စွမ်းရည်ပြည့် ဈေးကွက်ဖော်ဆောင်မှု ပညတ်တော် ၁၀ ပါး

  1. ကုမ္ပဏီက ဈေးကွက်ကို အပိုင်းပိုင်းခွဲပြီး အကောင်းဆုံးအပိုင်းကို ရွေးချယ်ပါ။ ရွေးလိုက်တဲ့ အပိုင်းကဏ္ဍမှာ အခိုင်မာဆုံး အဆင့်အတန်းရအောင် ကြိုးစားပါ။
  2. ကုမ္ပဏီဟာ သူ့ဝယ်ယူသုံးစွဲသူတွေရဲ့ လိုအပ်ချက်၊ လိုအင်ဆန္ဒ၊ နှစ်သက်မှုတွေကို မြေပုံဆွဲထားရမှာ ဖြစ်သလို သူ့ရှယ်ယာဝင်တွေအနေနဲ့ ဝန်ဆောင်မှုပေးဖို့ စိတ်ထဲစွဲနေအောင် တွန်းအားပေး လှုံ့ဆော်နေရပါမယ်။
  3. ကုမ္ပဏီအနေနဲ့ ပြိုင်ဘက် ကုမ္ပဏီတွေအကြောင်းနဲ့ သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကို မျက်ခြေမပြတ် သိနေရမယ်။
  4. ကုမ္ပဏီဟာ သူ့ရှယ်ယာဝင်တွေအပြင် လုပ်ဖော်ကိုင်ဖက်တွေ ဝန်ထမ်းတွေကို စည်းရုံးပြီး ဆုလာဒ်တွေ ရက်ရက်ရောရော ပေးရပါမယ်။
  5. ကုမ္ပဏီဟာ အခွင့်အလမ်းတွေ၊ အဆင့်အတန်းမြင့်မှုတွေကို အသိအမှတ်ပြုပြီး စနစ်တွေချမှတ်လို့ အကောင်းဆုံး စနစ်ကို ရွေးချယ်ကျင့်သုံးရမယ်။
  6. ကုမ္ပဏီဟာ ဈေးကွက်စီမံချက်စံနစ်ကို ရေတိုရေရှည် စီမံကိန်းအမြင်တွေနဲ့ စီမံခန့်ခွဲသွားရမယ်။
  7. ကုမ္ပဏီက သူ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုကို တွဲဘက်ပြီး ထိန်းကြောင်း ကွပ်ကဲမှု ခိုင်မြဲသန်မာအောင် လေ့ကျင့်ရမယ်။
  8. ကုမ္ပဏီဟာ အစွမ်းထက်ဆုံး ဆက်သွယ်ရေးနဲ့ ရောင်းအားမြင့် လက်နက်ကိရိယာတွေကို အသုံးပြုပြီး ကုန်အမှတ်တံဆိပ် ခိုင်မာအောင် တည်ဆောက်ရမယ်။
  9. ကုမ္ပဏီဟာ ဈေးကွက်စီမံရေးရာ ခေါင်းဆောင်မှုနဲ့ ဌာနအသီးသီးမှာ စည်းလုံးညီညွတ်ရေး စိတ်ဓါတ်ကို သွတ်သွင်း တည်ဆောက်ပေးရမယ်။
  10. ကုမ္ပဏီဟာ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်နိုင်စွမ်းရှိပြီး အကျိုးထူးစေမယ့် နည်းပညာတွေကို အဆက်မပြတ် ဆည်းပူး ပေါင်းစပ်ပေးရမယ်။
ref: Ten Deadly Marketing Sins by Philip Kotler
(မားကက်တင်း အမှားတွေကို ပြင်ကြစို့ − ညီညီနိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>