CEO နိဒါန်းစကား

နိဒါန်းစကား @ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်း အတွဲ(၆)၊ အမှတ်(၁၀)၊ သြဂုတ်လ၊ ၂၀၁၁။

လုပ်ဖော်ကိုင်ဖက်များအား Motivate ဖြစ်အောင်လုပ်ပေးဖို့ နေနေသာသာ ကိုယ်တိုင် Motivation ကျနေသော ခံစားချက်မျိုး မန်နေဂျာတိုင်း တွေ့ကြုံခံစားဖူးပါလိမ့်မည်။ လုပ်ငန်းအဖွဲ့အစည်းတစ်ခု အောင်မြင်ရန်အတွက် လူတိုင်း၏ စိတ်ဝင်တစား တက်တက်ကြွကြွ ဆောင်ရွက်လိုမှုက အလုပ်၏ ရာခိုင်နှုန်း တော်တော်များများကို ပြီးစီးစေနိုင်သလို ပြိုင်ဘက်လုပ်ငန်းများနှင့် ယှဉ်ပြိုင်ရာ၌လည်း တစ်ပန်းသာပြီး ဖြစ်ကြောင်းကို မန်နေဂျာတိုင်း သိပြီးသား ဖြစ်ကြပါလိမ့်မည်။

လုပ်ငန်းအတွေ့အကြုံကို သင်ခန်းစာယူပြီး ပြန်အကောင်အထည်ဖော်ရသည့် အထဲတွင် Management ပညာရပ်သည်လည်း ရှေ့ဆုံးကပါဝင်ပါသည်။ လုပ်ငန်းမှန်သမျှ လူအချင်းချင်းဆက်သွယ်မှု မပြု၍ မရသည့်အတွက် အတွေး၊ အမြင်၊ ခံစားချက်၊ တန်ဖိုးထားမှု၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တို့တွင် တစ်ဦးနှင့်တစ်ဦး မည်သို့မျှမတူနိုင်သော အင်အားစုကို စီမံအုပ်ချုပ်ရသည့်အတွက် အောင်မြင်သော မန်နေဂျာတစ်ဦး ဖြစ်လာရန်မှာ အလွန်ခက်ခဲပါသည်။

စီမံခန့်ခွဲမှု ပညာရှင်တို့၏ ဆိုဆုံးမစကားအရ ဦးဆောင်သူမန်နေဂျာသည် “အလုပ်မှန်သမျှ အသေးစိတ်ဝင်လုပ်ရန် မလိုသော်လည်း လုပ်ငန်းအသေးစိတ်အားလုံးကို သိရှိနေရန်လိုသည်။ လစ်ဟာနေသော ကွက်လပ်ကို မြင်တတ်ရသလို ရှေ့ဆက်ရမည့် ဦးတည်ချက် မြင့်မြင့်မားမားကိုလည်း မျှော်မှန်းနိုင်သူ ဖြစ်ရမည်။ သဘောထားကြီးရမည်။ ခွင့်လွှတ်တတ်ရမည်။ နှလုံးသားနှင့် ခံစားပေးပြီး ဦးနှောက်နှင့် ဆုံးဖြတ်ရဲရမည်။ အဖွဲ့အစည်း၏ ဦးတည်ချက်နှင့် လုပ်ဖော်ကိုင်ဖက်တို့၏ ရည်မှန်းချက်ကို အတတ်နိုင်ဆုံး Alignment ညီအောင် ညှိပေးနိုင်သူဖြစ်ရမည်။” ဟုဆိုသည်။ မလွယ်ပါ။ အလွန်ခက်၏။ သို့သော် အမှန်တကယ်လည်း လိုအပ်ပါ၏။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>