Than Win Naing » My Opinion

CEO နိဒါန်းစကား
နိဒါန်းစကား @ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်း အတွဲ(၆)၊ အမှတ်(၁၀)၊ သြဂုတ်လ၊ ၂၀၁၁။

လုပ်ဖော်ကိုင်ဖက်များအား Motivate ဖြစ်အောင်လုပ်ပေးဖို့ နေနေသာသာ ကိုယ်တိုင် Motivation ကျနေသော ခံစားချက်မျိုး မန်နေဂျာတိုင်း တွေ့ကြုံခံစားဖူးပါလိမ့်မည်။ လုပ်ငန်းအဖွဲ့အစည်းတစ်ခု အောင်မြင်ရန်အတွက် လူတိုင်း၏ စိတ်ဝင်တစား တက်တက်ကြွကြွ ဆောင်ရွက်လိုမှုက အလုပ်၏ ရာခိုင်နှုန်း တော်တော်များများကို ပြီးစီးစေနိုင်သလို ပြိုင်ဘက်လုပ်ငန်းများနှင့် ယှဉ်ပြိုင်ရာ၌လည်း တစ်ပန်းသာပြီး ဖြစ်ကြောင်းကို မန်နေဂျာတိုင်း သိပြီးသား ဖြစ်ကြပါလိမ့်မည်။

လုပ်ငန်းအတွေ့အကြုံကို သင်ခန်းစာယူပြီး ပြန်အကောင်အထည်ဖော်ရသည့် အထဲတွင် Management ပညာရပ်သည်လည်း ရှေ့ဆုံးကပါဝင်ပါသည်။ လုပ်ငန်းမှန်သမျှ လူအချင်းချင်းဆက်သွယ်မှု မပြု၍ မရသည့်အတွက် အတွေး၊ အမြင်၊ ခံစားချက်၊ တန်ဖိုးထားမှု၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တို့တွင် တစ်ဦးနှင့်တစ်ဦး မည်သို့မျှမတူနိုင်သော အင်အားစုကို စီမံအုပ်ချုပ်ရသည့်အတွက် အောင်မြင်သော မန်နေဂျာတစ်ဦး ဖြစ်လာရန်မှာ အလွန်ခက်ခဲပါသည်။

စီမံခန့်ခွဲမှု ပညာရှင်တို့၏ ဆိုဆုံးမစကားအရ ဦးဆောင်သူမန်နေဂျာသည် “အလုပ်မှန်သမျှ အသေးစိတ်ဝင်လုပ်ရန် မလိုသော်လည်း လုပ်ငန်းအသေးစိတ်အားလုံးကို သိရှိနေရန်လိုသည်။ လစ်ဟာနေသော ကွက်လပ်ကို မြင်တတ်ရသလို ရှေ့ဆက်ရမည့် ဦးတည်ချက် မြင့်မြင့်မားမားကိုလည်း မျှော်မှန်းနိုင်သူ ဖြစ်ရမည်။ သဘောထားကြီးရမည်။ ခွင့်လွှတ်တတ်ရမည်။ နှလုံးသားနှင့် ခံစားပေးပြီး ဦးနှောက်နှင့် ဆုံးဖြတ်ရဲရမည်။ အဖွဲ့အစည်း၏ ဦးတည်ချက်နှင့် လုပ်ဖော်ကိုင်ဖက်တို့၏ ရည်မှန်းချက်ကို အတတ်နိုင်ဆုံး Alignment ညီအောင် ညှိပေးနိုင်သူဖြစ်ရမည်။” ဟုဆိုသည်။ မလွယ်ပါ။ အလွန်ခက်၏။ သို့သော် အမှန်တကယ်လည်း လိုအပ်ပါ၏။

new biz development
ကိုယ်စတင် အကောင်အထည် ဖော်ခွင့်ရခဲ့တဲ့ အလုပ်တစ်ခုဟာ မပြီးဆုံးသေးပေမယ့် လက်တွေ့မျက်တွေ့ မြင်နိုင်တဲ့ အဆင့်ရောက်လာတာကို ခံစားရတယ်။

စိတ်ကူးယဉ်ပြီး ဒါလုပ်ကြမလား။…. ဒါလုပ်သင့်ပါတယ်…..

