ဒီနေ့ mmkta ကလုပ်တဲ့ seminar ကိုသွားတက်တယ်။ trader က ကုန်းဘောင်ခန်းမမှာ ၂ နာရီမှာ စမယ်လို့ ရေးထားတာ ထုံးစံအတိုင်း ကျွန်တော်ရောက်တော့ ၂ နာရီ ၁၀ မိနစ်၊ seminar စဖြစ်တာက ၂ နာရီ ၁၅ လောက်လို့ ထင်တယ်။ လာကြတဲ့ လူတွေ သိပ်မရှိဘူး။ ခန့်မှန်းခြေ ၂၅ ၊ ၃၀ လောက်ပဲထင်တယ်။
အခမ်းအနားကို စီစဉ်ပေးတဲ့ mmkta အဖွဲ့သားတွေရဲ့ ကျွမ်းကျင်တဲ့ စီစဉ်မှုကို ကောင်းကောင်းတွေ့ရတယ်၊ နောက်က ပံ့ပိုးပေးကြတဲ့ သူတွေရော အခမ်းအနားမှုးရော အဆင်ပြေပြေ ဆောင်ရွက်နိုင်တာ တွေ့တယ်။ အခမ်းအနား အစီအစဉ်တွေက ဒီလိုပါ။
- အခမ်းအနား ဖွင့်လှစ်ကြောင်းကြေငြာခြင်း
- ကိုမျိုးမင်းကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးခြင်း
- ကိုမျိုးမင်းမှ employer branding အကြောင်း ဟောပြောခြင်း
- သိလိုသည်များကို ပြန်လှန်မေးမြန်းခြင်း
- ကိုမျိုးမင်းကို ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် mmkta ၏ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခြင်း
- အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာခြင်း
ကိုမျိုးမင်းက PowerPoint slide 30 ခုအသုံးပြုပြီး သူရဲ့ ဟောပြောချက်ကို ရှင်းလင်းတင်ပြသွားတယ်။ စီစဉ်တင်ပြပုံလေးက တော်တော် အဆင်ပြေတယ်။ ဒီခေါင်းစဉ်ကို သူဘာကြောင့်ရွေးချယ်ရတဲ့ အကြောင်း၊ customer orientation လုပ်တဲ့ marketing ကနေ စားသုံးသူ အဆင်ပြေအောင် internal marketing နဲ့ဆက်စပ်သွားပုံ၊ ဒိနောက် သူပြောချင်တဲ့ employer branding ကိုရောက်အောင် ဆွဲခေါ်သွားနိုင်တယ်။
သူ့ရဲ့ အာဘော်ကို ကျွန်တော် မှတ်မိသလောက် powerpoint slide တွေအတိုင်း ပြောကြည့်မယ်။
- slide 1 ကတော့ PS business school က CEO ကိုမျိုးမင်းရဲ့ seminar title ဖြစ်တဲ့ employer branding ပေါ့။
- ယခု လက်ရှိနဲ့ နောင်ဖြစ်လာမယ့် ဝန်ထမ်းတွေကို HR Dept ကဦးဆောင်ပြီး အဖွဲ့အစည်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ရရှိဖို့ marketing activities တွေကို လုပ်ဆောင်ရတာ ဖြစ်တဲ့ အတွက် ဒီခေါင်းစဉ်ကို သူရွေးချယ်ပါတယ်လို့ ကိုမျိုးမင်းက ဆိုပါတယ်။
- marketing ဆိုတဲ့နေရာမှာ ကိုမျိုးမင်းက လေးပိုင်းပိုင်းပြီး ဒီလို အဓိပ္ပါယ်ဖွင့်ပါတယ်။
- P O L C ဆိုတဲ့ Management Process က
- Responsible for
- identifying
- satisfying and
- anticipating တွေဖြစ်ဖို့
- Customer requirements ကိုဦးတည်ပြီး
- Profitability and effectively လည်း ရဖို့ လုပ်ဆောင်တယ်။
- စားသုံးသူ ပထမ မူဝါဒကို ကျစ်လစ်ထိရောက်တဲ့ organization အနေနဲ့ အပြန်အလှန် profitable exchange ဖြစ်အောင် လုပ်တာကို marketing concept အဖြစ် ကိုမျိုးမင်းက တင်ပြသွားတယ်။
- ဒီနောက်မှာတော့ CRM (customer relationship management) တို့ ၊ internal marketing တို့ ၊ relationship management တို့ကို ထပ်တိုး အဖြစ်တွေ့နိုင်ပါတယ်။
- ဒီ slide မှာ ကိုမျိုးမင်းက internal marketing ကို base ခံပြီးပြောရင်း HR ရဲ့ contract ဖက်ကို ပြောင်းပြောသွားပါတယ်။ HR Dept တွေဟာ contract တွေကို သုံးကြတယ်။ အသုံးပြုတဲ့ contract ၂ မျိုးရှိတယ်။
- service contract နဲ့ (ပုတ်ပြတ်ပေးတဲ့ စံနစ်)
- employment contract ပေါ့(ဝန်ထမ်းအဖြစ် ခန့်တဲ့စံနစ်)။ ဒါပေမယ့် ခိုင်မြဲတဲ့ contract တွေမဟုတ်တဲ့ အတွက် HR တိုင်းက
- psychology contract တွေနဲ့ အပြန်အလှန် စွဲမြဲတဲ့ စံနစ်တွေ လိုချင်ကြတယ်။
- ဝန်ထမ်းတွေရဲ့ ရွေးချယ်မှုက ဘာလဲ၊ EOC employer of choice ပေါ့။
- ကောင်းမွန်တဲ့ ကုမ္ပဏီ ပုံရိပ်ကို မြင့်တင်နိုင်ရမယ်၊
- အဖွဲ့အစည်းအနေနဲ့ ကြီးထွားဖို့နဲ့ အမြတ်ရဖို့ကို ဇောင်းပေးနိုင်ရမယ်၊