံး presentation ကို ဆရာ ဦးအေးကျော်က ပေးပါတယ်။ ဆရာပြောသွားတာတွေကို briefly ပြောရရင်

  • marketing ဆိုတာ ဘာလဲ၊

not selling, not advertising, not sales promotion

marketing သမားတွေဟာ product ကို launch လုပ်တဲ့အချိန်နဲ့ sample ပေးတဲ့ အချိန်ပဲ ကိုင်ခွင့်ရှိတယ်။

  • IMC ဆိုတာကော ဘာလဲ၊

IMC means integrating all the promotional tools, so that they work together in harmony

  • IMC ရဲ့ goal ကရော ဘာလဲ၊
  1. to influence the behavior of the targeted audience
  2. to send a consistent message to customers and stakeholders
  3. to coordinate communication consistency
  4. to marry behavior-changing efforts and image-building efforts
  5. to enhance the complementary use of media
  • Elements of IMC
  1. Advertising
  2. Sales Promotion
  3. Public Relations and Publicity
  4. Personal Selling
  5. Direct Marketing
  6. Events and Experiences
  7. Word-of-Mouth Marketing
  8. Online or interactive or internet Marketing or Electronic Media, Search Engine Optimization(SEO), Pay-par-click, Affiliate, Banner, Blog, Micro blogging, RSS, Podcast, Internet TV, SMS etc.
  • Basic Elements of IMC planning

  1. Situation
  2. Objectives
  3. Strategy
  4. Tactics
  5. Action
  6. Control

  • Challenges

barrier တွေအကြောင်းပေါ့။

ဆရာပြောခဲ့တဲ့ အထဲက သဘောကျတာလေး ပြန်ပြောရရင် မြန်မာနိုင်ငံမှာ အဓိက marketing strategies နှစ်ခု ရှိတယ်တဲ့။ အဲဒါတွေကတော့ “ကျုပ်ကြက်လိ strategy”  နဲ့ “ငါးသလောက် strategy” ပါတဲ့ဗျား ဟီး ဟီး ဟီး… နောက်ပြီး ကျွန်တော်မသိသေးတဲ့ အသုံးဝင်မယ်ထင်ရတာ တစ်ခုကတော့ မြန်မာနိုင်ငံမှာ မြို့ကြီးတွေကို အဆင့်ခွဲထားတယ်။ လူဦးရေ ၂ သိန်းအထက်ကို “အေ”၊ ၁ သိန်းနဲ့ ၂ သိန်းကြားကို “ဘီ”၊ ၁ သိန်းအောက်ကို “စီ”လို့ သတ်မှတ်တယ်။ မြို့နယ် လဝက ဦးစီးမှုးတွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှုးတွေကို ကြည့်ရင် သိနိုင်တယ်။ အေ ဆိုရင် အခက်ပါ၊ ဘီ ဆို သုံးပွင့်၊ စီ ဆို နှစ်ပွင့်ပဲ ရှိတယ်တဲ့။ အဲဒီနောက်မှာတော့ အခုဆိုရင် ပြိုင်ဆိုင်မှုတွေပြင်းထန်ပြီး ကြော်ငြာတွေများနေတဲ့ ကမ္ဘာကြီးမှာ ကြက်ဥမှာတောင် ကြော်ငြာနေကြလို့ Egg-vertising ဖြစ်နေပြီ ဆိုပြီး နိဂုံးချုပ်သွားပါတယ်။

