Than Win Naing
ဓနဥပဒေသ ငါးရပ်
ဓနဥစ္စာဟူသည် မိမိရရှိသော ဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်းသော ငွေကို မိမိနှင့် မိသားစု၏ အနာဂတ်အတွက် ချန်လှပ် သိမ်းဆည်းတတ်သူထံသို့သာ ဝမ်းမြောက် ပျူငှာစွာ ရောက်ရှိလာတတ်မြဲ ဖြစ်သည်။
ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သော သူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင် ပေးစမြဲဖြစ်၍ ထိုသူ၏ လက်၌ သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွား များပြားလာတတ်သော သဘော ရှိပေသည်။
ဓနဥစ္စာဟူသည် ယင်းအား ဂရုတစိုက် ရင်းနှီးမြှုပ်နှံမှုပြုသူ၊ ကျွမ်းကျင်လိမ္မာသော သူတို့၏ အကြံဉာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ် ခိုလှုံနေတတ်ကြသည်။
ဓနဥစ္စာဟူသည် မိမိလည်း မကျွမ်းကျင်၊ ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုးတွင် ရင်နှီးမြှုပ်နှံသော သူတို့ထံမှ လျှောကျ ပျောက်ကွယ်သွားတတ်စမြဲ ဖြစ်သည်။
ဓနဥစ္စာဟူသည် ယင်းမှ လွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ၊ လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက် လိုက်ပါ နားယောင်တတ်သူများ၊ အတွေ့အကြုံ နည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာသွားတတ်စမြဲ ဖြစ်သည်။
ref; The Richest Man in Babylon by George Samuel Clason
ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် − ဖေမြင့်
ယမကာနှင့် မတည့်သော ဆေးများအကြောင်း
by ဆက်ပိုင်လင်းခန့်(ဆေး ၂) @ The Voice weekly Vol 7 / No. 40 –September 19 – 25 , 2011.
အရက်ဟာ ဆေးတော်တော်များများနဲ့ အပြန်အလှန် ဓာတ်ပြုသက်ရောက်မှု(Interaction) ရှိပါတယ်။ အဲဒီ သက်ရောက်မှုကနေ ဘေးဥပါဒ်ဖြစ်စေတဲ့ အာနိသင်တွေ ထွက်လာတာ များပါတယ်။ အင်္ဂလိပ်ဆေးတွေနဲ့သာမက တိုင်းရင်းဆေး အချို့နဲ့လည်း ဒီလို ဆိုးကျိုးမျိုး ရတတ်ပါတယ်။ မိမိရဲ့ ကျန်းမာရေးကြောင့် ဆေးတစ်ခုခု စွဲသောက်နေရသူတွေဟာ အရက်ကြောင့် ဆေးအာနိသင် မရတော့ခြင်း၊ ဘေးထွက်ဆိုးကျိုး ခံစားရခြင်းတွေ မဖြစ်ရအောင် ဒီဆောင်းပါးကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ အသည်း အဆီဖုံး၊ အသည်းခြောက်၊ လေဖြတ်ခြင်း၊ အသည်းကင်ဆာ စတဲ့ ဆိုးရွားတဲ့ရောဂါတွေ မဖြစ်အောင် အရက်ပုံမှန်သောက်ခြင်း၊ အလွန်အကျွံသောက်ခြင်းတို့ကို လုံးဝရှောင်ကြဉ်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးလို့ ပြောချင်ပါတယ်။
အရက်နဲ့ ဆေးတွေနဲ့ အပြန်အလှန် ဓာတ်ပြုသက်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတစ်ချို့ကတော့ ပျို့တက် အော်ဂလီဆန်ခြင်း၊ အန်ခြင်း(အရက်အလွန်အကျွံသောက်ရင် အန်တတ်ပေမယ့် ဆေးတစ်ခုခုသောက်ပြီး အရက်သောက်သူ နည်းနည်းလေး သောက်ရုံနဲ့ အန်ပြီဆိုရင် ဒါကို သတိထားရပါမယ်) ခေါင်းကိုက်ခြင်း၊ အလွန်အမင်းအိပ်ချင်ခြင်း၊ မေ့လဲကျသွားခြင်း၊ ခန္ဓာကိုယ်ဟန်ချက်နဲ့ အသိတရား ထိန်းချုပ်နိုင်မှု ကင်းလွတ်သွားခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးနဲ့အရက်မတည့်ခြင်း ပိုပြင်းထန်ရင် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် အရက်နဲ့ မတည့်တဲ့ လူသုံးများသော ဆေးဝါးအချို့နဲ့ သက်ဆိုင်ရာ ဆိုးကျိုးများကို စုစည်းယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။ တစ်ပြိုင်နက် တွဲသောက်မှ ယှဉ်တွဲသုံးစွဲတယ်လို့ မခေါ်ပါဘူး။ တစ်ခုရဲ့ အာနိသင် မကုန်သေးခင် နောက်တစ်ခု သောက်တာကို ဆိုလိုပါတယ်။
အရက်နဲ့ယှဉ်တွဲ သုံးစွဲရင် အောက်ပါဆေးများဟာ ဖေါ်ပြပါ ဆိုးကျိုးများ အသီးသီးဖြစ်လာနိုင်ပါတယ်။
(၁)ဓာတ်မတည့်ခြင်း၊ နှာစေးခြင်း စတာတွေမှာ သုံးတဲ့ ဘာမီတွန်(Chlorpheniramine)၊ စီထရင်းလို့ လူသိများတဲ့ Cetirizine, Loratadine, Fexofenadin စတဲ့ ဆေးတွေဟာ မူးဝေအိပ်ချင်မှု ပြင်းထန်ခြင်း၊ ဆေးပမာဏ လွန်ကဲ အဆိပ်သင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၂)ရင်ဘတ်အောင့် နှလုံးရောဂါရှိသူတွေ အရေးပေါ် လျှာအောက်ငုံဆေး(Isosorbide Nitroglycerin) က သွေးခုန်နှုန်း အလွန်မြန်လာခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်မေ့မြောခြင်းတွေ ဖြစ်တတ်ပါတယ်။
(၃)အကိုက်အခဲပျောက်ဆေး တွေကတော့ အစာအိမ်၊ အူသိမ် အနာ(Gastric/ Duodenal Ulcer)တွေ ဖြစ်စေသလို ရှိပြီးသားကိုလည်း ပြန်ထစေပါတယ်။ အသည်းကိုလည်း ထိခိုက်မှု ဖြစ်စေပါတယ်။
(၄)ချောင်းဆိုးပျောက်ဆေးများရဲ့ ဆိုးကျိုးကတော့ နံပါတ် (၁) အတိုင်းပါပဲ။
(၅)သွေးကျဲဆေး(Warfarin)နဲ့ အရက်ဟာ လုံးဝမတည့်ပါဘူး။ ကိုယ်တွင်းသွေးယိုစီးမှုတွေ ဖြစ်နိုင်သလို အရက်ပမာဏများသွားရင် ဆန့်ကျင်ဘက် အာနိသင်အနေနဲ့ သွေးခဲပိတ်လို့ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ရောဂါ ထကြွခြင်း(Heart Attack)ပေါ်လာနိုင်ပါတယ်။
(၆)စိတ်ကျရောဂါ(Depression)ဝင်နေလို့ ဆရာဝန်ပေးသောဆေးများ သောက်နေရင် စိတ်ညစ်လို့ အရက်သောက်တယ် ဆိုတာမျိုး လုံးဝမလုပ်သင့်ပါ။ ဒီဆေးတွေကြောင့် နံပါတ်(၁)က ဆိုးကျိုးတွေအပြင် အဆိုးရွားဆုံးက မျှော်လင့်ချက်မဲ့ စိတ်ဓာတ်ကျခြင်း ခံစားချက် ပိုပြင်းထန်လာစေကာ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပေါ်လာတတ်တာ လေ့လာတွေ့ရှိထားပါတယ်။
(၇)ဆီးချိုရောဂါဆေးများဖြစ်တဲ့ Metformin, Tolbutamide, Glyburide စတာတွေဟာ သွေးတွင်း သကြားဓာတ် ရုတ်တရက် ကျဆင်းစေခြင်း၊ ထို့အတွက် နောက်ဆက်တွဲ ကတုန်ကယင်ဖြစ် သတိလစ်မေ့မြောခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပျို့/အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင် အတက်အကျ ရုတ်တရက်ဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၈)အစာအိမ်နာ အူသိမ်နာတွေ အတွက် သုံးတဲ့ Ranitide, Cimetidine, Nizatidine စတဲ့ဆေးတွေနဲ့ မက်ဇလွန်လို့ လူသိများတဲ့ အပျို့အအန်ပျောက်ဆေး Metoclopramide ဟာ နှလုံးခုန်မြန်ခြင်း၊ ရုတ်တရက် သွေးပေါင် အတက်အကျဖြစ်ခြင်း၊ အရက်ရဲ့ အာနိသင်ကို ပိုဆိုးစေခြင်း စတာတွေ ဖြစ်စေပါတယ်။
(၉)သေးတိုးကျဆေးများ ဖြစ်တဲ့ Hydralyzine, Enalapril, Thiazide, Lorsatan, Prazosin စတာတွေဟာ မူးဝေခြင်း၊ ငိုက်မြည်းခြင်း၊ သတိလစ်ခြင်း၊ ပုံမှန်နှလုံးခုန်နှုန်း ပျောက်ဆုံး၍ နှေးလိုက်မြန်လိုက်ဖြစ်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီအနေအထားဟာ arrhythmia လို့ခေါ်ပြီး အန္တရာယ်ရှိပါတယ်။