ဆရာက ပြောတော့ သူများတွေတောင် လုပ်သေးတာ၊ လုပ်သင့်ပါတယ်ပေါ့၊ ဒီအလုပ်လုပ်ဖြစ်ဖို့ ဒီလိုစခဲ့တယ်။

အင်း….ဒါဆို ဘယ်ကစကြမလဲ။….. ဘာတွေရလို့ ဘာတွေဆုံးရှုံးသွားနိုင်သလဲ………

ဘာက စရမလဲမသိဘူး၊ သေချာတာတော့ ကိုယ့်ဖောက်သည်နဲ့ ရန်သူဖြစ်သွားနိုင်တယ်၊ ဖြစ်ချင်တော့ calculator ကလည်း သုံးတတ်နေကြတယ်လေ။

ငါတို့က ဒီလိုဖြစ်ချင်တယ်။….. အခု အရင်စထားရမယ့် အလုပ်တွေ မင်းတို့ စလုပ်လိုက်တော့

အရင်စဆိုတဲ့ တောက်တိုမယ်ရ တွေလုပ်လိုက်တာ အချိန်တော်တော် ကုန်ပါရော

ဘာမှ မသိတာကနေ စပြီး စုံစမ်း၊ ဘာတွေလိုမလဲ၊ ဘာတွေရှိလဲ၊ ဘာတွေရှာရမလဲ၊ ဘယ်လိုလူတွေ ရှိရမလဲ၊………….

လက်လှမ်းမှီသ၍ မေးမြန်း၊ တွေ့စရာတွေ့၊ တောင်းစရာတောင်း၊ ဝယ်စရာရှိတာဝယ်၊ ငှားစရာရှိတာ ငှား၊ လုပ်တဲ့အခါ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာလည်း ရှိခဲ့ဘူးတယ်၊ မထင်မှတ်ပဲ ကိုယ့်အတွက် အသုံးကျတာလည်း ရဘူးတယ်၊ efficient & effective ဖြစ်ဖို့တော့ တော်တော် လိုသွားတယ် ပြောရမယ်။

လိုအပ်တာတွေ စတင် ပြင်ဆင်

ငွေ

ဒါက ဆရာတွေ အပိုင်း

အဆောက်အဦ

မြေကွက်ရှာပုံတော်စပြီး တော်တော်စုံတော့ ဈေးနှုန်းက စကားပြောလာတယ်လေ။ ဒါကြောင့် အခုနေရာကို ရွေးလိုက်တယ်။ အချိန်တော်တော် ကြာတော့ ပုံပေါ်လာတယ် ပြောရမယ်။ ဒါပေမယ့် သူများတွေထက်စာရင် တော်တော် မြန်တယ်။

လိုင်စင်

ရသလောက် သေချာမယ့်ဟာကို ယူထားတယ်။

လူ

မကြိုက်တာတွေရော၊ ကြိုက်တာရော၊ အသုံးကျတာရော၊ အသုံးမကျတာရော၊ ထင်သလောက်ဆီမထွက်တာရော၊ မထင်ပဲ စွတ်ကောင်းနေတာရော တော်တော် စုံနေပြီ။

စက်

ပစ္စည်း

အခြား အများကြီး…………..

ဒါတွေ အားလုံး စံနစ်တကျရော စည်းမရှိကမ်းမရှိရော  ဖြည့်ဆည်း၊ နေရာချ၊ ညှိနှိုင်း၊ ရန်ဖြစ်၊ ဆွေးနွေး၊