ပထမနေ့မှာ ကပ်ရက်ထိုင်မိတာက Myanmar Times ကကိုသိန်းလင်းပေါ့။ ကျောင်းတုန်းက သိတဲ့ ကိုကျော်သူ အကြောင်းမေးဖြစ်ရင်း အဖွဲ့ကျ စကားပြောဖြစ်တယ်။ သူက နိုင်ငံခြားတက္ကသိုလ်တွေမှာ မြန်မာအတွက် ဝေစုရှိတယ်၊ ဟိုကပေးချင်ပေမယ့် လျှောက်တဲ့လူမရှိလို့ မပေးနိုင်တာ၊ အခုတော့ တစ်စတစ်စ သိလာကြတာတွေ ပြောဖြစ်တယ်။ သူတို့ဆီမှာဆို တစ်ယောက်တစ်လှည့် သွားနေကြတယ်၊ အထက်လူကြီးကလဲ ခွင့်ပြု ထောက်ခံပေးတယ်၊ ကိုယ့်ပိုက်ဆံနဲ့ သွားရပေမယ့် ပြန်လာရင်လည်း အလုပ်ပြန်ဆင်းလို့ ရတော့ အဆင်ပြေတာပေါ့။ ပညာသင်ဆုတွေ၊ ထောက်ပံ့ကြေးတွေ short terms, long terms အစုံရှိနေတာကို ဒီကလူတွေလည်း သိပြီးလျှောက်စေချင်လို့ သူတို့က အဆင်ပြေရင်ပြေသလို ဖော်ပြနေတယ်တဲ့။ အခုတစ်လော မြန်မာတိုင်းမ် ကိုဖတ်ရတာ ပေါ့တယ်ဆိုတာလည်း ပြောဖြစ်ကြတယ်။

နေ့လည်ပိုင်းမှာ ဆရာမကြီး ဒေါ်ခင်စန်းရီ က presentation ပေးပါတယ်။ သိတဲ့အတိုင်း ထမင်းစားပြီးခါစ ဆိုတော့ ငိုက်ချင်နေရတဲ့ အထဲ စာသင်နေရတော့ သိပ်မမှတ်မိပါဘူး။ ဆရာမကြီးပြောတာတွေကို မှတ်မိသလောက် အကြမ်းဖျင်းပြောရရင် marketing လုပ်တဲ့နေရာမှာ

Right consumer

Right message

Right place

Right time

ဖြစ်မှသာ effective communications ဖြစ်မယ်လို့ ဆိုပါတယ်။ right message အကြောင်းပြောရင်း လမ်းဘေးဆီဆိုင်တွေ ရဲ့ message ၊ အကြော်သည်နဲ့ မုန်ဟင်းခါးသည်တို့ရဲ့ message ကို အားလုံးနားလည်ကြတဲ့ အကြောင်းပြောပါတယ်။ market analysis ကနေ integrate and implement marketing communication အထိလုပ်ဆောင်တဲ့နေရာမှာ communication mix တွေကို အထက်က အချက်လေးချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ ပြောသွားပါတယ်။ သတိတရ ဖြစ်မိတာကတော့ အခုခေတ်မှာ marketing ကောင်းလွန်းလို့ ရှေးမြန်မာ စကားပုံတောင် ပျက်သွားပြီ၊ အိမ်ထောင်လည်း ပြုချင်သလိုပြု၊ ဘုရားလည်း ရွှေ့၊ ဆေးမှင်ကြောင်ကတော့ ပြောမနေနဲ့ ကပ်ခွာတွေ ရှိနေပြီတဲ့ဗျ။ ဒါဆို ဘာစကားပုံလဲ ဆိုတာ သိမယ်ထင်တယ်။

ဒုတိယနေ့မှာတော့ Myanmar Spa Today Far East Advertising Ltd. က ဦးစောရန်နိုင် ရဲ့ presentation နဲ့စပါတယ်။ သူက Think global, act local ဆိုတဲ့ ဆောင်ပုဒ်ကို အစပြုပြီး ဒီနေ့ကမ္ဘာကြီးရဲ့ ကြော်ငြာစတိုင်တွေ ပြောင်းလဲလာပုံတွေကို တင်ပြသွားပါတယ်။ Trademark ကနေ Trustmark ကိုပြောင်းနိုင်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ IMC tools တွေကို သုံးတဲ့အခါမှာ ဘာတွေအရေးကြီးတယ် ဆိုတာ၊ ဘယ်လိုတင်ပြရင် ကောင်းတယ်ဆိုတာ slides တွေကို သုံးပြီး ရှင်းလင်းတင်ပြသွားတယ်။ နိုင်ငံတကာမှာ facebook တွေ twitter တွေလို social website တွေမှာ ခေတ်စားနေတဲ့ word-of-mouth marketing ဟာ မြန်မာနိုင်ငံမှာတော့ မတူကွဲပြား ခေတ်မစားနိုင်သေးကြောင်း လည်းပြောသွားပါတယ်။ ကျွန်တော့်အမြင်ကတော့ ကိုစောရန်နိုင်ရဲ့ တင်ပြချက်တွေဟာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ယူဆပါတယ်။