(၁၀)သွေးတွင်း ကိုလက်စထရောများလို့ ညဖက်တစ်လုံး သောက်ရလေ့ရှိတဲ့ Statin အုပ်စုဝင်ဆေးများဟာ အရက်နဲ့ ယှဉ်တွဲမိသွားရင် အသည်းထိခိုက်ခြင်း၊ ယားယံခြင်း၊ အစာအိမ်ထိခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၁၁)ပဋိဇီဝဆေး(အရပ်အခေါ် ပိုးသတ်ဆေး)တွေဟာ အုပ်စုများစွာ ရှိပါတယ်။ အဲဒီအထဲကမှ တီဘီရောဂါမှာ သောက်တဲ့ Isoniazid, Rifampicin စတဲ့ဆေးများ၊ မက်ထရို Meronidazole၊ မှိုရောဂါဆေး Ketokonazolr စတဲ့ ဆေးများအပါအဝင် ပဋိဇီဝဆေး အတော်များများဟာ အရက်နဲ့တွေ့ရင် ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေ ပေါ်လာစေပါတယ်။ မက်ထရိုကတော့ အဆိုးဆုံးပါပဲ။ ဒါ့အပြင် ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
(၁၂)ပျို့အန်ခြင်း၊ ကားမူးခြင်း တို့မှာ သောက်ရတဲ့ဆေး Meclizine, Dimenhydrinate တို့ဟာ မူးဝေအိပ်ချင်မှု ပြင်းထန်ခြင်းတွေ ဖြစ်စေပါတယ်။ Dimenhydrinate ဟာ အဝေးပြေးကားဂိတ်တွေက ဈေးသည်လေးတွေ ကားမူးပျောက်ဆေးလို့ လိုက်ရောင်းနေတဲ့ ပလတ်စတစ်အကြည်လေးတွေနဲ့ ပါကင်ပိတ်ထားသော အဝါရောင်ဆေးလေးတွေ ဖြစ်ပါတယ်။
(၁၃)အတက်ရောဂါရှိလို့ Phenytoin, Phenobarbital အုပ်စုဝင်ဆေးများ သောက်နေရရင် အရက်ကို ရှောင်ရပါမယ်။ အတက် အကြိမ်အရေအတွက် ပိုစိပ်ခြင်း၊ မူးဝေအိပ်ချင်ခြင်း စတာတွေ ပြင်းထန်စွာ ပေါ်လာတတ်ပါတယ်။
(၁၄)ဒါ့အပြင် အိပ်ဆေးများ အားလုံးဟာ အရက်နဲ့တွေ့ရင် နှစ်ခုလုံးရဲ့ အာနိသင်ကို ပိုဆိုးစေပြီး မူးဝေ အိပ်ပျော်၊ အသက်ရှုရပ်တဲ့ အထိ ဖြစ်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။
(၁၅)တိုင်းရင်းဆေး တစ်ချို့ဟာလည်း အရက်နဲ့ မတည့်ကြပါဘူး။ တိုင်းရင်းဆေးအချို့ကို အရက်နဲ့တွဲသောက်တဲ့ အလေ့ရှိတာနဲ့ တိုင်းရင်းဆေးတိုင်း အရက်နဲ့ တည့်တယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် အရက်နဲ့သောက်လို့ရတယ်လို့ သက်ဆိုင်ရာ တိုင်းရင်းဆေး ကျွမ်းကျင်သူက ထောက်ခံချက်မပေးသောဆေးများကို အရက်နဲ့ တွဲသောက်ခြင်းရှောင်ကျဉ်ပါ။
အချုပ်ပြောရရင် ဆေးဝါးအများစုဟာ အရက်နဲ့ အပြန်အလှန် ဓာတ်ပြုတတ်ကြပြီး မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးကိုပဲ ပေးတတ်ကြတာများလို့ ဆေးသောက်ခြင်းနဲ့ အရက်သောက်ခြင်းနှစ်ခု တွဲလုပ်ခြင်းဟာ မသင့်ပါဘူး။ ကိုယ်သောက်နေတဲ့ဆေးနဲ့ အရက်နဲ့ ဘယ်လို ဆက်စပ်မှု ရှိသလဲဆိုတာ ပေးတဲ့ဆရာဝန်ကို မေးပါ။ အကြမ်းဖျင်းတော့ အရက်နဲ့ ဆေးတိုင်းကို အနည်းဆုံး ၁၂ နာရီလောက် ခြားသင့်ပါတယ်။
စွမ်းရည်ပြည့် ဈေးကွက်ဖော်ဆောင်မှု ပညတ်တော် ၁၀ ပါး
ကုမ္ပဏီက ဈေးကွက်ကို အပိုင်းပိုင်းခွဲပြီး အကောင်းဆုံးအပိုင်းကို ရွေးချယ်ပါ။ ရွေးလိုက်တဲ့ အပိုင်းကဏ္ဍမှာ အခိုင်မာဆုံး အဆင့်အတန်းရအောင် ကြိုးစားပါ။
ကုမ္ပဏီဟာ သူ့ဝယ်ယူသုံးစွဲသူတွေရဲ့ လိုအပ်ချက်၊ လိုအင်ဆန္ဒ၊ နှစ်သက်မှုတွေကို မြေပုံဆွဲထားရမှာ ဖြစ်သလို သူ့ရှယ်ယာဝင်တွေအနေနဲ့ ဝန်ဆောင်မှုပေးဖို့ စိတ်ထဲစွဲနေအောင် တွန်းအားပေး လှုံ့ဆော်နေရပါမယ်။
ကုမ္ပဏီအနေနဲ့ ပြိုင်ဘက် ကုမ္ပဏီတွေအကြောင်းနဲ့ သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကို မျက်ခြေမပြတ် သိနေရမယ်။
ကုမ္ပဏီဟာ သူ့ရှယ်ယာဝင်တွေအပြင် လုပ်ဖော်ကိုင်ဖက်တွေ ဝန်ထမ်းတွေကို စည်းရုံးပြီး ဆုလာဒ်တွေ ရက်ရက်ရောရော ပေးရပါမယ်။
ကုမ္ပဏီဟာ အခွင့်အလမ်းတွေ၊ အဆင့်အတန်းမြင့်မှုတွေကို အသိအမှတ်ပြုပြီး စနစ်တွေချမှတ်လို့ အကောင်းဆုံး စနစ်ကို ရွေးချယ်ကျင့်သုံးရမယ်။
ကုမ္ပဏီဟာ ဈေးကွက်စီမံချက်စံနစ်ကို ရေတိုရေရှည် စီမံကိန်းအမြင်တွေနဲ့ စီမံခန့်ခွဲသွားရမယ်။
ကုမ္ပဏီက သူ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုကို တွဲဘက်ပြီး ထိန်းကြောင်း ကွပ်ကဲမှု ခိုင်မြဲသန်မာအောင် လေ့ကျင့်ရမယ်။
ကုမ္ပဏီဟာ အစွမ်းထက်ဆုံး ဆက်သွယ်ရေးနဲ့ ရောင်းအားမြင့် လက်နက်ကိရိယာတွေကို အသုံးပြုပြီး ကုန်အမှတ်တံဆိပ် ခိုင်မာအောင် တည်ဆောက်ရမယ်။
ကုမ္ပဏီဟာ ဈေးကွက်စီမံရေးရာ ခေါင်းဆောင်မှုနဲ့ ဌာနအသီးသီးမှာ စည်းလုံးညီညွတ်ရေး စိတ်ဓါတ်ကို သွတ်သွင်း တည်ဆောက်ပေးရမယ်။
ကုမ္ပဏီဟာ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်နိုင်စွမ်းရှိပြီး အကျိုးထူးစေမယ့် နည်းပညာတွေကို အဆက်မပြတ် ဆည်းပူး ပေါင်းစပ်ပေးရမယ်။
ref: Ten Deadly Marketing Sins by Philip Kotler
(မားကက်တင်း အမှားတွေကို ပြင်ကြစို့ − ညီညီနိုင်)
CEO နိဒါန်းစကား
နိဒါန်းစကား @ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်း အတွဲ(၆)၊ အမှတ်(၁၀)၊ သြဂုတ်လ၊ ၂၀၁၁။
လုပ်ဖော်ကိုင်ဖက်များအား Motivate ဖြစ်အောင်လုပ်ပေးဖို့ နေနေသာသာ ကိုယ်တိုင် Motivation ကျနေသော ခံစားချက်မျိုး မန်နေဂျာတိုင်း တွေ့ကြုံခံစားဖူးပါလိမ့်မည်။ လုပ်ငန်းအဖွဲ့အစည်းတစ်ခု အောင်မြင်ရန်အတွက် လူတိုင်း၏ စိတ်ဝင်တစား တက်တက်ကြွကြွ ဆောင်ရွက်လိုမှုက အလုပ်၏ ရာခိုင်နှုန်း တော်တော်များများကို ပြီးစီးစေနိုင်သလို ပြိုင်ဘက်လုပ်ငန်းများနှင့် ယှဉ်ပြိုင်ရာ၌လည်း တစ်ပန်းသာပြီး ဖြစ်ကြောင်းကို မန်နေဂျာတိုင်း သိပြီးသား ဖြစ်ကြပါလိမ့်မည်။
လုပ်ငန်းအတွေ့အကြုံကို သင်ခန်းစာယူပြီး ပြန်အကောင်အထည်ဖော်ရသည့် အထဲတွင် Management ပညာရပ်သည်လည်း ရှေ့ဆုံးကပါဝင်ပါသည်။ လုပ်ငန်းမှန်သမျှ လူအချင်းချင်းဆက်သွယ်မှု မပြု၍ မရသည့်အတွက် အတွေး၊ အမြင်၊ ခံစားချက်၊ တန်ဖိုးထားမှု၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တို့တွင် တစ်ဦးနှင့်တစ်ဦး မည်သို့မျှမတူနိုင်သော အင်အားစုကို စီမံအုပ်ချုပ်ရသည့်အတွက် အောင်မြင်သော မန်နေဂျာတစ်ဦး ဖြစ်လာရန်မှာ အလွန်ခက်ခဲပါသည်။
စီမံခန့်ခွဲမှု ပညာရှင်တို့၏ ဆိုဆုံးမစကားအရ ဦးဆောင်သူမန်နေဂျာသည် “အလုပ်မှန်သမျှ အသေးစိတ်ဝင်လုပ်ရန် မလိုသော်လည်း လုပ်ငန်းအသေးစိတ်အားလုံးကို သိရှိနေရန်လိုသည်။ လစ်ဟာနေသော ကွက်လပ်ကို မြင်တတ်ရသလို ရှေ့ဆက်ရမည့် ဦးတည်ချက် မြင့်မြင့်မားမားကိုလည်း မျှော်မှန်းနိုင်သူ ဖြစ်ရမည်။ သဘောထားကြီးရမည်။ ခွင့်လွှတ်တတ်ရမည်။ နှလုံးသားနှင့် ခံစားပေးပြီး ဦးနှောက်နှင့် ဆုံးဖြတ်ရဲရမည်။ အဖွဲ့အစည်း၏ ဦးတည်ချက်နှင့် လုပ်ဖော်ကိုင်ဖက်တို့၏ ရည်မှန်းချက်ကို အတတ်နိုင်ဆုံး Alignment ညီအောင် ညှိပေးနိုင်သူဖြစ်ရမည်။” ဟုဆိုသည်။ မလွယ်ပါ။ အလွန်ခက်၏။ သို့သော် အမှန်တကယ်လည်း လိုအပ်ပါ၏။