ဘာပြောပြော ပုံတော့ပေါ်လာတာပဲ…

လုပ်ကြည့်လိုက်တော့ တော်တော် စားတာပဲ၊ ကိုယ်နဲ့ သဘောတူတာရော၊ မတူတာရော၊ လုံးလုံးဆန့်ကျင်တာရော၊ အဆင်ပြေချောမွေ့တာရော မျိုးစုံအောင် တွေ့လိုက်ရတယ်။ လုပ်ငန်းတစ်ခုကို set up လုပ်တဲ့အခါ တွေ့ရတဲ့ အခက်အခဲတွေ၊ သဘောမတူညီမှုတွေ၊ တင်ပြညှိနှိုင်းရတာတွေ၊ ကိုယ့်ကို မကြိုက်တာတွေ၊ အတင်းဒါပဲဖြစ်သင့်ပါတယ်လို့ဆိုရတာတွေ၊ အေးအေးဆေးဆေး ပြေလည်သွားတာတွေ၊ စကားတွေများ ရန်တွေဖြစ်တော့မယ်ပုံ ပြောပြီးမှ သဘောတူညီမှု ရတာတွေ၊ မညှိနှိုင်းရပဲ အလိုလို ပြေလည်သွားတာတွေကို ဖြတ်သန်းရင်း ကြည့်လို့ရတဲ့ ရုပ်လုံးတစ်ခုတော့ ပေါ်လာပြီ။ ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် လောတာတွေ၊ အမှားပါတာတွေ၊ အပြောမတတ်လို့ ပြဿနာဖြစ်တာတွေ၊ မကြိုက်ကြတာတွေလည်း အများကြီးပါ။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကြောင့် ဖြစ်တဲ့ ပြဿနာတွေလည်း ရှိခဲ့တယ်။

ရထားတဲ့ ရာထူးက “တောက်တိုမယ်ရ”၊ လုပ်ရမယ့် Job Scope က “အထွေထွေကိစ္စများ စီမံခန့်ခွဲရန်” ၊ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။ task  တွေများလာတာနဲ့ အမျှ ကိုယ်တိုင် တစ်ခုချင်းကို မကြည့်ပေးနိုင်တော့ပါဘူး။ သက်ဆိုင်ရာ ဌာနအသီးသီးကို လွှဲပေးလိုက်ရတာပဲပေါ့။ အခုမှ ကိုယ်နောင်မှာ တာဝန်ယူရမယ်လို့ ထင်ရတဲ့ အပိုင်းကို စိတ်ဝင်စားဖို့ စဉ်းစားနိုင်တော့တယ်။ ဒါပေမယ့် အားလုံးကို goal တစ်ခုထဲကို ရောက်အောင် ဆွဲဆောင် စည်းရုံးနိုင်ဖို့ ကိုယ့်ရဲ့ personal performance ကတော့ လိုသေးတယ်လို့ သုံးသပ်လို့ရတယ်။ နောင်ကို ဒီလို အမှားမျိုးတွေကင်းဖို့ ကြိုးစားရဦးမယ်။

ဂီရိ
ဒီနေ့ည သတင်းမှာရော၊ မုန်တိုင်းသတိပေးချက်တွေရော ခဏခဏ ကြေငြာနေလို့ သတိထားမိသွားတယ်။

cyclone giri ဟာ ည ၇ နာရီလောက်က ကျောက်ဖြူမြို့နဲ့ ၁၅ မိုင်လောက်အကွာမှာ ဖြတ်သွားတယ်တဲ့။

တစ်နာရီကို မိုင် ၁၁၀ ကနေ တစ်ခါတစ်ရံ ၁၂၀ အထိ ရှိနိုင်တယ်တဲ့။

မုန်တိုင်းဒီရေဟာ ၁၂ ပေခန့် အထိ တက်နိုင်တယ်ဆိုတော့ အဲဒီဒေသက လူတွေအတွက် စိတ်ပူမိပါတယ်။

၂၀၀၈ တုန်းက နာဂစ် ပြီးတော့ ၂၀၁၀ မှာ ဂီရိ လာပြန်ပြီ။

ဘာပဲပြောပြော ရခိုင်ဒေသ ကလူတွေ အဆင်ပြေကြပါစေ။

Employer Branding
ဒီ​နေ့ mmkta က​လုပ်​တဲ့ seminar ကို​သွား​တက်​တယ်။ trader က ကုန်း​ဘောင်​ခန်းမ​မှာ ၂ နာရီ​မှာ စ​မယ်​လို့ ရေးထား​တာ ထုံးစံ​အတိုင်း ကျွန်တော်​ရောက်​တော့ ၂ နာရီ ၁​၀ မိ​နစ်၊ seminar စ​ဖြစ်​တာ​က ၂ နာရီ ၁​၅ လောက်​လို့ ထင်​တယ်။ လာ​ကြ​တဲ့ လူ​တွေ သိပ်​မ​ရှိ​ဘူး။ ခန့်​မှန်းခြေ ၂​၅ ၊ ၃​၀ လောက်​ပဲ​ထင်​တယ်။