ကိုစောရန်နိုင်ရဲ့ ဒုတိယပိုင်းကတော့ IMC tools တွေကိုသုံးပြီး program တစ်ခုကို လက်တွေ့လုပ်ကြည့်ကြ ဖို့ပါပဲ။ ပထမနေ့ ကတည်းက နံပါတ်လေးတွေပါတဲ့ name card တွေပေးပြီး ဒုတိယနေ့မှာတော့ နံပါတ်အလိုက် အုပ်စုခွဲထိုင်ကြရပါတယ်။ ကျွန်တော်က နံပါတ် 403 ဆိုတော့ group 4 မှာကျတယ်။

401 – ကိုအောင်စိုး( PMG group )

402 – ကိုမြတ်ခိုင် ( assit: regional sales manager ; MDG )

403 – ကျွန်တော်

404 – မနန္ဒာ

405 – မမြတ်မြတ်စိုး ( executive director ; Yangon Media Group )

406 – မပြည့်ဖြိုးခိုင် ( sales manager ; Moe San Pan Co., Ltd. )

407 – ကိုရဲထွဋ်ရှိန် ( regional sales manager ; MDG )

408 – ပထမနေ့က တစ်ဝိုင်းတည်းကျတဲ့ EFR က brother

409 – မသူဇာအေး ( marketing manager ; Medi-tach trade centre co., ltd. )

410 – မနုနုရီ ( assistant manager ; SGS )

411 – မအေးအေးမျိုး ( manager ; MMRD )

412 – ကိုကျော်ထွန်း ( deputy general manager ; san ngwe yaung co., ltd. )

413 -

414 – မလာ

415 -

416 – ကိုညီလွင်အောင် (manager ; saim cement myanmar trading ltd. )

417 – ကိုဇော်ဇော်ဝင်းမောင် ( managing director ; business marketing network co., ltd. )

ကျန်တဲ့သူတွေက လိပ်စာကဒ်မရလို့ မှတ်ဉာဏ်က ဖော်လို့ မရတော့ဘူး။ အဲဒီ planning ကို အဖွဲ့လိုက် လုပ်ကြတော့ ကျွန်တော်တို့ အဖွဲ့က Easy Cook microwave oven နဲ့ပါတ်သက်တဲ့ plan လုပ်ရပါတယ်။ အဲဒီထဲမှာမှ နံပါတ်စဉ် ပထမဆုံးကျတဲ့ ကျွန်တော်တို့ သုံးယောက်က sales promotion အတွက် plan လုပ်ဖို့ကျပါတယ်။ အော်ပြောဖို့မေ့နေလို့ ကျွန်တော်တို့ အဖွဲ့ကို facilitator လုပ်ကြတာကတော့ Pun Hlaing Hospital က Dr. Ye Thu Aung ခေါင်းဆောင်တဲ့ အဖွဲ့ပါ။ သူတို့ရဲ့ facilitation ကြောင့် တော်တော် အဆင်ပြေတယ်လို့ ထင်တယ်။ နားမလည်တလည်တွေ ပိုနားလည်သွားတယ်။