16.5.2011
အရက်​ပြဿနာ
လွန်ခဲ့သော ရက်​သတ္တ​တစ်​ပတ်​လောက်​က နံနက်​စောစော လမ်း​လျောက်​ရာ​မှ ပြန်လာ​သော​အခါ အသက် ၄​၀ ကျော်​ခန့်​ရှိ ဦး​ပဉ္ဇင်း​တစ်ပါး အိမ်​မှ ထိုင်​၍ စောင့်​နေ​ခြင်း​ကို တွေ့​ရ​၏။ မျက်နှာ​ကို မ​မြင်​ဖူး​သ​ဖြင့် လျှောက်ထား​စုံစမ်း​ရာ ရပ်​ဝေး​မှ​ဖြစ်​၍ ကျွန်ုပ်​ကို မ​မြင်​ဖူး​သော​ကြောင့် တမင်​တကာ​ဝင်​၍ ကြည့်​ကြောင်း ပြော​၏။ ထို့နောက် ကျွန်ုပ်၏ ဒိ​ဌေ​ဒိဌ​မတ္တံ ကျင့်​စဉ်​စာအုပ်​ကို ဖတ်​ရှု​ရ​၍ သဘောကျ​ကြောင်း ပြော​၏။ သို့သော်-
ဇင်း။     ။ “တကာ​ကြီး​က အရက်​သောက်​တာ အပြစ်​မ​ရှိ​ဘူး​လို့ ရေး​ဖူး​တယ်​ဆို၊ တကာ​ကြီး ကိုယ်တိုင်​ကော အရက်​သောက်​သလား”
နုပ်။      ။ “စာအုပ်​ထဲ​မှာ တွေ့​ပါ​သလား ဘုရား”
ဇင်း။     ။ “စာအုပ်​ထဲ​မှာ​တော့ မ​တွေ့​ပါ​ဘူး၊ တစ်​နေရာ​မှာ ရေး​ဖူး​တယ်​လို့ ပြော​ကြ​တယ်။”
နုပ်။      ။ “တင်​ပါ၊ တပည့်တော်​ရဲ့ “ဖြောင့်​ချက်”ဆို​တဲ့ ဆောင်းပါး​ထဲ​မှာ ရေး​ဖူး​ပါ​တယ်​ဘုရား”
ဇင်း။     ။ “ဘာ​ကြောင့် ရေး​တာ​လဲ တကာ​ကြီး”
နုပ်။      ။ “ဖြောင့်​ချက်​ဆို​တော့ တပည့်တော်​ရဲ့ အယူ​အဆ​နဲ့ အပြုအမူ​တွေ​ကို ဟုတ်မှန်​တဲ့​အတိုင်း ဖော်​ထုတ်​ပြီး ရေး​ရ​မည့် တာဝန်ရှိ​လို့​ပါ​ဘုရား”
ဇင်း။     ။ “ဘယ်​သူ​က ရေး​ခိုင်း​လို့ ရေး​တာ​လဲ တကာ​ကြီး။ စိတ်​မ​ရှိ ပါ​နဲ့နော်၊ ဦး​ပဉ္ဇင်း​က တကာ​ကြီး​ဘက်​သား​ပါ”
နုပ်။      ။ “ဘယ်​လို ဘက်​သား​ပါ​လဲ ဘုရား”
ဇင်း။     ။ “လူ​တွေ​က မဟုတ်တရုတ် စွပ်စွဲ​ကြ​လေ​သလား​လို့ ကိုယ်တိုင်​ဝင်​ပြီး မေး​ကြည့်​တာ​ပဲ”
နုပ်။      ။ “ကျေးဇူးတင်​ပါ​တယ်​ဘုရား၊ တပည့်တော် ဖြေ​ပါ​တော့​မယ်၊ ဦး​ပဉ္ဇင်း​ရဲ့ မေးခွန်း​တွေ​က တစ်​ထိုင်​တည်း​မှာ သုံး​ခု​ရှိ​သွား​ပါ​ပြီ။ (၁) ဖြောင့်​ချက်​တွေ​ကို ဘယ်​သူ​ရေး​ခိုင်း​သလဲ။ (၂) အရက်​သောက်​တာ အပြစ်​မ​ရှိ​ဘူး​လို့ ရေး​သလား။ (၃) တကာ​ကြီး ကိုယ်တိုင် အရက်​သောက်​သလား။ ဟုတ်ကဲ့​လား​ဘုရား”
ဇင်း။     ။ “အရက်​သောက်​သေး​သလား​လို့ ဆိုလို​ပါ​တယ်”
နုပ်။      ။ “မှန်​လှ​ပါ​ဘုရား၊ ဘယ်​သူ​က ရေး​ခိုင်း​သလဲ​ဆို​တဲ့ မေးခွန်း​ကို ဖြေ​ရ​လျှင် ဘယ်​သူ​က​မှ​တော့ အရေး​မ​ခိုင်း​ပါ​ဘုရား။ သို့သော် တပည့်တော်​က လောကုတ္တရာ ရေးရာ​အတွက် အားထုတ်​နေ​သူ ဖြစ်​တဲ့​အပြင် ကိုယ်​သိ​သ​မျှ မြင်​သ​မျှ​ကလေး​ကို သူတစ်ပါး​အား တင်ပြ​နေ​သူ​ဖြစ်​လေ​တော့ ကိုယ့်​အပေါ်​မှာ သံသယ ကင်း​ရှင်း​သွား​စေ​လို​သည်​တစ်​ကြောင်း၊ တပည့်တော်​ရဲ့ ဝါသနာ​တစ်​ခု​က ဘယ်​သူ​တွေ လက်ခံ​ခြင်း လက်မ​ခံ​ခြင်း​ကို အပ​ထား၊ ကိုယ်တိုင် စိတ်ချ​လက်ချ ယုံကြည်​ထား​တဲ့ အခြင်းအရာ​တစ်​ခု​ကို တင်ပြ​ရ​မှ ကျေနပ်​တတ်​တာ​က တစ်​ကြောင်း ဖြစ်​ပါ​တယ်​ဘုရား”
ဇင်း။     ။ “ဖြောင့်​ချက်​ရေး​ရ​ခြင်း အကြောင်း​ကတော့ ဟုတ်​ပါ​ပြီ​ဗျာ၊ အရက်​သောက်​တာ အပြစ်​မ​ရှိ​ဘူး​လို့ ရေး​တာ​က ဘယ်​လို​လဲ တကာ​ကြီး”
နုပ်။      ။ “ဦး​ပဉ္ဇင်း​က တပည့်တော်​ရဲ့ ဆောင်းပါး​ကို ကိုယ်တိုင်​ဖတ်​ဖူး​ဟန် မ​တူ​ပါ​ဘူး”
ဇင်း။     ။ “ဒိ​ဌေ ဒိဌ​မတ္တံ စာအုပ်​ကို​သာ ဖတ်​ဖူး​တယ်၊ ဖြောင့်​ချက်​ကို မ​ဖတ်​ဖူး​ပါ​ဘူး၊ သူ​ပြော​လူ​ပြော​ပါ​ပဲ”
နုပ်။      ။ “စာ​ကို သေသေချာချာ မ​ဖတ်​ဘဲ​နဲ့ ပြော​ကြ​တာ​ပါ​ဘုရား။ အပြစ်​မ​ရှိ​ဘူး​လို့ မ​ရေး​ဖူး​ပါ​ဘူး၊ ငရဲ​မ​ကြီး​ဖူး​လို့​သာ ရေး​ပါ​တယ်​ဘုရား”
ဇင်း။     ။ “ဘာ​ကြောင့် ငရဲ​မ​ကြီး​ရသ​လဲ​ဗျ၊ သု​ရာ​မေရယ သိက္ခာပုဒ်​ပဲ’
နုပ်။      ။ “ငရဲ​ကြီး​တယ်၊ သို့မဟုတ် အပါယ်​ကျ​တယ်​ဆို​တာ ဒုစရိုက် ၁​၀ ပါး ကျူးလွန်​မှ မဟုတ်​လား​ဘုရား၊ သု​ရာ​မေရယ​ဟာ သီလ​နယ်​ထဲ​က မဟုတ်​ပါ​လား ဘုရား။ ဒုစရိုက်​မှု​နဲ့ သီလ​က တခြား​စီ​ပါ​ဘုရား။ ဒုစရိုက်​မှု​ဆို​တာ​က ကျူးလွန်​လျှင် အပါယ်​ကျ​တယ်။ သီလ​ဆို​တာ​က ကောင်း​သော အလေ့​အကျင့် ဖြစ်​ပါ​တယ်။ အရက်​သောက်​ခြင်း​ဟာ ကောင်း​သော အလေ့​တော့ မဟုတ်​ဘူး​ပေါ့ ဘုရား။ နစ္စ၊ ဂီ​တ၊ ဝါ​ဒိ​တ ဆို​တာ​မျိုး​တွေ​လို​ပေါ့။ ရှောင်​လျှင်​ကောင်း​တယ်၊ သို့မဟုတ် ငရဲ​တော့ မ​ကြီး​ပါ​ဘူး​ဘုရား။”
ဇင်း။     ။ “သို့သော် သု​ရာ​မေရယ​ကို ကာ​မေ​သု မိစ္ဆာ​စာ​ရ​ကံ​ထဲ​မှာ ထည့်​သွင်း​ရ​မယ်​လို့ အဌကထာ ဆရာ​က ဆို​တယ် တကာ​ကြီး”
နုပ်။      ။ “ဒါ​က သူ့​အယူ​အဆ​ကိုး​ဘုရား။ သူတစ်ပါး​မယား​ကို ပြစ်​မှား​တာ​နဲ့ ကိုယ့်​ပိုက်ဆံ​နဲ့ ကိုယ်​ဝယ်​သောက်​တာ​နဲ့ ဘာ​များ သက်ဆိုင်​လို့​လဲ ဘုရား”
ဇင်း။     ။ “ကာမဂုဏ်​ခံစား​တဲ့ သ​ဘာ​ဝ​ချင်း​တူ​တယ် တကာ​ကြီး”
နုပ်။      ။ “ကာမဂုဏ်​ခံစား​ရုံ​နဲ့ ငရဲ​ကြီး​တယ်​လို့ ဗုဒ္ဓ​က ဟောတော်​မ​မူ​ခဲ​ပါ​ဘူး​ဘုရား။ တစ်​ချို့​က ဘယ်​လို​တောင် ရေး​ကြ​သလဲ​ဆို​တော့ အရက်​သောက်​တဲ့​လူ​ဟာ ရသာရုံ​ခံစား​ခြင်း​ပဲ​တဲ့။ ကိုယ်တိုင် ဘာ​မှ​မ​သိ​ဘဲ​နဲ့ ရမ်း​ပြီး​ရေး​ချင်​တဲ့ လူ​တွေ​ကြောင့် ခက်​တာ​ပဲ၊ အရက်​သောက်​တယ်​ဆို​တာ ရသာရုံ​ခံစား​ခြင်း မဟုတ်​တဲ့​အပြင် အစ​ပထမ​မှာ ရှုံ့⁠ရှုံ့​မဲ့⁠မဲ့​နဲ့ မျို​ချ​ရ​တဲ့ အရည်​ပါ​ဘုရား၊ နောက်​တော့​မှ ဇိမ်​တစ်​မျိုး ရှိ​တယ်​ဆို​ပြီး ကြိုက်​တတ်​လာ​ခြင်း ဖြစ်​ပါ​တယ်။ ‘ဇိမ်’ကို ကြိုက်​ခြင်း​ပါ။ အရသာ​ကို ကြိုက်​ခြင်း မဟုတ်​ပါ​ဘူး​ဘုရား”
ဇင်း။     ။ “နောက်​တော့ အရသာ​ကို​ပါ ကြိုက်​လာ​တယ်​ဆို”
နုပ်။      ။ “ဒါ​ကတော့ တမာ​ရွက်​ပြုတ်​စား​တဲ့ လူ​လို​ပေါ့​ဘုရား။ ပထမ​တော့ ခါး​တယ်၊ နောက်​တော့​မှ ကြိုက်​တာ​ပါ၊ အရက်​မှာ​တော့ ဇိမ်​က အဓိက​ပါ​ဘုရား၊ ကိုယ်တိုင်​မြည်း​မ​စမ်း​ဘဲ​နဲ့ သူတစ်ပါး ပါး​စပ်​ထဲ​က အရသာ​ကို မှန်း​ဆ​ပြီး ဆရာ​လုပ်​ချင်​တဲ့​လူ​တွေ​တော့ တပည့်တော်​က တယ်​မ​တည့်​ဘူး။ သု​ရာ​မေရယ​ဟာ ငရဲ​ကြီး​တတ်​တယ်​ဆို​လျှင် ဗုဒ္ဓ​က ဒုစရိုက် ၁​၁ ပါး​လို့ ဟော​ခဲ့​မှာ​ပေါ့​ဘုရား။ ၁​၁ ပါး​ဟော​လျှင်​လည်း ဂဏန်း​အနေ​နဲ့ အရုပ်မ​ဆိုး​ပါ​ဘူး။ မီး ၁​၁ ပါး​တို့ ဘာ​တို့​ရှိ​သား​ပဲ။ ဗုဒ္ဓ​က ၁​၀ ပါး​လို့ ဟောတော်​မူ​ခဲ့​တဲ့ အထဲ​မှာ သီလ​ထဲ​က တစ်​ခု​ယူ​ပြီး ကာ​မေ​သု​ထဲ အတင်း​သွင်း​လို့ တပည့်တော်​တော့ လက်မ​ခံ​ဘူး။ သူ့​သဘော သက်သက်​ပဲ။ ဘုရား​ဟော မဟုတ်​ဘူး။”
ဇင်း။     ။ “လူ​တွေ လိမ္မာ​အောင်ဆို​တဲ့ သဘော​နဲ့ သွင်း​ထည့်​တာ​ထင်​ပါ​ရဲ့ တကာ​ကြီး၊ အရက်​သောက်​ခြင်း​ဟာ မ​ကောင်း​တာ​တော့ ဝန်ခံ​တယ် မဟုတ်​လား”