အခမ်းအနား​ကို စီစဉ်​ပေး​တဲ့ mmkta အဖွဲ့​သား​တွေ​ရဲ့ ကျွမ်းကျင်​တဲ့ စီစဉ်​မှု​ကို ကောင်း⁠ကောင်း​တွေ့​ရ​တယ်၊ နောက်​က ပံ့ပိုး​ပေး​ကြ​တဲ့ သူ​တွေ​ရော အခမ်းအနား​မှုး​ရော အဆင်​ပြေ​ပြေ ဆောင်ရွက်​နိုင်​တာ တွေ့​တယ်။ အခမ်းအနား အစီ​အစဉ်​တွေ​က ဒီ​လို​ပါ။

အခမ်းအနား ဖွင့်​လှစ်​ကြောင်း​ကြေငြာ​ခြင်း

ကို​မျိုး​မင်းကို ပရိတ်​သတ်​နဲ့ မိတ်​ဆက်​ပေး​ခြင်း

ကို​မျိုး​မင်း​မှ employer branding အကြောင်း ဟောပြော​ခြင်း

သိ​လို​သည်​များ​ကို ပြန်လှန်​မေးမြန်း​ခြင်း

ကို​မျိုး​မင်းကို ကျေးဇူးတင်​စကား ပြော​ကြား​ခြင်း​နှင့် mmkta ၏​ရှေ့​လုပ်​ငန်း​စဉ်​များ​ကို ရှင်းလင်း​ပြော​ကြား​ခြင်း

အခမ်းအနား ပြီး​ဆုံး​ကြောင်း ကြေငြာ​ခြင်း

ကို​မျိုး​မင်း​က PowerPoint slide 30 ခု​အသုံးပြု​ပြီး သူ​ရဲ့ ဟောပြော​ချက်​ကို ရှင်းလင်း​တင်ပြ​သွား​တယ်။ စီစဉ်​တင်ပြ​ပုံ​လေး​က တော်တော် အဆင်​ပြေ​တယ်။ ဒီ​ခေါင်းစဉ်​ကို သူ​ဘာ​ကြောင့်​ရွေးချယ်​ရ​တဲ့ အကြောင်း၊ customer orientation လုပ်​တဲ့ marketing က​နေ စား​သုံး​သူ အဆင်​ပြေ​အောင် internal marketing နဲ့​ဆက်​စပ်​သွားပုံ၊ ဒိ​နောက် သူ​ပြော​ချင်​တဲ့ employer branding ကို​ရောက်​အောင် ဆွဲခေါ်​သွား​နိုင်​တယ်။

သူ့​ရဲ့ အာဘော်​ကို ကျွန်တော် မှတ်မိ​သ​လောက် powerpoint slide တွေ​အတိုင်း ပြော​ကြည့်​မယ်။

slide 1 ကတော့ PS business school က CEO ကို​မျိုး​မင်း​ရဲ့ seminar title ဖြစ်​တဲ့ employer branding ပေါ့။

ယခု လက်​ရှိ​နဲ့ နောင်​ဖြစ်လာ​မယ့် ဝန်​ထမ်း​တွေ​ကို HR Dept ကဦး​ဆောင်​ပြီး အဖွဲ့​အစည်း​ရဲ့ ယှဉ်​ပြိုင်​နိုင်​စွမ်း​ကို ရ​ရှိ​ဖို့ marketing activities တွေ​ကို လုပ်ဆောင်​ရ​တာ ဖြစ်​တဲ့ အတွက် ဒီ​ခေါင်းစဉ်​ကို သူ​ရွေးချယ်​ပါ​တယ်​လို့ ကို​မျိုး​မင်း​က ဆို​ပါ​တယ်။

marketing ဆို​တဲ့​နေရာ​မှာ ကို​မျိုး​မင်း​က လေး​ပိုင်း⁠ပိုင်း​ပြီး ဒီ​လို အဓိပ္ပါယ်​ဖွင့်​ပါ​တယ်။