ကျွန်တော်တို့ သုံးယောက်အုပ်စုအနေနဲ့ sales promotion plan လုပ်ကြတော့ ကိုမြတ်ခိုင်ကို ခေါင်းဆောင်တင်လိုက်တယ်။ ကိုရဲသူအောင်တို့ ပြောတဲ့ marketing management စာအုပ် စာမျက်နှာ ၄၇၃ က common communication platforms table ကိုကြည့်လုပ်တာ သူများတွေ တော်တော် ပြီးတဲ့အထိ သဘောတူညီမှု မရကြသေးဘူးဗျ။ ကျွန်တော်ကလည်း ခေါင်းမာမာဆိုတော့ ကပ်ငြင်းနေတာလေ။ နောက်ဆုံး PMG က ကိုအောင်စိုး စကားအတိုင်း သဘောတူညီမှု ယူလိုက်ပြီး အဆင်ပြေပြေ တိုတိုရှင်းရှင်း ပဲလုပ်လိုက်ကြတယ်။ ပြောရရင် ကျွန်တော်ကလည်း ငြင်းဖို့ပဲ စိတ်ကူးရနေတော့ အဲဒီထက်ကောင်းတာလဲ စဉ်းစားမရပါဘူး .. ဟီး ဟီး။

အဖွဲ့လိုက် presentation လုပ်ကြတော့ ပထမတော့ ခေါင်းဆောင်ပဲ လုပ်ရမယ်ဆိုပြီး နောက်တော့ အဖွဲ့လိုက်လည်း လုပ်ခွင့်ရပါတယ်။ အဖွဲ့လိုက်လုပ်မယ်ဆိုတော့ ကျွန်တော်တို့ group 4 leader ကိုရဲထွဋ်ရှိန်က တက်ပြောမလားလို့ မေးတာနဲ့ ကိုယ့်အုပ်စုလေးရဲ့ အပိုင်းကို တက်ပြောဖြစ်တယ်။ facilitator လုပ်တဲ့အထဲက ညီမတစ်ယောက်က presentation quality ကောင်းတယ်ဆိုလို့ နဲနဲပျော်သွားတယ်ဗျ။ ဘာပြောပြော ငြင်းကြခုံကြ၊ အပြိုင်လုပ်ကြနဲ့ ပျော်စရာတောင် ကောင်းသေးတယ်။ ဆုပေးတော့ မလောက်မငဖြစ်တာကလည်း ပိုပျော်စရာကောင်း သွားတာပေါ့။

နေ့လည်စာ စားပြီးတော့ furture com advertising ltd. က မကေမြတ်ခိုင် ရဲ့ presentation စပါတယ်။ သူက အနီရောင်တွေ အများကြီး သုံးထားတဲ့ slide တွေနဲ့ budget ရဲ့အရေးကြီးပုံကို စပြောပါတယ်။ နောက် smart communication plan ဆိုတာဘာလဲ။ IMC ကို manage လုပ်ရင် အရေးကြီးတဲ့ mix တွေ common communication platform အကြောင်းပြောပါတယ်။ mass media ကို plan လုပ်တဲ့ အခါ စဉ်းစားပုံ စဉ်းစားနည်းတွေ တင်ပြပါတယ်။ မကေ ပြောသွားတဲ့ အထဲက မှတ်မိတာလေးတွေကတော့ research လုပ်ဖို့လိုကြောင်း၊ မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ ဂျာနယ်တွေမှာ သူတို့ရဲ့ စတိုင်တွေရှိကြောင်း၊( ဥပမာ မော်ဒန် ဆိုရင် သမားရိုးကျ ကုန်သည်ပွဲစား စတိုင်၊ the voice ဆိုရင် အသက် ၂၀ နဲ့ ၃၅ ကြား စဉ်းစားရမယ်ဟာတွေကို စိတ်ဝင်စားတဲ့ ပညာတတ်လူငယ် စတိုင်၊ weekly eleven ဆိုရင် အကြောင်းအရာ စုံစုံလင်လင် သိချင်တဲ့ မြို့သား ပညာတတ်စတိုင် စသဖြင့် ) ဒါတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုကြောင်း ပြောပါတယ်။ strategic planning framework အနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုတဲ့ အချက်တွေကို ဒီလိုပြောပါတယ်။

•Target Audience

•Advertising  Objectives

•Media choice

•Advertising Weight ( Reach, Frequency and Continuity )

•Timing Considerations

•Day in Life Study Placement Considerations

ဒီထဲက day in life study placement considerations ကတော့ တော်တော်ကောင်းတဲ့ tool တစ်ခုလို့ သုံးသပ်မိတယ်။ advertising မှာ ဒီလိုတွေ ထည့်သွင်းစဉ်းစားတယ် ဆိုတာ ခုမှ သိတယ်ဗျ။