နုပ်။      ။ “အတိုင်းအရှည်​နဲ့ ဝန်ခံ​ပါ​တယ်၊ သို့သော် လိမ္မာ​အောင်ဆို​ပြီး အပို​ခြောက်လှန့်​ပေး​လျှင်​တော့ အမှန်(သစ္စာ)တရား ပျက်​တယ်​လို့ တပည့်တော်​နားလည်​ပါ​တယ်။ ဥပမာ စလောင်း​ဖုံး ၂ ချပ်​ကို​တီး​လျှင် ကျား​ကိုက်​တတ်​တယ်​လို့ ရှေ့က​လူကြီး​တွေ​က ကလေး​တွေ​ကို ခြောက်​ခဲ့​တယ်။ အမှန်​ကတော့ (မြေ)စလောင်း​ဖုံး ၂ ချပ်​ကို​တီး​လျှင် ကွဲ​မှာ​စိုး​လို့​ပါ​ပဲ။ ကလေး​တွေ​အဖို့ ဟုတ်​ချင်​ဟုတ်​မယ်။ သို့သော် လူ​တိုင်း​ဟာ ကလေး​မဟုတ်​ဘူး​ဘုရား၊ ဘာ​ပဲ​ပြော​ပြော တပည့်တော်​အနေ​နဲ့ ကတော့ ဗုဒ္ဓ​က မှန်​တဲ့​အတိုင်း ဟော​ထား​ပါ​လျှက်​နဲ့ တချို့​က ဉာဏ်​ကွန့်​ပြီး အခြောက်​တွေ အမြှောက်​တွေ​နဲ့ ဖြည့်စွက်​တာ​ကို တပည့်တော် မ​လိုလား​ဘူး​ဘုရား။ မှန်​တာ​ကို ဖော်​ထုတ်​ချင်​တာ​ပဲ”
ဇင်း။     ။ “တကာ​ကြီး​က အရက်​သောက်​တာ​ဟာ အပြစ်​မ​ရှိ​ဘူး​တဲ့​လား”
နုပ်။      ။ “ဒီ​လို​မ​လုပ်​ပါ​နဲ့ ဦး​ပဉ္ဇင်း။ တပည့်တော် ဥပမာ​ဆောင်ခဲ့​ပြီး​ကော​ဘုရား။ စလောင်း​ဖုံး ၂ ချပ်​ကို တီး​လျှင် ကျား​ကိုက်​တတ်​တယ် ဆို​တာ မဟုတ်​ပေ​မဲ့ ကွဲ​တတ်​တယ်​ဆို​တာ မှန်​သ​လို​ပဲ အရက်​သောက်​ခြင်း​ကြောင့် ငရဲ​ကြီး​တယ်​ဆို​တာ မ​မှန်​ပေ​မဲ့ စလောင်း​ဖုံး​ကွဲ​တာ​လို​ပဲ အပြစ်​တော့ ရှိ​တတ်​တာ​ပေါ့​ဘုရား။”
ဇင်း။     ။ “ရှိ​တတ်
လူ​ဖြစ်​ရ​ကျိုး​နပ်​ပါ​စေ
လူ​ဖြစ်​ရ​ကျိုး​နပ်​ပါ​စေ
ရွှေဥ​ဒေါင်း
ဤ​တစ်​ခေတ်​၌ တိုင်း​ပြည်​အစိုးရ​များ​သည် လေး​နှစ်​စီမံ​ကိန်း၊ ငါး​နှစ်​စီမံ​ကိန်း စ​သည်​ဖြင့် ကြိုတင်​၍ (palnning)ရေး​ဆွဲ​တတ်​ကြ​ပေ​ရာ၊ လူ​ပုဂ္ဂိုလ်​များ အနေ​ဖြင့်​လည်း တစ်​မျိုး​တစ်​မည် ကြိုတင်​စီမံ​တတ်​လျှင် ကောင်း​ပေ​လိမ့်​မည်။ မိမိ​တို့ စီမံ​တိုင်း ဖြစ်​သည်မ​ဟုတ်၊ အနတ္တ​သဘော​တရား​အတိုင်း သူ​ဖြစ်​ချင်​သ​လို ဖြစ်​ရ​သည်​ဆိုသော်​လည်း ယုတ်​စွ​အဆုံး မိမိ​တို့​၏ တစ်​သက်​တာ​၌ ရည်​မှန်​ချက် တစ်​ခု​ခု ထား​ခြင်း​သည် လုံး​ဝ​ရည်​မှန်း​ချက် မ​ထား​ခြင်း​ထက် ကိုယ့်ကိုယ်ကို ပဲ့ကိုင်​ဖို့ လွယ်ကူ​ပေ​လိမ့်​မည်။
သေး​နှုပ်​သော ရည်​မှန်း​ချက်​များ
များ​စွာ​သော သူ​တို့​သည် ရည်​မှန်း​ချက်​ဟူ၍ တိတိ​ကျ⁠ကျ​မ​ရှိ​ပဲ ကြီးပွား​ရေး​အတွက်​ဆို​၍ သောင်းပြောင်း သဘောထား​တတ်​ကြ​၏။ အချို့​လည်း ပိုက်ဆံ​ပေါ​ခြင်း​ကို ကြီးပွား​ခြင်း​ဟူ၍ နားလည်​၏။ အချို့​လည်း ရာထူး​ဌာ​နန္တ​ရ​တိုးတက်​ခြင်း​ကို ကြီးပွား​ခြင်း​ဟူ၍ ယူဆ​၏။ အချို့​လည်း ထင်ပေါ်ကျော်​စော​ခြင်း၊ လူ​ချီးမွမ်း​ခံ​ရ​ခြင်း၊ သူတစ်ပါး​တို့​၏​အထင်ကြီး​ခံ​ရ​ခြင်း စ​သော အခြင်းအရာ​မျိုး​ကို လိုလား​တောင့်တ​၍ ထို့​အတွက် ကြိုးစား​ကြ​၏။ ဤ​သည်​တို့​မှာ လူ​ကြိုက်​များ​သော အခြင်းအရာ​များ ဖြစ်သော်​လည်း တမလွန်​ဘဝ​ဟူ၍ ယုံကြည်​ကြ​သော ဗုဒ္ဓ​ဘာသာ​ဝင်​များ​အဖို့ လုံလောက်​အောင် ကြီးကျယ်​သော ရည်​မှန်း​ချက်​များ မဟုတ်​သေး​ချေ။
မွန်​မြတ်​သော​ရည်​မှန်း​ချက်
တမလွန်​ဘဝ​အတွက် သတိရ​သည်​ဆို​ပြန်​လျှင်​လည်း ပြုလုပ်​တတ်​ကြ​သော အစဉ်​အလာ​မှာ ဘုရားတည်​ခြင်း၊ ကျောင်း​ဆောက်​ခြင်း၊ အလှူ​ကြီး​ပေး​ခြင်း၊ ဥပုသ်စောင့်​ခြင်း​မျှ​လောက် ဆို​ပါ​က အတော်​ကြီး ဟုတ်​လှ​ပြီ​ဟု မှတ်​ထင်​တတ်​ကြ​၏။ ထို​သူ​တို့​၏ အယူ​အဆ​မှာ ကောင်းမှု​ကုသိုလ်​ပြု​လျှင် ကောင်းမှု​၏​အကျိုး​ကို နောင်​ဘဝ​၌ ခံစား​ရ​မည်​ဟူ​သည်​ပင်​ဖြစ်​၏။ ဘုန်းကြီး​များ​က​လည်း “လှူ​မှာ​ပေါ့၊ ဒါ​မှ နောင်​ဘဝ​အတွက် အထုပ်​ကလေး​ပါသွား​မယ်”ဟု အားပေး​တတ်​ကြ​၏။ ဒါန​ပြု​ခြင်း​အတွက်​ကြောင့် အထုပ်​ကလေး​ပါသွား​ခြင်း​ကား မှန်​ပေ​သည်။ သို့ရာတွင် ရွှေ​ငွေ​ပစ္စည်း​မျိုး​ထက် အတွင်း​ကျ​၍ မြတ်​သော​ဥစ္စာ​မျိုးရှိ​သေး​ခြင်း​ကို​လည်း အသိ​အမှတ်ပြု​မှ တော်​ကြ​ပေ​လိမ့်​မည်။ ၎င်း​မှာ ကိုယ်​ကျင့်​တရား​ပင် ဖြစ်​သည်။
ဂျန်​တလ်​မဲန်​ဟူ​သော​စကား
မဂ်​တရား ဖိုလ်​တရား​မှ​အပ ကိုယ်​ကျင့်​တရား​နှင့် ပတ်သက်​၍ အနောက်​တိုင်း​သား ပညာရှိ​ကြီး​များ ရေး​သားဖော်​ပြ​ခဲ့​ကြ​သည့် ကိုယ်​ကျင့်​တရား န​မူ​နာ​မျိုး​မှာ​လည်း မ​ထီ​မဲ့​မြင် ပြု​ခြင်း​ကား မ​ထိုက်​ပေ။ ပမာ​ဆိုသော် (Dr. Smiles’ Character) ဒေါက်​တာ​ဆ​မိုင်းလ်​၏ “ကိုယ်​ကျင့်​တရား” ဟူ​သော အခန်း​တွင် (Gentleman) “ဂျန်​တလ်​မဲန်” နှစ်​မျိုး​နှစ်​စား ခွဲ​ခြားဖော်​ပြ​ထား​ပုံ​မှာ ကိုယ်​ကျင့်​တရား​နှင့် ပတ်သက်​၍ လေ့​လာ​လို​သူ​များ​အဖို့ စိတ်ဝင်စား​ဖွယ် ကောင်း​လှ​ပေ​သည်။ ၎င်း​စာအုပ်​ကို ကျောင်း​၌ သင်​ခဲ့​ရ​ကတည်းက အနောက်​တိုင်း​သား​များ​သည် (လောဘကြီး​သော နယ်​ချဲ့​သမား​များ ဖြစ်သော်​လည်း) ကိုယ်​ကျင့်​တရား​နှင့် ပတ်သက်​၍ အတော်​ကြီး နားလည်​သော ပညာရှိ​ကြီး​များ​လည်း ရှိ​ကြ​ပေ​သည်​ဟု အထင်ကြီး​ခဲ့​ရ​ပါ​တော့​သည်။
သာမန်​အမျိုး​အစား
“ဂျန်​တဲလ်​မဲန်” နှစ်​မျိုးရှိ​သည့်​အနက် တစ်​မျိုး​မှာ အပေါ်ယံ​အတွက်​ဖြစ်​၍ ဒုတိယ​တစ်​မျိုး​မှာ အတွင်း​စိတ်​ဓာတ်​ကို ညွှန်း​ပြ​ထား​၏။ ၎င်း​ကို True Gentleman  “ဂျန်​တဲလ်​မဲန်​အစစ်”ဟု ခေါ်​လေ​သည်။ သာမန် “ဂျန်​တဲလ်​မဲန်”မှာ အပေါ်ယံ​အတွက်​သာ ဖြစ်​သည် ဆိုသော်​လည်း ၎င်း​ပင်​လျှင် ခေ​လှ​သည်မ​ဟုတ်​ချေ။ အမျိုး​အနွယ်​သန့်​ခြင်း၊ သပ်သပ်​ရပ်​ရပ် ဝတ်​တတ်​ခြင်း၊ ပြေပြစ်​သော အမူအရာ ရှိ​ခြင်း စ​သည်​တို့​အပြင် အမျက်​ဒေါသ​ကို မဖော်​ပြ​ပဲ ချုပ်တည်း​ထား​တတ်​ခြင်း​ဟူ​သော သိမ်းဆည်း​မှု​လည်း ပါရှိ​သော​ကြောင့် “သူ​ငါ​က​စ” အမျိုး​အစား​ထက်​သာ​သည်​ဟု ဆို​ထိုက်​ပေ​သည်။
ဂျန်​တဲလ်​မဲန်​အစစ်​၏ အင်္ဂါ​များ
နံပါတ်(၂)ဖြစ်​သော “ဂျန်​တဲလ်​မဲန်” အစစ်​၏ အရည်အချင်း​များ​ကား ဤ​မျှ​မက ကြီးကျယ်​သေး​၏။ အပေါ်ယံ​အား​ဖြင့်​မူ ဆွေ​ကြီး​မျိုး​ကြီး​ထဲ​က ဟုတ်​ချင်​မှ ဟုတ်​မည်၊ အဝတ်​အစား​မှာ​လည်း တော်​စွရော်​စွ ဝတ်​ချင်​ဝတ်​မည်၊ သို့ရာတွင် အတွင်း​စိတ်သဘော​မူကား ဇမ္ဗူ​ရစ်​ရွှေ​စင်​နှင့် ပမာ​နှိုင်း​၍ ရေး​သားဖော်​ပြ​တတ်​ကြ​၏။ ထို​လူ​မျိုး​ကား တည့်မတ်​ကြံ့ခိုင်​သော စိတ်​ဓာတ်​ရှိ​ခြင်း၊ အခါ​ခပ်သိမ်း​မှန်​သော စကား​ကို​ဆို​ခြင်း၊ တစ်ဖက်သား​အပေါ်​တွင် မ​တရား​ပြု​ဖို့ ရွံ့​ရှက်​ခြင်း၊ ကိုယ့်​သိက္ခာ​ကိုယ် စောင့်စည်း​ခြင်း၊ သေး⁠သေး​နှပ်​နှပ် မ​လုပ်​တတ် မ​ကြံ​တတ်​ခြင်း၊ ကြင်နာ​သနား​တတ်​ခြင်း၊ ကိုယ်​ချင်း​စာ​တရား​ထား​ခြင်း စ​သော အရည်အချင်း​များ အပြည့်​အဝ​ပါရှိ​လေ​သည်။ တစ်​ခါ​တစ်​ရံ ဤ​လူ​မျိုး​သည် ဆင်းရဲ​သော လယ်သမား အတန်း​အစား​ထဲ​၌​လည်း ရှိ​တတ်​ပေ​ရာ ၎င်း​ကို ‘သ​ဘာ​ဝ​အမျိုး​ကောင်း​သား’ (Nature Gentleman) ဟု ခေါ်​ကြ​၏။ အနောက်​တိုင်း​သား​များ​၏ ကောင်း​သော အချက်​တစ်​ခု​မှာ လောက အခြေအနေ​အား​ဖြင့် မည်​မျှ နိမ့်​ကျ​သော​အဖြစ်​သို့ ရောက်​နေ​စေ​ကာ​မူ ဤသို့​သော ပုဂ္ဂိုလ်​မျိုး​ကို ကြည်ညို​လေးစား​ရ​ကောင်း​မှန်း သိ​တတ်​သူ​များ ပေါ်ထွက်​လာ​တတ်​ခြင်း​ပင် ဖြစ်​လေ​သည်။