P O L C ဆို​တဲ့ Management Process က

Responsible for

identifying

satisfying and

anticipating  တွေဖြစ်ဖို့

Customer requirements  ကို​ဦးတည်​ပြီး

Profitability and effectively လည်း ရ​ဖို့ လုပ်ဆောင်​တယ်။

စား​သုံး​သူ ပထမ မူ​ဝါဒ​ကို ကျစ်​လစ်​ထိ​ရောက်​တဲ့ organization အနေ​နဲ့ အပြန်​အလှန် profitable exchange ဖြစ်​အောင် လုပ်​တာ​ကို marketing concept အဖြစ် ကို​မျိုး​မင်း​က တင်ပြ​သွား​တယ်။

ဒီ​နောက်​မှာ​တော့ CRM (customer relationship management) တို့ ၊ internal marketing တို့ ၊ relationship management တို့​ကို ထပ်​တိုး အဖြစ်​တွေ့​နိုင်​ပါ​တယ်။

ဒီ slide မှာ ကို​မျိုး​မင်း​က internal marketing ကို base ခံ​ပြီး​ပြော​ရင်း HR ရဲ့ contract ဖက်​ကို ပြောင်း​ပြော​သွား​ပါ​တယ်။ HR Dept တွေ​ဟာ contract တွေ​ကို သုံး​ကြ​တယ်။ အသုံးပြု​တဲ့ contract ၂ မျိုးရှိ​တယ်။

service contract နဲ့ (ပုတ်ပြတ်​ပေး​တဲ့ စံ​နစ်)

employment contract ပေါ့(ဝန်​ထမ်း​အဖြစ် ခန့်​တဲ့​စံ​နစ်)။ ဒါ​ပေ​မယ့် ခိုင်​မြဲ​တဲ့ contract တွေ​မဟုတ်​တဲ့ အတွက် HR တိုင်း​က

psychology contract တွေ​နဲ့ အပြန်​အလှန် စွဲမြဲ​တဲ့ စံ​နစ်​တွေ လိုချင်​ကြ​တယ်။

ဝန်​ထမ်း​တွေ​ရဲ့ ရွေးချယ်​မှု​က ဘာ​လဲ၊ EOC employer of choice ပေါ့။

ကောင်းမွန်​တဲ့ ကုမ္ပဏီ ပုံ​ရိပ်​ကို မြင့်​တင်​နိုင်​ရ​မယ်၊

အဖွဲ့​အစည်း​အနေ​နဲ့ ကြီး​ထွား​ဖို့​နဲ့ အမြတ်​ရ​ဖို့​ကို ဇောင်း​ပေး​နိုင်​ရ​မယ်၊

PEST analysis @ Strategy First
Marketing Environments ကို လေ့​လာ​ရင် Political, Economic, Social နဲ့ Technological တွေ​ပါ​တဲ့ Macro Environmental Forces တွေ​က တဖက်​သတ် သြ​ဇာ သက်ရောက်​မှု​တွေ ရှိ​တယ်။ Customers, Competitors, Suppliers, Distributors, Alliances, Stakeholders & Public, Inter Environment တွေပါတဲ့ Micro Environmental Forces တွေ​က​လဲ အပြန်​အလှန် အကျိုး​သက်ရောက်​မှု​တွေ ရှိ​တယ်။ ပြော​ရ​ရင် Macro level မှာ PEST analysis လို tools ကို​သုံး​ပြီး Micro Level မှာ SWOT analysis လို tools တွေ​ကို​သုံး​ပြီး business တစ်​ခု​အတွက် အကဲ​ဖြတ်​မှု​တွေ လုပ်​လေ့​ရှိ​ကြ​တယ်။

SWOT factors တွေ​ကို သတ်​မှတ်​ဖို့ PEST analysis က​ကူညီ ထောက်ပံ့​ပေး​တယ်။ ဒါ​ကြောင့် PEST analysis ဟာ SWOT analysis ကို​သုံး​ပြီး အကဲ​မ​ဖြတ်​ခင် သုံး​သင့်​တဲ့ အသုံးဝင်​တဲ့ tool တစ်​ခု​ပါ​ပဲ။ SWOT ဆို​တာ Strengths, Weaknesses, Opportunities နဲ့ Threats ကို​ပြော​တာ​ပါ။ PEST နဲ့ SWOT ဟာ မ​တူ​ကွဲပြား​တဲ့ ချဉ်းကပ်​သုံးသပ်​မှု​တွေ ရှိ​ပေ​မယ့် တူညီ​တဲ့ အကဲ​ဖြတ်စ​ရာ အချက်​တွေ​လည်း ရှိ​တယ်။

