ညနေပိုင်းမှာ မိုးရွာလိုက်တာ ရန်ကုန်မြို့ကြီး ရေလျှံပြန်ပြီ။ စက်ရုံကနေ အိမ်ပြန်ဖို့အရေး ဟိုဘက်က ပတ်၊ ဒီဘက်က ပတ်နဲ့ တော်တော် လမ်းရှာလိုက်ရတယ်။ လမ်းတစ်လျောက်လုံး ရေဝင်လို့ ပျက်နေတဲ့ ကားတွေ တန်းစီနေတယ်။ ရေထဲဖြတ်မမောင်းရင် ရောက်မှာ မဟုတ်လို့ ဇွတ်ဖြတ်မောင်းလိုက်တာ တော်သေးတယ် စက်မသေလို့။ Continue reading
Category Archives: My Opinion
Ks 5000
ဒီနေ့ည ၈ နာရီ သတင်းမှာ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြန်မာနိုင်ငံမှာ ကျပ် ၅၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမယ်လို့ ကြေငြာပါတယ်။ ဆင်ရုပ်နဲ့ လွှတ်တော်ပုံ ပါတယ်ဆိုလား သေချာ သဲကွဲစွာ မသိလိုက်ဘူး။ သိပြီးလို့မှ သိပ်မကြာဘူး ဘာလုပ်ကြမလဲ၊ ဘယ်လိုထင်လဲ၊ ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုတဲ့ မေးခွန်းတွေ မေးလာတော့ စဉ်းစားလာရတယ်။ မနက်ဖြန် ဘာဖြစ်နိုင်မလဲ။
ဒါပေမယ့် နောက် ၆ လလောက်နေမှ သိသိသာသာ effect ဖြစ်လာမယ်လို့ထင်တယ်။ ပထမ တစ်ခါတုန်းက တစ်နှစ်လောက်မှ၊ ဒုတိယ တစ်ခါကျတော့ ၈ လလောက်မှ ကိုယ့်ဝင်ငွေနဲ့ သုံးတဲ့ စတိုင် မကိုက်တော့တာ ဖြစ်ပေမယ့် ဒီတစ်ခါတော့ ၆ လ လောက်လို့ မှန်းတယ်။ ကုန်ဈေးနှုန်းဘက်ကို ဂယက်ရိုက်နိုင်လားတော့ မသိဘူး။
about myself
အမြဲတမ်း စိတ်တိုနေတတ်တဲ့ အလေ့အကျင့်ကို ပြင်ချင်တယ်။ တစ်ခါတစ်လေ ဒါကြောင့် မှားယွင်းဆုံးဖြတ်တာတွေ ဖြစ်နိုင်တယ်။ စိတ်မတိုတဲ့ အချိန်မှာ အဲဒါတွေကို သတိရပေမယ့် စိတ်တိုနေတဲ့ အချိန်မှာ ဒါတွေ သတိမရတော့ဘူးဗျ။ ကိုယ့်ကိုကိုယ် ပြင်ရမလား၊ ပါတ်ဝန်းကျင်ကို ပြင်ရမလား၊ အဓိက ကတော့ ကိုယ့်ကိုကိုယ် ပြင်ရမှာပဲ ထင်တယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာ နည်းလမ်းရှာအုံးမယ်။
Learn IMC @ mmkta
မနေ့ကနဲ့ ဒီနေ့ IBC မှာလုပ်တဲ့ Integrated Marketing Communication Workshop ကိုသွားတက်တယ်။ တစ်ယောက်ကို ၅၀၀၀၀၊ နေ့လည်စာနဲ့ tea break ၂ ခါ ကျွေးတယ်။ သွားရ လာရတာ အဆင်ပြေပြီး facilitators တွေက အဆင်ပြေအောင် စီစဉ်ပေးထားတာကို တွေ့ရတယ်။ အားလုံး ၁၀၀ ကျော်လောက် လာတက်ကြတယ်။ ဒါကတော့ Program Detail ပါ။
19th Sep 2009(Sat)
9:00 AM MC opening
9:05 AM Professor Emeritus Daw Hla Myint Speech
9:20 AM Dr Kan Hein Welcome Speech
9:30 AM U Aye Kyaw Presentation (First Section)
10:30 AM Tea Break
10:45 AM U Aye Kyaw Presentation (Second Section)
12:45 PM Lunch Break
1:45 PM Professor Dr. Daw Khin San Yee Presentation (First Section)
2:45 PM Tea Break
3:00 PM Professor Dr. Daw Khin San Yee Presentation (Second Section)
5:00 PM Finish
20th Sep 2009(Sun)
9:00 AM MC opening
9:05 AM Ko Saw Yan Naing(First Section)
10:10 AM Tea Break
10:25 AM Ko Saw Yan Naing (Second Section)
12:55 PM Lunch Break
1:55 PM Ma Kay Myat Khing (First Section)
2:55 PM Tea Break
3:10 PM Ma Kay Myat Khing (Second Section)
5:40 PM Certificate Awarding
6:00 PM Finish
seeing about our error
အရင်တုန်းက မစဉ်းစားမိတာတွေကို အခု လက်တွေ့လုပ်ကြည့်တဲ့ အခါ စဉ်းစားလာရတယ်။ “ဒီလောက်တော့ ကိစ္စမရှိ ပါဘူးလေ” လို့ထင်ထားတာတွေက အလေးထားရမယ့် ဟာတွေ ဖြစ်နေတာလည်း တွေ့တယ်။ fermentation ဆိုတာ တစ်ကယ်တော့ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးတွေကို မွေးမြူရေး လုပ်တာပဲ၊ ဒီတော့ သန့်ရှင်းရေးဟာ တစ်ကယ်ကို အရေးကြီးတာ တွေ့တယ်။ ကိုယ်သတိမထားမိတဲ့ နေရာလေးက infection ဝင်ပြီး ပြဿနာတက်နိုင်တယ်။ သူတို့ကြိုက်တဲ့ အပူချိန်ကအစ ဂရုစိုက် ထိန်းသိမ်းပေးရမယ်။အပြင်က စိမ်ရည်ကို ပျက်စေမယ့် အကြောင်းအရာ တစ်ခုမှ မရှိအောင်လုပ်နိုင်ရင် အကောင်းဆုံးပဲ။