သ​ဘာ​ဝ​အမျိုး​ကောင်း​သား
တစ်​နေ့​သ​၌ အထက်​တန်း​စား​များ​ဖြစ်​ကြ​သော ဂုဏ်​သရေ​ရှိ လူကြီး​တစ်​ယောက်​နှင့် လူ​ငယ်​တစ်​ယောက် လမ်းလျှောက်​သွား​ကြ​စဉ် ဖိနပ်​ထူထူ​ကြီး​နှင့် အင်္ကျီ​ပွ​ကြီး ဝတ်​ထား​သော လယ်သမား​ကြီး​တစ်​ယောက်​နှင့် တွေ့​ကြ​၍ လူကြီး​ဖြစ်​သူ​က ဖော်​ရွေ​စွာ နှုတ်ခွန်းဆက်​သကာ အာ​လာ​ပ သလ္လာ​ပ စကားပြော​ပြီး​မှ ခွဲခွာ​သွား​ကြ​၏။ လယ်သမား​ကြီး မျက်ကွယ်​သို့ ရောက်​ကြ​သော​အခါ လူ​ငယ်​က ဤ​မျှ​လောက် လူ​ရည်​လူ​ရောင် ညံ့​ဖျင်း​သူ​တစ်​ယောက်​နှင့် နှုတ်ဆက်​ရ​သည်မှာ မ​ရှက်​ပါ​သ​လော​ဟု မေး​၏။ ဤ​တွင် လူကြီး​ဖြစ်​သူ​က ‘ဘာ​လဲ​ကွဲ့ မင်း​က ဖိနပ်​ထူ​ကြီး​နဲ့ အင်္ကျီ​ပွ​ကြီး ကြည့်​ပြီး လူ​ရည်​လူ​ရောင် မ​ရှိ​ဘူး​လို့ ပြော​သလား၊ ငါ​က ဖိနပ်​ထူ​ကြီး​နဲ့ အင်္ကျီ​ပွ​ကြီး​ကို နှုတ်ဆက်​တာ မဟုတ်​ဘူး​ကွဲ့၊ အထဲ​က လူ​ကို နှုတ်ဆက်​တာ၊ အဲ​ဒီ​အင်္ကျီ​ပွ​ကြီး​ထဲ​က လူ​က​လေ တ​ကယ့် အရည်အချင်း​ကို ချိန်​ကြည့်​လိုက်​လျှင် ချိန်ခွင်​တစ်ဖက်​မှာ မင်း​ရယ်၊ ငါ​ရယ် ငါ​တို့​လို လူ​မျိုး​တွေ ဆယ်​ယောက်​ထည့်၊ သူ့​ဘက်​ကတောင် လေး​လိမ့်​ဦး​မယ်​မောင်​ရေ့၊ ဘာ​မှတ်​လို့​လဲ’ ဟု ပြန်ပြော​လေ​သည်။ အကြောင်း​မူကား ၎င်း​လယ်သမား​ကြီး​မှာ “သ​ဘာ​ဝ​အမျိုး​ကောင်း​သား” ဖြစ်​သည်​ဟု ထို​လူကြီး​က သိ​ပြီး ဖြစ်​ပေ​သော​ကြောင့်​တည်း။
သူ​တို့​ချင်း ချီးမွမ်း​ခြင်း
အနောက်​တိုင်း​သား အင်္ဂလိပ်​လူ​မျိုး​များ​နှင့် ပတ်သက်​၍ ကြည်ညို​ဖွယ်​ကောင်း​သော အချက်​တစ်​ခု​မှာ ခေတ်​ပညာ​တတ်​တစ်​ယောက် ဖြစ်​သည်​ဆို​လျှင် Gentleman ‘ဂျန်​တဲလ်​မဲန်’ ဖြစ်​အောင် ကြိုးစား​ကောင်း​မည်​ဟု သဘောထား​ကြ​သူ များ​လှ​၏။ မဟုတ်​တော့​မှ ရှိ​စေ ‘ဂျန်​တဲလ်​မဲန်’ မဟုတ် ဟူ၍ စွပ်စွဲ​ခြင်း​ခံ​ရ​မည်​ကို ရှက်​တတ်​ကြ​သူ​ချည်း​ဖြစ်​၏။ တစ်ယောက်တလေ ‘အစစ်’ ဖြစ်​ခဲ့​လျှင်​လည်း အခြား​သူ​များ​က သိ​ကြ​၍ စကား​တစ်​ခု​လုပ်​ပြီး ပြော​လေ့​ရှိ​ကြ​၏။ ဗြိတိသျှ​အစိုးရ လက်အောက်​၌ ကျွန်ုပ်​အမှုထမ်း​ခဲ့​စဉ်​က အိုင်​စီ​အက် သုံး​လေး​ယောက်​နှင့် အခြား​အင်္ဂလိပ် အရာရှိ နှစ်​ယောက် သုံး​ယောက်​တို့​ကို အတော်​ရင်းနှီး​စွာ ဆက်ဆံ​ခဲ့​ရ​ဖူး​သည်။ (ကျွန်ုပ်၏ အလုပ်​မှာ တော​လိုက်​စာရေး Camp Clerk ဖြစ်​၍ ဘတ္တ​လာ​မှ​လွဲ​လျှင် ‘ဗိုလ်’၏ စိတ်သဘော​ကို အနီး​ကပ်​ဆုံး သိ​နိုင်​သော အလုပ်​မျိုး​ဖြစ်​သည်။) ၎င်း​အရာရှိ​များ​အနက်​တွင် ‘ဂျန်​တဲလ်​မဲန်’ တစ်​ယောက် တွေ့​ရ​သည်​ဟု ကျွန်ုပ် အကဲ​ဖြတ်​ခဲ့​မိ​ရာ အခြား​သော အရာရှိ​များ​က​လည်း (The fellow is a gentleman.) ‘ဟို​လူ​ကတော့ ဂျန်​တဲလ်​မဲန် တစ်​ယောက်​ပေ​ပဲ’ဟု သူ​တို့​အချင်းချင်း ပြော​သံ​ကြား​ရ​ဖူး​သ​ဖြင့် ကျွန်ုပ်၏ အကဲ​ဖြတ်​မှန်ကန်​ခြင်း အတွက် ဝမ်းသာ​ခဲ့​ဖူး​၏။
ဂရိတ်​မဲန်​ဟူ​သော စကား
ကိုယ်​ကျင့်​တရား​နှင့် ပတ်သက်​၍ အနောက်​တိုင်း​သား​များ​၏ သိ​တတ်​ခြင်း​တစ်​ခု တင်ပြ​လို​သေး​၏။ ၎င်း​တို့​သည် (Great Man) ‘ဂရိတ်​မဲန်’ဟူ​သော ဝေါဟာရ အသုံး​အနှုန်း​တစ်​ခု တီထွင်​ထား​ကြ​ရာ အဓိပ္ပါယ်​မှာ ‘လူကြီး’ဟူ၍ ပြန်ဆို​ရ​မည်​ဖြစ်သော်​လည်း လူ​ဦးရေ တစ်​သိန်း​တစ်​သန်း​တွင်​မှ တစ်ယောက်တလေ ရှိ​တတ်​ခြင်း ဖြစ်​သော​ကြောင့် လုံလောက်​သော အနက်​သဘော ပေါ်လွင်​စေ​မည် မဟုတ်​ချေ။ ‘ဂရိတ်​မဲန်’ ဆို​ရာ​၌ ရာထူး၊ ဌာ​နန္တ​ရ ကြီးမြင့်​ခြင်း ဟူ၍​ချည်း ဆိုလို​သည်မ​ဟုတ်၊ လူ​သာ​မာန်​တို့​နှင့် မ​တူ​အောင် စိတ်​နေ​သဘောထား ကြီးရင့်​ခြင်း​ကို ဆိုလို​သည်။ အင်္ဂလိပ်​စာရေး​ဆရာ​ကြီး​များ​အနက်​တွင် ဒေါက်​တာ​ဂျွန်​ဆင် (Dr. Johnson)အား ‘ဂရိတ်​မဲန်’ဟူ၍ သမုတ်​ကြ​ရာ ဘော်​စွယ်လ်​ရေးသား​သည့် ဂျွန်​ဆင်​၏ အတ္ထုပ္ပတ္တိ​ကို ဖတ်​ရ​သူ​များ​သည် ‘ဂရိတ်​မဲန်’ဟူ​သော အင်္ဂလိပ်​အသုံး​အနှုန်း​၏ အဓိပ္ပါယ်​ပါ​လှ​ခြင်း​ကို ခန့်​မှန်း​နိုင်​ကြ​ပေ​လိမ့်​မည်။
နီး​ကပ်​သူ​များ​ရှိ​ခြင်း
ကျွန်ုပ်သည် လူ​ချင်း ပေါင်းသင်း​ဆက်ဆံ​သည့်​အခါ ထို​သူ​၏ စိတ်​နေ​သဘောထား​နှင့် ပတ်သက်​ရာ အမှတ်မဲ့​မ​နေ​ဘဲ သတိ​နှင့် စောင့်​ကြည့်​တတ်​သော အလေ့​ရှိ​ရာ ကျွန်ုပ်၏ တစ်​သက်​တာ​တွင် ‘ဂရိတ်​မဲန်’ဟူ၍ များ⁠များ​ကြီး မ​တွေ့​ခဲ့​ရ​ဖူး​ချေ။ ကျွန်ုပ်၏ မွေးသဖခင်​၌ ‘ဂရိတ်​မဲန်’၏ အရည်အချင်း​တချို့​တ​လေ ပါရှိ​သည်​ဟု​ဆို​လျှင် ‘ကိုယ့်​ငါး​ချင် ကိုယ်​ချင်​သည်’ဟု ဆို​ဖွယ်ရာ​ဖြစ်​နေ​၏။ မည်သို့​ဆို​စေ ကျွန်ုပ်​ထက် အများ​ကြီး နီး​ကပ်​သည်​ဟူ၍​ကား ရဲ⁠ရဲ​ကြီး​ပြော​ဝံ့​သည်။ ကျွန်ုပ်​ပေါင်းသင်း ဆက်ဆံ​ခဲ့​ဘူး​သ​မျှ​တွင် ‘ဂရိတ်​မဲန်’နှင့် အနီး​ကပ်​ဆုံး​သော ပုဂ္ဂိုလ်​သည်ကား ဆရာ​ကြီး သခင်​ကိုယ်တော်​မှိုင်း​ပင် ဖြစ်​ပေ​သည်။
စိတ်သဘော​ထား​ပြည့်ဝသူ
‘ဂျန်​တလ်​မဲန်’၊’ထ​ရူး​ဂျန်​တယ်​မဲန်’၊’ဂရိတ်​မဲန်’ ဟူ​သော အင်္ဂလိပ် အခေါ်​အဝေါ်​များ​နှင့် အဓိပ္ပါယ်​ညီတူ​သော မြန်မာ​စကားလုံး မ​ရှာ​တတ်​သည့်​အတွက်​ကြောင့် မူရင်း​အခေါ်​အဝေါ်​အတိုင်း သုံး​နှုန်း​ခဲ့​ရ​သည်​ဖြစ်​ရာ မြန်မာ​အခေါ်​အဝေါ် အား​ဖြင့် အကောင်း​ဆုံး​သော အရည်အချင်း​မှာ စိတ်သဘော​ထား ပြည့်​ဝ​ခြင်း​ဟု ဆို​လျှင် မှန်​မည်​လော မ​ပြော​တတ်​ချေ။ ဤ​စကားလုံး​၌​လည်း တည့်မတ်​ခြင်း၊ ရိုးသား​ခြင်း၊ မှန်ကန်​ခြင်း၊ သည်းခံ​တတ်​ခြင်း၊ ကိုယ်​ခြင်း​စာတတ်​ခြင်း တည်း​ဟူ​သော အရည်အချင်း​များ ပါဝင်​လျက်​ရှိ​သည်။ ဤ​စာ​ကို ဖတ်​သော​သူ​သည် အထက်​ပါ​အရည်အချင်း​များ​နှင့် ပြည့်စုံ​ပါ​ပေ​သည်​ဟု စိတ်ချ​လက်ချ ယုံကြည်​ရ​သော ပုဂ္ဂိုလ်​ဘယ်နှစ်​ဦး​များ တွေ့​ဖူး​ပါ​သ​နည်း။
ကြီးကျယ်​သော​အရည်အချင်း