ဒုတိယပိုင်းကတော့ group member အားလုံး ပေးထားတဲ့ budget သုံးပြီး plan တစ်ခုဆွဲပေးခိုင်း ပါတယ်။ calculator တွေနဲ့ ဟိုဘက်က ဘယ်လောက်၊ ဒီဘက်က ဘယ်လောက်နဲ့ အစပိုင်း ဆူညံနေအောင် ဝိုင်းပြောကြ၊ နဲတယ် များတယ် ငြင်းကြနဲ့ နောက်ဆုံး advertising plan ဆိုတော့ သူတို့အပိုင်းကို ရာခိုင်နှုန်း များများပေးလိုက်ကြရတာပဲ။ ကျွန်တော်တို့ sales promotion က အစပိုင်းမှာ ၃၀၊ နောက် ၂၅၊ နောက်ဆုံး ၂၂.၇ နဲ့ ကျေနပ်လိုက်ရတယ်။ ဇယားထဲမှာ ဘာလုပ်ရင် ဘယ်လောက်ကုန်မယ်ဆိုတာ ပေးထားတော့ ဘယ်အချိန် ဘာလုပ်မယ် ဘယ်လောက်ကုန်မယ် ချက်ချင်း တွက်လို့ရတယ်။ ဘာတွေလုပ်မယ်ဆိုတာ ညှိလိုက်ရင် ပြီးသွားတာပေါ့။ ဒါပေမယ့် အဓိကထား စဉ်းစားရမယ့် အချက်က target audience ပဲ၊ သူမပါရင် ဘာ promotion တွေလုပ်လုပ် ထိရောက်မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။

presentation လုပ်ကြတော့ အချိန်နည်းနည်း နဲတယ်လို့ ထင်တယ်။ အားလုံးထဲမှာ နောက်ဆုံးမှ လုပ်တဲ့ group 3 ကအချိန်ကွက်တိနဲ့ budget plan ကို တင်ပြသွားနိုင်တယ် လို့ထင်တယ်။ ကျွန်တော်ကတော့ budget ကို သတိမထားပဲ ကိုယ်ပြောချင်ရာ ပြောခဲ့တယ်ဗျ၊ အောက်ရောက်တော့ ကျွန်တော့် group ကလူတွေက ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ၊ မမြတ်မြတ်စိုးနဲ့ ကိုဇော်ဇော်ဝင်းမောင်တို့ ခပ်ထေ့ထေ့ ပြောနေတာလဲ သတိမထားမိဘူးဗျ၊ ကျွန်တော်ပြောခဲ့တာ မှန်တယ်ပဲ ထင်နေတယ်။ အားလုံးပြီးလို့ certificate တွေယူ၊ ဓါတ်ပုံတွေရိုက်ပြီး ပြန်ချိန်အထိ ကျွန်တော်မှန်တုန်းပဲ။ အိမ်ရောက်မှ စဉ်းစားမိတာ ငါ budget plan ပြောရမှာ promotion အကြောင်းပဲ ပြောမိတယ်လို့။ အဲဒီအချိန်မှ စဉ်းစားမိတယ် ဆိုတော့ ရူးများ ရူးနေပြီလား မသိဘူး၊ ကိုယ့်ကိုကိုယ် အကဲဖြတ်ဖို့ ခက်လို့ ရင်းနှီးတဲ့ လူတွေ မေးကြည့်ရမယ်၊ ငါရူးနေပြီလား ပေါ့။ :)

Comments

One Response to “Learn IMC @ mmkta”
  1. ohnmar swe says:

    ကိုယ့်ကိုကိုယ် အကဲဖြတ်ဖို့ခက်နေမှာစိုးလို့ ရင်းနှီးတဲ့အနေနဲ့ ပြောမယ်နော် မရူးသေးပါဘူး နဲနဲလိုသေးတယ်…….

Speak Your Mind

Tell us what you're thinking...
and oh, if you want a pic to show with your comment, go get a gravatar!