အဲ​ဒီ​တော့ PEST analysis ကို​သုံး​ဖို့ ဘယ်​လို အချက်​တွေ​ပါ​သလဲ ဆို​တာ ကြည့်​ရအောင်။

Political ဖက်​က ကြည့်​ရင်

environmental ဆိုင်​ရာ ဘာ​ပြဿနာ​တွေ ရှိ​မ​လဲ။

legislative အနေ​နဲ့ ယခု နဲ့ နောင် ဘာ​တွေ ဖြစ်လာ​နိုင်​မ​လဲ။ နိုင်ငံ​တကာ မှာ​ရော ဘယ်​လို​လဲ။

regulation လုပ်​တဲ့ အဖွဲ့​အစည်း​တွေ​နဲ့ လုပ်ဆောင်​ရ​မယ့် နည်း​လမ်း​တွေ​က​ရော ဘယ်​လို​ရှိ​မ​လဲ။

government နဲ့​ပါတ်​သက်​လို့ မူ​ဝါဒ​တွေ၊ အချိန်​ကာလ​တွေ​နဲ့ အပြောင်း​အလဲ​တွေ​က​လဲ အရေး​ပါ​တဲ့​အတွက် ထည့်​သွင်း စဉ်းစား​ရ​မယ်။

trading policies တွေ​က​လဲ ဘယ်​လို​ရှိ​နိုင်​မ​လဲ။

local နဲ့ foreign က pressures တွေ​ရော ဘယ်​လို သက်ရောက်​မှု ရှိ​မ​လဲ။

နောက်ဆုံး စစ်​တို့ အကြမ်း​ဖက်​မှု​တွေ​တို့ ရှိ​နိုင်​သလား၊ ဘယ်​လို သက်ရောက်​မှု ရှိ​မ​လဲ။

Economical အနေ​နဲ့ ဆို​ရင်

ပြည်​တွင်း​ရော ပြည်​ပ​ရော စီးပွား​ရေး အတက်အကျ​တွေ​ဟာ အကျိုး​သက်ရောက်​မှု ရှိ​နိုင်​လား။

ဝင်ငွေ​ရ​ရှိ​တဲ့ အနေအထား​က​ရော ဘယ်​လို​လဲ။ အခွန်​ကောက်ခံ​ပုံ​က​ရော ဘယ်​လို ရှိ​လဲ။ စုဆောင်း​ငွေ​တွေ အကြွေး​တွေ​ရော ဘယ်​လို အနေအထား​ရှိ​လဲ။

ထူး​ထူးခြား​ခြား အခွန်​ကောက်ခံ​ပုံ သတ်​မှတ်ထား​တဲ့ ကုန်​ပစ္စည်း​တွေ ဝန်​ဆောင်​မှု​တွေ ရှိ​လား၊ ဘယ်​လို ဖြစ်​နိုင်​လဲ။

market cycle ရဲ့​အနေအထား၊ စျေး​ကွက်​ရဲ့ နောင်​ဖြစ်လာ​နိုင်​မယ့် အခြေအနေ​တွေ​က​ရော ဘယ်​လို​လဲ။

distributors တွေ​ရဲ့ အလားအလာ​တွေ၊ စား​သုံး​သူ​ရဲ့​ပြောင်းလဲ​လာ​နိုင်​မှု​တွေ က​ရော ဘယ်​လို​လဲ။

exchange rate တို့ နိုင်ငံ​တကာ​ကို trade လုပ်​နိုင်​တဲ့ အနေအထား​တို့​ကို​လည်း ထည့်​စဉ်းစား​ရ​မယ်။