ငါးပါးသီလ လုံခြုံ​ပါ​သည်​ဟု ကျမ်းရွက်​၍ ပြော​ဝံ့​သူ​များ ရှိ​ချင်​ရှိ​မည်။ ငါးပါးသီလ လုံ​ရုံ​မျှ​နှင့်​လည်း ‘စိတ်သဘော​ထား ပြည့်ဝသူ’ တစ်​ယောက် ဖြစ်လာ​သေး​သည် မဟုတ်​ချေ။ (စင်စစ်​မှာ ငါးပါးသီလ လုံခြုံ​ပါ​သည်​ဟု ပြော​ဝံ့​ကြ​သော လူ​များ​သည် သေ​အရက်​မ​သောက်​ခြင်း တစ်​ခု​တည်း​ကို အခိုင်​အမာ​လုပ်​၍ ပြော​ကြ​ခြင်း​ဖြစ်​သည်။) သင်္ကန်းဝတ်​တိုင်း​လည်း ‘စိတ်သဘော​ထား ပြည့်ဝသူ’ ဖြစ်လာ​သည် မဟုတ်​သေး​ချေ။ အဘယ်​ကြောင့်​ဆိုသော် ရ​ဟန်းတော်​များ အနက်​တွင်​လည်း အဘယ်​ပုဂ္ဂိုလ်​သည် စိတ်သဘော​ထား ပြည့်​ဝ​ပေ​သည်​ဟု ၎င်း​တို့​အချင်းချင်း သိ​ကြ​သည် ဖြစ်​ပေ​သော​ကြောင့်​တည်း။ ယင်းသို့​ဆို​လျှင် ‘စိတ်သဘော​ထား ပြည့်​ဝ​ခြင်း’ သည် အတော်​ကြီးကျယ်​သော အရည်အချင်း​ပါ​ပေ​တကား။
ခဲယဉ်း​သော​အရာ
မ​ကြီးကျယ်​ဘဲ ရှိ​မည်​လော ‘စိတ်သဘော​ထား​ပြည့်​ဝ’ ဖို့​မှာ ဝန်ကြီး​ဖြစ်​ဖို့​ထက်​လည်း ခဲယဉ်း​၏။ သူဌေး​ဖြစ်​ဖို့​ထက်​လည်း ခဲယဉ်း​၏။ ရဟန်းပြု​ဖို့​ထက်​လည်း ခဲယဉ်း​လှ​သည်။ သူဌေး ဖြစ်​ဖို့​မှာ အင်​ပို့​လိုင်စင်​ရအောင် လှော်​ခတ် တတ်​လျင် ဖြစ်​နိုင်​၏။ ဤ​ဘဝ​၌ မ​ဖြစ်​နိုင်​လျှင်​လည်း ဒါန​မျိုးစေ့​ကလေး ချ​ပြီး နောင်​ဘဝ​တွင်​ဖြစ်​ဖို့ မျှော်လင့်​နိုင်​၏။ ရဟန်းပြု​ဖို့​မှာ​လည်း (ဒုလ္လ​ဘ ရ​ခဲ​သည် ဆို​စေ​ကာ​မူ) ဤ​ခေတ်​တွင် နက်ဖြန်​သန်ဘက် လူထွက်​မည်​အကြံ​နှင့် ယနေ့​ဝတ်​နိုင်​လျှင် ယနေ့​ဖြစ်​နိုင်​သည်​အထိ လွယ်ကူ​လျက်​ရှိ​လေ​ပြီ။ စိတ်သဘော​ထား ပြည့်​ဝ​ဖို့​မူကား (ကျွန်ုပ်၏ ယုံကြည်​ချက်​အရ) တစ်​ဘဝ နှစ်​ဘဝ​နှင့် ဖြစ်​နိုင်​သော အခြင်းအရာ မဟုတ်​ချေ။
တွေ့​ရ​ခဲ​လှ​သည်
ဤ​စာ​ကို ဖတ်​သော​သူ​သည် ပတ်ဝန်းကျင်​ကို လှမ်းမျှော်​ကြည့်​လိုက်​သည့်​အခါ စိတ်သဘော​ထား ပြည့်ဝသူ တစ်ယောက်တလေ တွေ့​ရ​တိုင်း အသင့်​အတင့် လူ​ရာ​ထောင်​နှင့် သဘောထား သေး​သိမ်​ညံ့​ဖျင်း​သူ​အချို့​ကို တွေ့​ရ​ပေ​လိမ့်​မည်။ ဤ​ဘဝ​၌ လူ​မွဲ​ဖြစ်သော်​လည်း မ​ကြာ​မီ (ထီပေါက်​၍ ဖြစ်​စေ၊ အခြား​နည်း​အား​ဖြင့် ဖြစ်​စေ) သူဌေး​ဖြစ်​သွား​သူ​များ​ကို တွေ့​နိုင်​သည်။ သို့​တည်း​မဟုတ် နောင်​ဘဝ​တွင် နတ်ပြည်​ရောက်​သည်​အထိ စည်းစိမ်​ဖြင့် တက်​သွား​သော ပုဂ္ဂိုလ်​များ ရှိ​သည်​ဟု စာဆို​ရှိ​၍ ယုံ​လည်း​ယုံ​ထိုက်​သည်။ သို့ရာတွင် သဘောထား​နုပ်​ဖဲ့ သေး​သိမ်​သူ​တစ်​ယောက် အဖြစ်​မှ သဘောထား​ပြည့်ဝသူ တစ်​ယောက် ဖြစ်လာ​သည်မှာ မည်​မျှ​ခဲယဉ်း​သည် ထင်​သ​နည်း။ အမှတ်မဲ့ နေ​သူ​များ​အဖို့​မှာ ကမ္ဘာ​အသင်္ချေ​ကြာသော်​လည်း ဖြစ်​ဖို့​ခဲယဉ်း​လှ​သေး​သည်။ သို့မဟုတ်​ခဲ့​လျှင် အစ​မ​ထင်​သော ဘဝ​သံသရာ​မှ ဖြစ်လာ​ကြ​သော သတ္တဝါ​တွေ​ချည်း ဖြစ်​သော​ကြောင့် ယခု​လောက်​ကြာ​လျှင် စိတ်သဘော​ထား ပြည့်ဝသူ​တွေ​ချည်း ဖြစ်​ကုန်​လောက်​သင့်​ပေ​ပြီ။
ရင့်​ချည်​နု​ချည် မ​ဖြစ်​နိုင်
ကာ​မာ​ဝ​စ​ရ​ကုသိုလ်​ကံ အကျိုး​ပေး​အလျောက် လူ​ဖြစ်​လိုက်၊ နတ်​ဖြစ်​လိုက်၊ ခွေး​ဖြစ်​လိုက်၊ မြင့်​ချည်​နိမ့်​ချည် ဖြစ်​တတ်​ကြသော်​လည်း တစ်​ခု​သော သတ္တဝါ​သည် စိတ်သဘော​ထား ပြည့်​ဝ​ချည်​တစ်​ခါ၊ သိမ်​ဖျင်း​ယုတ်ညံ့​ချည် တစ်​လှည့် ဟူ၍ မ​ဖြစ်​စ​ကောင်း​ချေ။ သို့​ဆို​လျှင် ‘ပါရမီ’ ဟူ​သော စကား​သည် အဓိပ္ပာယ်​မ​ရှိ​ဘဲ ဖြစ်​သွား​ရ​ပေ​တော့​မည်။ အလောင်းတော်​ကိုယ်တိုင် လေး​သင်္ချေ​နှင့် ကမ္ဘာ​တစ်​သိန်း​မျှ ပါရမီ ဖြည့်တော်​မူ​ခဲ့​ရ​သည့်​အတွင်း ခွေး၊ ဝက်၊ ကြွက်၊ ကြက် စ​သည့် တိရစ္ဆာန်​ဘဝ​များ​သို့ လျှော​ဆင့်​ချည်​တစ်​ခါ၊ ဗြဟ္မာ၊ သိကြား၊ နတ်​သား​နှင့် စကြာ​ဝ​တေး​မင်း ဖြစ်​ချည်​တစ်​ခါ နိမ့်​ချည်​မြင့်​ချည်​ဖြစ်​ခဲ့​ရသော်​လည်း ပါရမီ​မူကား ဒီ​ပင်္က​ရာ​မြတ်​စွာ​ဘုရား လက်​ထက်တော်​၌ သု​မေ​ဓာ​ရှင်​ရသေ့​ဘဝ​မှ​သည် သိဒ္ဓတ္ထ​မင်းသား​ဘဝ​သို့​တိုင်အောင် တ​ဖြည်း​ဖြည်း ရင့်​သည်​ထက်​ရင့်​လျက် လာ​သည်​ဟု ယူ​ရ​ပေ​လိမ့်​မည်။ အဘယ်​ကြောင့်​ဆိုသော် ပါရမီ​ဟူ​သည်မှာ နု​ချည်​ရင့်​ချည် မ​ဖြစ်​သင့်​သော​ကြောင့်​ပေ​တည်း။ သို့​ဆို​လျှင် ဖြည့်တင်း​ရ​ခြင်း​အတွက် အားရှိ​စရာ မဟုတ်​တော့​ချေ။
တ​ဖြည်း⁠ဖြည်း​တက်​ရ​သည်
ပါရမီ​ဟူ​သည်မှာ (ဗုဒ္ဓ​ဘာသာ​ကို ယုံကြည်​သူ​ဖြစ်​ခဲ့​လျှင်) သတ္တဝါ​တိုင်း ဖြည့်​ရ​သည့် ဝတ္တရား​ဖြစ်​သည်​ဟု လက်ခံ​မှ ဖြစ်​လိမ့်​မည်။ သမ္မာ​သံ​ဗုဒ္ဓ​တစ်​ဆူ ဖြစ်​လို​သူ​အတွက် လေး​သင်္ချေ​နှင့် ကမ္ဘာ​တစ်​သိန်း၊ ပစ္စေကဗုဒ္ဓ ဖြစ်​လို​သူ​အတွက် တစ်​သင်္ချေ​နှင့် ကမ္ဘာ​တစ်​သိန်း၊ အဂ္ဂသာဝက ဖြစ်​လို​သူ​အတွက် ကမ္ဘာ​တစ်​သိန်း ဟူ၍ စာဆို​ရှိ​ပေ​ရာ ပကတိ​လူ​များ​အတွက်​မှာ ကမ္ဘာ​အရေအတွက် အတိ​အကျ သတ်​မှတ်ထား​ခြင်း မ​ရှိသော်​လည်း ဖြည့်​ဖို့​လို​ခြင်း​ကား မုချ​ဖြစ်​၏။ ပန်း​တစ်​ပွင့်​လှူ​ခြင်း​ကြောင့် နတ်ပြည်​ရောက်​သည်​ဆို​သော ဝတ္ထု​သက်သေ​များ ရှိသော်​လည်း ပါရမီ ရင့်​ကျက်​ဖို့ ဟူ​သည်မှာ ကာ​မာ​ဝ​စ​ရ ကုသိုလ်​ပြု​ခြင်း​မျိုး​ကဲ့သို့ လွယ်ကူ​သည်မ​ဟုတ်၊ ဗြုန်း⁠ဗြုန်း​ဒိုင်း​ဒိုင်း ဖြစ်​နိုင်​သော ကိစ္စ​မျိုး​လည်း မဟုတ်​ချေ။
စိတ်​ညွတ်​ခြင်း
ကောင်း​ပါ​ပြီ၊ ပါရမီ ရင့်​ကျက်​အောင် ဖြည့်​ဖို့​လို​အပ်​သည်​ဆို​လျှင် မည်သို့ ကိစ္စ​ရှိ​ပါ​သ​နည်း​ဟု မေး​ငြား​အံ့။ ရှေးဦးစွာ မည်​သည့်​အခြင်းအရာ​သည် မြတ်​သည်​ဟု သဘောပေါက်​နားလည်​အောင် ကြိုးစား​ရ​ပေ​လိမ့်​မည်။ ပိုက်ဆံ​ပေါ​ခြင်း​သည် ကောင်း​၏၊ ထင်ပေါ်ကျော်​စော​ခြင်း၊ တန်ခိုးကြီး​ခြင်း၊ ရာထူး​ဌာ​နန္တ​ရ ကြီး​ခြင်း၊ ဩဇာ​တိက္က​မ​နှင့် ပြည့်စုံ​ခြင်း စ​သော အခြင်းအရာ​များ​သည် ကောင်း​၏​ဟု လူ​တိုင်း​နားလည်​၍ လူ​တိုင်း တောင့်တ​ကြသော်​လည်း စိတ်သဘော​ထား​ပြည့်​ဝ​ခြင်း​သည် သာ​၍​ကောင်း​၏​ဟူ၍ လူ​တိုင်း နား​မ​လည်​ချေ။ သတ္တဝါ​သည် တောင့်တ​သော (စိတ်​ညွတ်​သော) အခြင်းအရာ​ကို တစ်​နေ့⁠နေ့​တွင် ရတတ်​သော သ​ဘာ​ဝ​ရှိ​၏။ ပစ္စေကဗုဒ္ဓ​အား တစ်​စုံ​တစ်​ခု ပေး​လှူ​ပြီး ဆုတောင်း​သည့်​အခါ တောင်း​သော​ဆု​အတိုင်း ပြည့်စုံ​သည်​ဟု စာဆို​ရှိ​၏။ အလကား​တောင်း​၍​ကား မ​ရ​ချေ။ သ​ဘာ​ဝ​ဥပဒေ Natural Law အရ​မှာ ကောင်းမှု​တစ်​ခု ပြု​တိုင်း​ပြု​တိုင်း ဆန္ဒ​ပြည့်စုံ​စေ​ဖို့ အကျိုး​ပေး​တတ်​သည်​ဖြစ်​ရာ ပစ္စေကဗုဒ္ဓ​နှင့် မ​ကြုံကြိုက်​၍ ချက်ချင်း သို့မဟုတ် လျင်မြန်​စွာ အကျိုး​မ​ပေး​လျင်​သာ ရှိ​ရ​မည်။ ကောင်းမှု​ပြု​သူ​၏ စိတ်​၌ ညွတ်​ထား​သော အခြင်းအရာ​မူကား တစ်​နေ့​တွင် ပြည့်စုံ​တတ်​၏။ ဥပမာ လူ​တစ်​ယောက်​သည် အဆင်းလှ​ခြင်း​ကို အထူး​လိုလား​တောင့်တ​သည် ဆို​အံ့။ အဆင်းလှ​သော​ပန်း အစ​ရှိ​သည့် လှူ​ဖွယ် ဝတ္ထု​မျိုး​ကို လှူ​ချင်​တတ်​၍ တမလွန်​ဘဝ​၌ အဆင်းလှ​သူ​တစ်​ယောက် ဖြစ်လာ​ဖို့​လမ်း ရှိ​သည်။ သူ​၏​နှုတ်​မှ ဖွင့်​ဟ​၍ ဆုတောင်း​ဖို့ သတိ​မ​ရ​လျှင် ရှိ​သော​စိတ်​ထဲ​၌ အခါ​ခပ်သိမ်း ညွတ်​ပြီး​ဖြစ်​၍ ဆုတောင်း​ပြီး ဖြစ်​နေ​တော့​သည်။
