Ks 5000
September 24, 2009 by ktwn
Filed under Business, Diary, My Opinion
ဒီနေ့ည ၈ နာရီ သတင်းမှာ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြန်မာနိုင်ငံမှာ ကျပ် ၅၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမယ်လို့ ကြေငြာပါတယ်။ ဆင်ရုပ်နဲ့ လွှတ်တော်ပုံ ပါတယ်ဆိုလား သေချာ သဲကွဲစွာ မသိလိုက်ဘူး။ သိပြီးလို့မှ သိပ်မကြာဘူး ဘာလုပ်ကြမလဲ၊ ဘယ်လိုထင်လဲ၊ ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုတဲ့ မေးခွန်းတွေ မေးလာတော့ စဉ်းစားလာရတယ်။ မနက်ဖြန် ဘာဖြစ်နိုင်မလဲ။
ဒါပေမယ့် နောက် ၆ လလောက်နေမှ သိသိသာသာ effect ဖြစ်လာမယ်လို့ထင်တယ်။ ပထမ တစ်ခါတုန်းက တစ်နှစ်လောက်မှ၊ ဒုတိယ တစ်ခါကျတော့ ၈ လလောက်မှ ကိုယ့်ဝင်ငွေနဲ့ သုံးတဲ့ စတိုင် မကိုက်တော့တာ ဖြစ်ပေမယ့် ဒီတစ်ခါတော့ ၆ လ လောက်လို့ မှန်းတယ်။ ကုန်ဈေးနှုန်းဘက်ကို ဂယက်ရိုက်နိုင်လားတော့ မသိဘူး။