Social အနေ​နဲ့ ကတော့ အဓိက​အား​ဖြင့် demographics နဲ့ culture ကို​ခွဲ​ခြား​ပြီး

life style ပြောင်းလဲ​ပုံ​တွေ​က​ရော ဘယ်​လို​လဲ။

စား​သုံး​သူ​တွေ​ရဲ့ ခံယူ​ချက်​နဲ့ အမြင်​တွေ​က​ရော ဘယ်​လို​လဲ။

လူ​ဦးရေ အခြေအနေ၊ ကျား​မ အချိုး၊ အသက် ကွာ​ခြား​မှု​တွေ​က​ရော ဘယ်​လို​ရှိ​လဲ။

စာတတ်​မြောက်​မှု​နှုန်း၊ စာမ​တတ်​တဲ့​နှုန်း​တွေ​က​ရော ဘယ်​လို​လဲ။

အိမ်ထောင်​စု အခြေအနေ၊ ဝယ်​ယူ​လေ့​ရှိ​တဲ့ ပုံစံ​တွေ​က​ရော ဘယ်​လို​လဲ။

ပြော​ရ​ရင် ဖက်​ရှင်​ပုံစံ​တွေ၊ role model တွေ​က ဘယ်​လို အကျိုး​သက်ရောက်​မှု ရှိ​နိုင်​မ​လဲ။

အဓိက​ကျ​တဲ့ events တွေ​က​ရော ဘာ​တွေ​လဲ၊ ဘယ်​လို အကျိုး​သက်ရောက်​မှု​တွေ ရှိ​နိုင်​မ​လဲ။

ဘာသာ​ရေး​ဆိုင်​ရာ​တွေ၊ အဖွဲ့​အစည်း​ဆိုင်​ရာ​တွေ ရဲ့​အနေအထား​နဲ့ စား​သုံး​သူ​တွေ​ရဲ့ တန်ဖိုး​ထား​မှု​ကွဲပြား​ပုံ​တွေ​က​ရော ဘယ်​လို​လဲ။

Technological views က​ဆို​ရင်​တော့

compete လုပ်​နိုင်​မယ့် နည်း​ပညာ ဖွံ့ဖြိုး​တိုးတက်​မှု အခြေအနေ​က​ရော ဘယ်​လို​လဲ။

သု​တေ​သန လုပ်​ဖို့ ပေး​နိုင်​မယ့် ငွေ​အခြေအနေ​က​ရော ဘယ်​လို​လဲ။

ပူးတွဲ ဒါ​မှ​မဟုတ် မှီခို​နေ​ရ​တဲ့ နည်း​ပညာ ရှိ​လား။ အစားထိုး စရာ​ကော ရှိ​လား။

နည်း​ပညာ​ဆိုင်​ရာ ရင့်​ကျက်​မှု(maturity)ရော  ရှိ​ပြီ​လား။

ပြော​ရ​ရင် ကိုယ့်​ပစ္စည်း​ကို ထုတ်​တဲ့ နေရာ​မှာ faster, cheaper, easier-to-use, smaller, more mobile, connected, ubiquitous ဖြစ်​နိုင်​ပြီ​လား။

PEST analysis ကို​စဉ်းစား​တဲ့​အခါ ဒီ​လောက်​ဆို​ရင် ပြည့်စုံ​တဲ့ အကဲ​ဖြတ်​ချက် တစ်​ခု​တော့ ရ​ပါ​မယ်။

reference :