ရွေး​တတ်​ဖို့​လို​ခြင်း
ထို​နည်းတူ​စွာ စိတ်သဘော​ထား​ပြည့်​ဝ​ခြင်း​ကို လိုလား​ရ​ကောင်း​မှန်း သိ​၍ စိတ်​ထဲ​၌ အမြဲ​ညွတ်​သော လူ​တစ်​ယောက်​သည် စိတ်သဘော​ထား ပြည့်​ဝ​သော ပုဂ္ဂိုလ်​မျိုး​နှင့် တွေ့​ဆုံ​သည့်​အခါ ကြည်ညို​လေးစား​သော စိတ်​မျိုး အလို​အလျှောက် ဖြစ်ပေါ်​၏။ (ပိုက်ဆံ​ပေါ​ခြင်း​ကို အဟုတ်​ကြီး​ထင်​သော လူ​တစ်​ယောက်​သည် သူဌေး​ကို မြင်​သည့်​အခါ အလို​အလျောက် ဒူး​ချ​သကဲ့သို့​ပင်) စိတ်သဘော​ထား​ပြည့်​ဝ​ခြင်း​၏ မွန်​မြတ်​သော​အဖြစ်​ကို နားလည်​၍ စိတ်​ထဲ​၌ ညွတ်​သော လူ​တစ်​ယောက်​သည် မည်​သည့်​ကောင်းမှု​ကုသိုလ်​မျိုး ပြုလုပ်​သည်​ဖြစ်​စေ၊ ပါး​စပ်​မှ ဖွင့်​ဟ​၍ ဆု​မ​တောင်း​မိ​စေ​ကာ​မူ​လည်း အခါ​ခပ်သိမ်း ညွတ်​ထား​သော​စိတ်​၏ သတ္တိ​ကြောင့် စိတ်သဘော​ထား ပြည့်ဝသူ​တစ်​ယောက် ဖြစ်လာ​စေ​ဖို့ ပါရမီ ဖြည့်​လျက်​သား ဖြစ်​နေ​တော့​သည်။ ထို့​ကြောင့် ရှေးဦးစွာ လို​အပ်​သော အရာ​မှာ ကောင်းမြတ်​ရာ​ကို ရွေးချယ်​တတ်​ဖို့​ပင် ဖြစ်​သည်။
တစ်​ဆင့်​တက်​ခြင်း
စိတ်သဘော​ထား ပြည့်ဝသူ​တစ်​ယောက် အနေ​ဖြင့် သံသရာ​လည်​ရ​မည်​ဆို​လျှင် အပါယ်​ကို​ကျ​ဖို့ ‘သူ​ငါ​က​စ’ လူ​များ​ထက် အလှည့်​နည်း​မည် ဖြစ်သော်​လည်း မ​လွတ်မြောက်​မ​ချင်း စိတ်ချ​ရ​သည်မ​ဟုတ်​ချေ။ ထို့​ကြောင့် တစ်​ဆင့်​တက်​၍ ပါရမီ​ဖြည့်​ဖို့ လို​သေး​၏။ ဗုဒ္ဓ​ဘာသာ​ဝင်​များ​သည် ငယ်​စဉ်​ကတည်းက ကျက်​မှတ်ထား​သော ဘုရားရှိခိုး​ထဲ​တွင် ‘မဂ်​တရား ဖိုလ်​တရား နိဗ္ဗာန်​တ​ရားတော်​မြတ်​ကို ရ​လို​ပါ​၏ အရှင်ဘုရား’ ဟူ၍ ပါရှိ​သော​ကြောင့်  ဘုရားရှိခိုး​တိုင်း ရွတ်​ဆို​တတ်​ကြ​၏။ သို့သော် နိဗ္ဗာန်​ကို လိုချင်​ရ​ကောင်း​မှန်း အဟုတ်​တကယ်​သိ​သော ပုဂ္ဂိုလ်​ဟူ၍ ရှားပါး​လှ​သည်။ မည်​သည့်​နည်း​နှင့်​မ​ဆို လောက​၌ တစ်​နည်း​နည်း ကြီးပွား​ရ​ခြင်း​နှင့် အလားတူ​စွာ လိုလား​တောင့်တ​သူ ရှား​ပါ​လှ​သည်။ သို့​ဖြစ်​၍ နိဗ္ဗာန်​ရ​ဖို့ အသာ​ထား​ပြီး နိဗ္ဗာန်​ချမ်းသာ​ကို လိုလား​ရ​ကောင်း​မှန်း သိ​သော​သူ​၏ အဖြစ်​သို့ ရောက်​အောင် ရှေးဦးစွာ ပါရမီ​ဖြည့်​ဖို့ လို​ပေ​သေး​သည်။  မိမိ​ကိုယ်တိုင် အား​မ​ထုတ်​နိုင်​သေး​လျှင် ရှိ​စေ၊ အားထုတ်​သူ​များ​အတွက် ဝမ်းမြောက်​အား​ကြ​၍ အားထုတ်​သူ​များ​အား အားပေး​အား​မြှောက် ပြုဖော်​ရ​လျှင် ပါရမီရင့်​ဖို့ အထောက်​အပင့် ဖြစ်​လောက်​ပေ​ပြီ။ အားထုတ်​သူ​များ​အား လှောင်​ချင်​ပြောင်​ချင် တတ်​သော လူ​စား​မျိုး​ကား ကာ​မာ​ဝ​စ​ရ ကုသိုလ်​ကံ​အကျိုး​ပေး​ခိုက်​ဖြစ်​၍ မည်​မျှ​လောက် ကြီးပွား​ထွန်းကား​စေ​ကာ​မူ သံသရာ​ဝဋ်​မှ လွတ်မြောက်​ဖို့ ခရီး​ကွာ​လှမ်း​လှ​သေး​သည်။
နိဂုံး​ချုပ်
လိုရင်း​အချုပ်​၌ ဗုဒ္ဓ​သာ​သ​နာတော်​အတွင်း ဗုဒ္ဓ​ဘာသာ ထွန်းကား​သော တိုင်း​ပြည်​၌ လူ​ဖြစ်​ကြ​ရသ​ဖြင့် အလွန်​ကံကောင်း​သည်​ဟု ဆို​အပ်​သော မြန်မာ​လူ​မျိုး​များ​သည် အလှူ​ပေး​ခြင်း၊ ဝါတွင်း​၌ ဥ​ပုတ်​သီတင်း​စောင့်​ခြင်း​မျှ လောက်​နှင့် ရောင့်ရဲ​တင်းတိမ် မ​နေ​ကြ​မူ​၍ ပါရမီရင့်​ကျက်​ဖို့ အတွက်​လည်း ကြိုးစား​ရ​ကောင်း​မှန်း သိ​သင့်​ကြ​ပေ​သည်။ အနောက်​တိုင်း​သား​များ​သည် ဂျန်​တလ်​မဲန်​ဖြစ်​ဖို့ ကြိုးစား​ရ​ကောင်း​မှန်း သိ​တတ်​ကြ​သကဲ့သို့ မြန်မာ​လူ​မျိုး​သည်​လည်း စိတ်သဘော​ထား​ပြည့်​ဝ​သော​သူ​၏ အဖြစ်​သို့ ရောက်​အောင် ကြိုးစား​ရ​ကောင်း​မှန်း​သိ​သူ နည်းပါး​သေး​သည်မှာ ဝမ်းနည်း​ဖို့ ကောင်း​လှ​သည်။ ထို့​ကြောင့်​လည်း မှန်ကန်​သော ဗုဒ္ဓ​ဝါ​ဒီ​များ​ဆို​ပါ​လျက် အခြား​တိုင်းပြည်သား​များ​၏ အထင်ကြီး​ခြင်း​မ​ခံ​ရ​ဘဲ ရှိ​၏။ သို့​ဖြစ်​၍ ဤ​စာ​ကို ဖတ်​ရှု​သော​သင်​အား ဤ​အချိန်​မှ​စ​၍ စိတ်သဘော​ထား ပြည့်ဝသူ တစ်​ယောက်​ဖြစ်​အောင် ကြိုးစား​ပါ​တော့​မည်​ဟု သန္နိဌာန်ချ​ပြီး​လျှင် တစ်​နှစ်​ထက်​တစ်​နှစ် တိုးတက်​ခြင်း​ရှိ​ပါ​၏​လော​ဟု မိမိ​ကိုယ်​ကို စစ်ဆေး​ကြည့်​ရှု​ဖို့ တိုက်တွန်း​အပ်​ပါ​သ​တည်း။        ။
ရွှေဥဒေါင်း
လူ​ဖြစ်​ရ​ကြိုး​နပ်​ပါ​စေ​နှင့် အခြား​အတွေး​အမြင်​ဆောင်းပါး​များ
စိတ်ကူး​ချို⁠ချို​အနု​ပညာ
၂​၀⁠၀​၅ ခု​နှစ်၊ အောက်တိုဘာ​လ။ ပထမ အကြိမ်။
new biz development
ကိုယ်စတင် အကောင်အထည် ဖော်ခွင့်ရခဲ့တဲ့ အလုပ်တစ်ခုဟာ မပြီးဆုံးသေးပေမယ့် လက်တွေ့မျက်တွေ့ မြင်နိုင်တဲ့ အဆင့်ရောက်လာတာကို ခံစားရတယ်။
စိတ်ကူးယဉ်ပြီး ဒါလုပ်ကြမလား။…. ဒါလုပ်သင့်ပါတယ်…..
ဆရာက ပြောတော့ သူများတွေတောင် လုပ်သေးတာ၊ လုပ်သင့်ပါတယ်ပေါ့၊ ဒီအလုပ်လုပ်ဖြစ်ဖို့ ဒီလိုစခဲ့တယ်။
အင်း….ဒါဆို ဘယ်ကစကြမလဲ။….. ဘာတွေရလို့ ဘာတွေဆုံးရှုံးသွားနိုင်သလဲ………
ဘာက စရမလဲမသိဘူး၊ သေချာတာတော့ ကိုယ့်ဖောက်သည်နဲ့ ရန်သူဖြစ်သွားနိုင်တယ်၊ ဖြစ်ချင်တော့ calculator ကလည်း သုံးတတ်နေကြတယ်လေ။
ငါတို့က ဒီလိုဖြစ်ချင်တယ်။….. အခု အရင်စထားရမယ့် အလုပ်တွေ မင်းတို့ စလုပ်လိုက်တော့
အရင်စဆိုတဲ့ တောက်တိုမယ်ရ တွေလုပ်လိုက်တာ အချိန်တော်တော် ကုန်ပါရော
ဘာမှ မသိတာကနေ စပြီး စုံစမ်း၊ ဘာတွေလိုမလဲ၊ ဘာတွေရှိလဲ၊ ဘာတွေရှာရမလဲ၊ ဘယ်လိုလူတွေ ရှိရမလဲ၊………….
လက်လှမ်းမှီသ၍ မေးမြန်း၊ တွေ့စရာတွေ့၊ တောင်းစရာတောင်း၊ ဝယ်စရာရှိတာဝယ်၊ ငှားစရာရှိတာ ငှား၊ လုပ်တဲ့အခါ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာလည်း ရှိခဲ့ဘူးတယ်၊ မထင်မှတ်ပဲ ကိုယ့်အတွက် အသုံးကျတာလည်း ရဘူးတယ်၊ efficient & effective ဖြစ်ဖို့တော့ တော်တော် လိုသွားတယ် ပြောရမယ်။
လိုအပ်တာတွေ စတင် ပြင်ဆင်
ငွေ
ဒါက ဆရာတွေ အပိုင်း
အဆောက်အဦ
မြေကွက်ရှာပုံတော်စပြီး တော်တော်စုံတော့ ဈေးနှုန်းက စကားပြောလာတယ်လေ။ ဒါကြောင့် အခုနေရာကို ရွေးလိုက်တယ်။ အချိန်တော်တော် ကြာတော့ ပုံပေါ်လာတယ် ပြောရမယ်။ ဒါပေမယ့် သူများတွေထက်စာရင် တော်တော် မြန်တယ်။
လိုင်စင်
ရသလောက် သေချာမယ့်ဟာကို ယူထားတယ်။
လူ
မကြိုက်တာတွေရော၊ ကြိုက်တာရော၊ အသုံးကျတာရော၊ အသုံးမကျတာရော၊ ထင်သလောက်ဆီမထွက်တာရော၊ မထင်ပဲ စွတ်ကောင်းနေတာရော တော်တော် စုံနေပြီ။
စက်
ပစ္စည်း
အခြား အများကြီး…………..
ဒါတွေ အားလုံး စံနစ်တကျရော စည်းမရှိကမ်းမရှိရော  ဖြည့်ဆည်း၊ နေရာချ၊ ညှိနှိုင်း၊ ရန်ဖြစ်၊ ဆွေးနွေး၊
ဘာပြောပြော ပုံတော့ပေါ်လာတာပဲ…
လုပ်ကြည့်လိုက်တော့ တော်တော် စားတာပဲ၊ ကိုယ်နဲ့ သဘောတူတာရော၊ မတူတာရော၊ လုံးလုံးဆန့်ကျင်တာရော၊ အဆင်ပြေချောမွေ့တာရော မျိုးစုံအောင် တွေ့လိုက်ရတယ်။ လုပ်ငန်းတစ်ခုကို set up လုပ်တဲ့အခါ တွေ့ရတဲ့ အခက်အခဲတွေ၊ သဘောမတူညီမှုတွေ၊ တင်ပြညှိနှိုင်းရတာတွေ၊ ကိုယ့်ကို မကြိုက်တာတွေ၊ အတင်းဒါပဲဖြစ်သင့်ပါတယ်လို့ဆိုရတာတွေ၊ အေးအေးဆေးဆေး ပြေလည်သွားတာတွေ၊ စကားတွေများ ရန်တွေဖြစ်တော့မယ်ပုံ ပြောပြီးမှ သဘောတူညီမှု ရတာတွေ၊ မညှိနှိုင်းရပဲ အလိုလို ပြေလည်သွားတာတွေကို ဖြတ်သန်းရင်း ကြည့်လို့ရတဲ့ ရုပ်လုံးတစ်ခုတော့ ပေါ်လာပြီ။ ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် လောတာတွေ၊ အမှားပါတာတွေ၊ အပြောမတတ်လို့ ပြဿနာဖြစ်တာတွေ၊ မကြိုက်ကြတာတွေလည်း အများကြီးပါ။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကြောင့် ဖြစ်တဲ့ ပြဿနာတွေလည်း ရှိခဲ့တယ်။
ရထားတဲ့ ရာထူးက “တောက်တိုမယ်ရ”၊ လုပ်ရမယ့် Job Scope က “အထွေထွေကိစ္စများ စီမံခန့်ခွဲရန်” ၊ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။ task  တွေများလာတာနဲ့ အမျှ ကိုယ်တိုင် တစ်ခုချင်းကို မကြည့်ပေးနိုင်တော့ပါဘူး။ သက်ဆိုင်ရာ ဌာနအသီးသီးကို လွှဲပေးလိုက်ရတာပဲပေါ့။ အခုမှ ကိုယ်နောင်မှာ တာဝန်ယူရမယ်လို့ ထင်ရတဲ့ အပိုင်းကို စိတ်ဝင်စားဖို့ စဉ်းစားနိုင်တော့တယ်။ ဒါပေမယ့် အားလုံးကို goal တစ်ခုထဲကို ရောက်အောင် ဆွဲဆောင် စည်းရုံးနိုင်ဖို့ ကိုယ့်ရဲ့ personal performance ကတော့ လိုသေးတယ်လို့ သုံးသပ်လို့ရတယ်။ နောင်ကို ဒီလို အမှားမျိုးတွေကင်းဖို့ ကြိုးစားရဦးမယ်။
voting day
The Man Who Changed China
ကျန်​ဇီ​မင်း သို့မဟုတ် တရုတ်​ပြည်​ကို ပြောင်းလဲ​ခဲ့​သူ
တော်​ကောင်း​မင်း
ref: The Man Who Changed China by Robert Lawrence Kuhn
ပထမ​အကြိမ်၊ ၂​၀⁠၀​၈ ခု​နှစ် ဩဂုတ်​လ၊ သီ​ဟ​ရတနာ​စာအုပ်​တိုက်။
၁၉၂၆ ဩဂုတ် ၁​၇
ကျန်​စူး​ပြည်နယ် ယန်​ကျိုး​မြို့​တွင် မွေး​ဖွား။
၁​၉​၂​၆-၁​၉​၄​၃
တရုတ်​ရိုးရာ​အစဉ်​အလာ ပညာ​တတ်​မိသား​စု​တွင် ကြီးပြင်း။ မူလ​တန်း​နှင့် အလယ်​တန်း​အောင်မြင်။ စာပေ​ပညာ၊ ဂီ​တ​နှင့် သိပ္ပံ​ပညာ​တို့ ဝါသနာ​ပါလာ။ တော်​လှန်​ရေး အာဇာနည်​၏ မွေးစားသား ဖြစ်လာ။ ကျန်​ဇီ​ဟွေ့​က သူ့​နှမ ဖြစ်လာ​ခဲ့။
၁​၉​၄​၃-၁​၉​၄​၅
နန်​ကျင်း​ဗဟို​တက္ကသိုလ်​၌ အင်​ဂျင်​နီ​ယာ​ဘာသာ​ကို ဆည်း​ပူး။ ဘိန်း​ဆန့်ကျင်​ရေး လှုပ်ရှား​မှု​တွင် ပါဝင်​ခဲ့။ အဆောင်​အခန်းဖော် ထုန်​ကျုံး​ဟိုင်​နှင့် ရင်းနှီး​သိကျွမ်း​လာ။
၁​၉​၄​၅-၁​၉​၄​၇
ရှန်​ဟိုင်း​ကျောင်း​ထုံး​တက္ကသိုလ်​၌ လျှပ်စစ်​အင်​ဂျင်​နီ​ယာ​ပညာ ဆည်း​ပူး။ တရုတ်​ကွန်​မြူ​နစ်​ပါ​တီ​မှ ဦးဆောင်​သည့် ကျောင်းသား​အရေးတော်​ပုံ​နှင့် မြေ​အောက်​လှုပ်ရှား​မှု​တို့​တွင် ပါဝင်။ တရုတ်​ကွန်​မြူ​နစ်​ပါ​တီ​သို့ ဝင်​ရောက်(၁​၉​၄​၆)။ ဝမ်​ဟွေ့​ကျုံ​နှင့် သိကျွမ်း​ခဲ့​ပြီး ကျောင်းနေဖက်​နှင့် ဘဝ​တစ်​လျှောက်​လုံး မိတ်ဆွေ​ဖြစ်လာ​ခဲ့။
၁​၉​၄​၇-၁​၉​၅​၁
အလုပ်​ဝင်​ခဲ့​ပြီး ရှန်​ဟိုင်း ရီ​မင်း အမှတ်(၁)စား​သောက်​ကုန်​လုပ်​ငန်း​စက်​ရုံ​တွင် လက်ထောက်​အင်​ဂျင်​နီ​ယာ အဖြစ် ထမ်း​ဆောင်ခဲ့။ ညွန်​ကြား​ရေး​မှူး​အဖြစ် ရာထူး​တက်​ခဲ့။ ဝမ်း​တောက်​ဟန်​နှင့် သိကျွမ်း​ပြီး အရင်း​နှီး​ဆုံး မိတ်ဆွေ​ဖြစ်လာ​ခဲ့။
၁​၉​၄​၉
ဝမ်း​ရယ်​ဖိန်​နှင့် လက်ထပ်​ခဲ့။
၁​၉​၅​၁-၁​၉​၅​၃
ရှန်​ဟိုင်း​ဆပ်ပြာ​စက်​ရုံ ဒုတိယ​စက်​ရုံ​မှူး။ ရှန်​ဟိုင်း စက်​မှု​လုပ်​ငန်း​များ​ကို ရင်းနှီး​ကျွမ်းကျင်​ခဲ့။ သား​ကြီး ကျန်​မြန်​ဟန်​ကို မွေး​ဖွား (၁​၉​၅​၂)။
၁​၉​၅​၃-၁​၉​၅​၄
အမှတ် (၁) ယန္တရားစက်​မှု​လုပ်​ငန်း ဝန်ကြီး​ဌာန အမှတ်(၂) ဒီ​ဇိုင်း​ရေး​ဆွဲ​ရေး​ဌာန​ခွဲ(ရှန်​ဟိုင်း)၏ လျှပ်စစ် စက်​ပိုင်း​ဆိုင်​ရာ​ဌာန​စု ဌာန​မှူး။
၁​၉​၅​၄-၁​၉​၅​၅
အမှတ်(၁) ယန္တရားစက်​မှု​လုပ်​ငန်း ဝန်ကြီး​ဌာန​မှ ပထမ​ငါး​နှစ်​စီမံ​ကိန်း ရေး​ဆွဲ​ရာ​တွင် ကူညီ။ သား​ငယ် ကျန်​မြန်​ခန်း​ကို မွေး​ဖွား (၁​၉​၅​၄)။
၁​၉​၅​၅-၁​၉​၅​၆
မော်​စ​ကို စ​တာ​လင်မော်တော်​ကား​စက်​ရုံ​၌ အလုပ်​သင်။ ရုရှား​ဘာသာ​လေ့​လာ​ပြီး ရုရှား​ယဉ်ကျေး​မှု​ကို နှစ်သက်​လာ။
၁​၉​၅​၆-၁​၉​၆​၂
ချန်​ချွန်း အမှတ်(၁)မော်တော်​ကား​ထုတ်​လုပ်​ရေး စက်​ရုံ​၌ ခြောက်​နှစ်​နေ​ခဲ့။ စွမ်းအား​စက်​ရုံ​ခွဲ​မှ စက်​ရုံ​ခွဲ​မှူး​ဖြစ်လာ။ သုံး​လ​အချိန်​အတွင်း ကျောက်မီးသွေး​လောင်စာ​မှ ရေနံ​လောင်စာ​သို့ ပြောင်း​သုံး​နိုင်​ခဲ့။ “လက်ယာ​ဆန့်ကျင်​ရေး”နှင့် “ခုန်​ပျံ​တိုးတက်​မှု​ကြီး” ဒဏ်ခံ​ခဲ့။ ရှန်​ယုံ​ရန်​နှင့် သိကျွမ်း​ကာ တစ်​ဘဝ​လုံး မိတ်ဆွေ​ကောင်း​ဖြစ်လာ။
၁​၉​၆​၂-၁​၉​၆​၅
အမှတ် (၁)ယန္တရားစက်​မှု​ဝန်ကြီး​ဌာန ရှန်​ဟိုင်း လျှပ်စစ်​ပစ္စည်း သိပ္ပံ သု​တေ​သန​ဌာန ဒုတိယ​ဌာန​မှူး။
၁​၉​၆​၅-၁​၉​၆​၈
ဝူ​ဟန့်​သို့ ပြောင်းရွှေ့​ခံ​ရ၊ သာ​မို​စက်​ယန္တရား သု​တေ​သန​ဌာန ဌာန​မှူး။ “ယဉ်ကျေး​မှုတော်​လှန်​ရေး​ကြီး”အတွင်း ဝေဖန်​ခံ​ရ၊ “ဘေး​ချိတ်”ခံ​ရ(သို့သော် အလဲ​ထိုး မ​ခံ​ရ)။
၁​၉​၆​၆-၁​၉​၇​၆
“ယဉ်ကျေး​မှုတော်​လှန်​ရေး​ကြီး” အတွင်း​မှ အိပ်မက်​ဆိုး​ကဲ့သို့ အတွေ့​အကြုံ​များ ရ​ရှိ​ခဲ့။
၁​၉​၆​၈-၁​၉​၇​၀
တင်း​ကျပ်​သော နိုင်ငံ​ရေး​စစ်ဆေး​မှု ခံ​ခဲ့​ရ၊ ဟို​နန် ပို​ဟိုင် လယ်ယာ​စိုက်​ခင်း​သို့ အပို့​ခံ​ရ​ပြီး “မေ ၇” ကေ​ဒါ​သင်​တန်း​ကျောင်း​တွင် ပညာ​ပေး​ခံ​ခဲ့​ရ(မဲ​ဇာ​ပို့​ခံ​ရ​ခြင်း)။
၁​၉​၇​၀-၁​၉​၇​၁
ပေ​ကျင်း​သို့ ပြန်​ရောက်​ခဲ့။ အမှတ်(၁) ယန္တရားစက်​မှု​လုပ်​ငန်း​ဝန်ကြီး​ဌာန ပြင်​ပ​ရေးရာ​ဌာန ဒုတိယ​ဌာန​မှူး၊ ၎င်း​မှာ သူ​၏ ပထမ​ဆုံး​သော အစိုးရ​ရာထူး​ဖြစ်။
၁​၉​၇​၁-၁​၉​၇​၂
တရုတ်​နည်း​ပညာ​အဖွဲ့​ငယ်​ကို ဦးဆောင်​ပြီး ရို​မေး​နီး​ယား​နိုင်ငံ​၌ စက်​ရုံ ၁​၅ ရုံ တည်ဆောက်​နိုင်​ရန် ဖြစ်​နိုင်​ခြေ​ကို လေ့​လာ​ခဲ့။
၁​၉​၇​၂-၁​၉​၇​၆
အမှတ်(၁) ယန္တရားစက်​မှု​လုပ်​ငန်း​ဝန်ကြီး​ဌာန ပြင်​ပ​ရေးရာ​ဌာန ဌာန​မှူး၊ ရာထူး​တက်​မှု​နှောင့်နှေး။
၁၉၇၆
မော်စီတုန်း ကွယ်​လွန်။ “လေး​ယောက်​ဂိုဏ်း” အဖမ်း​ခံ​ရ။ ဆယ်​နှစ်​ကြာ ဆူ​ပူ​လှုပ်ရှား​မှု​ကြီး အဆုံးသတ်​ခဲ့။
၁​၉​၇​၆-၁​၉​၇​၇
“ယဉ်ကျေး​မှုတော်​လှန်​ရေး​ကြီး” နောက်​ပိုင်း “၁​၄ ဦး​အဖွဲ့​ငယ်” အဖွဲ့​ဝင် အဖြစ် ရှန်​ဟိုင်း​သို့ စည်းကမ်း ပြန်လည်​ထိန်းသိမ်း​ရန် စေလွှတ်​ခံ​ရ။
၁​၉​၇​၇-၁​၉​၈​၀
ပေ​ကျင်း​သို့ ပြန်​ရောက်​ခဲ့၊ အမှတ်(၁) ယန္တရားစက်​မှု​လုပ်​ငန်း​ဝန်ကြီး​ဌာန ပြင်​ပ​ရေးရာ​ဌာန ဌာန​မှူး​အဖြစ် ဆက်လက်​ထမ်း​ဆောင်​ခံ။
၁​၉​၇​၈
တိန့်​ရှောင်​ဖိန် အာဏာ​ရ​ပြီး တရုတ်​ပြည်​၏ “အမြင့်​ဆုံး ခေါင်းဆောင်​ကြီး” အဖြစ် အနှစ် ၂​၀ ကြာ​ဖြစ်လာ​ခဲ့။ ၁​၁ ကြိမ်​မြောက် ပါ​တီ​ကွန်​ဂ​ရက် တတိယ​အကြိမ် စုံညီ​အစည်းအဝေး​ပြီး​နောက် တရုတ်​ပြည်​မှ ပြုပြင်​ပြောင်းလဲ တံခါး​ဖွင့်ပေါ်​လ​စီ​ကို စ​တင်ဖော်​ဆောင်​လာ။
၁​၉​၈​၀-၁​၉​၈​၂
တိန့်​ရှောင်​ဖိန်​၏ ပြုပြင်​ပြောင်းလဲ​ရေး တံခါး​ဖွင့်ပေါ်​လ​စီ​ကို ဖော်​ဆောင်​ရန်​အတွက် တည်ထောင်​သည့် ကော်​မရှင်​သစ်​နှစ်​ရပ် (သွင်း​ကုန်​ထုတ်ကုန်​နှင့် ပြည်​ပ​ရင်းနှီး​မြုပ်​နှံ​မှု)၏ ဒုတိယ​ဥက္ကဋ္ဌ (ဒုတိယ​ဝန်ကြီး​အဆင့်)။ စီးပွား​ရေး​အထူး​ဒေသ​များ တည်ထောင်​ရာ​တွင် ကူညီ​ခဲ့။ ကုလသမဂ္ဂ​မှ ကမကထပြု​သည့် ရက် ၄​၀ ကမ္ဘာ​ပတ်​လေ့​လာ​ရေး​ခရီး​စဉ်​အဖွဲ့​ကို ဦးဆောင်​ခဲ့ (အမေ​ရိ​ကန်​သို့ ပထမ​ဆုံး​အကြိမ် ရောက်​ရှိ​ခဲ့)။ နိုင်ငံ​လုံး​ဆိုင်​ရာ နိုင်ငံ​ရေး​အတိုင်​ပင်​ခံ ကွန်​ဖ​ရင့်​အဖွဲ့​ဝင်။ နိုင်ငံ​လုံး​ဆိုင်​ရာ ပြည်​သူ့​ကွန်​ဂ​ရက် အမြဲ​တမ်းကော်​မ​တီ အစည်းအဝေး တက်​ရောက်​ရန် ပါဝင်​ခဲ့။
၁​၉​၈​၂-၁​၉​၈​၅