Strategy First က SFM101 course – seminar 2

www.businessballs.com

ရေလျှံတဲ့ ရန်ကုန်မှာ
ညနေပိုင်းမှာ မိုးရွာလိုက်တာ ရန်ကုန်မြို့ကြီး ရေလျှံပြန်ပြီ။ စက်ရုံကနေ အိမ်ပြန်ဖို့အရေး ဟိုဘက်က ပတ်၊ ဒီဘက်က ပတ်နဲ့ တော်တော် လမ်းရှာလိုက်ရတယ်။ လမ်းတစ်လျောက်လုံး ရေဝင်လို့ ပျက်နေတဲ့ ကားတွေ တန်းစီနေတယ်။ ရေထဲဖြတ်မမောင်းရင် ရောက်မှာ မဟုတ်လို့ ဇွတ်ဖြတ်မောင်းလိုက်တာ တော်သေးတယ် စက်မသေလို့။ ဒီတစ်ခါ ရေကြီးတာက မိုးဝင်စ တုန်းကထက် ပိုတယ်၊ အရင် တစ်ခေါက်က ရေမဝင်ပေမယ့် အခုတစ်ခေါက် အိမ်ထဲကို နည်းနည်း စိမ့်ဝင်တယ်။ ကျွန်တော်မှတ်ထားတာ အရဆို ၆ လပိုင်းတုန်းကထက် ၄ လက်မလောက် ပိုတယ်၊ ကိုယ့်အိမ်ရှေ့မှာ ပြောတာနော်။ ရေကြီးရင် ဒုက္ခရောက်မှာစိုးလို့ စောင့်နေတာ မနက် လေးနာရီလောက်မှပဲ အိပ်ရတော့တယ်။ ၂၀၀၇ မှာတစ်ခါ၊ ၂၀၀၈ မှာတစ်ခါ၊ အခု ၂၀၀၉ မှာ တစ်ခါ နည်းနည်းတော့ လွန်ပြီဗျ။

Ks 5000
ဒီနေ့ည ၈ နာရီ သတင်းမှာ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြန်မာနိုင်ငံမှာ ကျပ် ၅၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမယ်လို့ ကြေငြာပါတယ်။ ဆင်ရုပ်နဲ့ လွှတ်တော်ပုံ ပါတယ်ဆိုလား သေချာ သဲကွဲစွာ မသိလိုက်ဘူး။ သိပြီးလို့မှ သိပ်မကြာဘူး ဘာလုပ်ကြမလဲ၊ ဘယ်လိုထင်လဲ၊ ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုတဲ့ မေးခွန်းတွေ မေးလာတော့ စဉ်းစားလာရတယ်။ မနက်ဖြန် ဘာဖြစ်နိုင်မလဲ။

ဒါပေမယ့် နောက် ၆ လလောက်နေမှ သိသိသာသာ effect ဖြစ်လာမယ်လို့ထင်တယ်။ ပထမ တစ်ခါတုန်းက တစ်နှစ်လောက်မှ၊ ဒုတိယ တစ်ခါကျတော့ ၈ လလောက်မှ ကိုယ့်ဝင်ငွေနဲ့ သုံးတဲ့ စတိုင် မကိုက်တော့တာ ဖြစ်ပေမယ့် ဒီတစ်ခါတော့ ၆ လ လောက်လို့ မှန်းတယ်။ ကုန်ဈေးနှုန်းဘက်ကို ဂယက်ရိုက်နိုင်လားတော့ မသိဘူး။

about myself
အမြဲတမ်း စိတ်တိုနေတတ်တဲ့ အလေ့အကျင့်ကို ပြင်ချင်တယ်။ တစ်ခါတစ်လေ ဒါကြောင့် မှားယွင်းဆုံးဖြတ်တာတွေ ဖြစ်နိုင်တယ်။ စိတ်မတိုတဲ့ အချိန်မှာ အဲဒါတွေကို သတိရပေမယ့် စိတ်တိုနေတဲ့ အချိန်မှာ ဒါတွေ သတိမရတော့ဘူးဗျ။ ကိုယ့်ကိုကိုယ် ပြင်ရမလား၊ ပါတ်ဝန်းကျင်ကို ပြင်ရမလား၊ အဓိက ကတော့ ကိုယ့်ကိုကိုယ် ပြင်ရမှာပဲ ထင်တယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာ နည်းလမ်းရှာအုံးမယ်။

Learn IMC @ mmkta
မနေ့ကနဲ့ ဒီနေ့ IBC မှာလုပ်တဲ့ Integrated Marketing Communication Workshop ကိုသွားတက်တယ်။ တစ်ယောက်ကို ၅၀၀၀၀၊ နေ့လည်စာနဲ့ tea break ၂ ခါ ကျွေးတယ်။ သွားရ လာရတာ အဆင်ပြေပြီး  facilitators တွေက အဆင်ပြေအောင် စီစဉ်ပေးထားတာကို တွေ့ရတယ်။ အားလုံး ၁၀၀ ကျော်လောက် လာတက်ကြတယ်။ ဒါကတော့ Program Detail ပါ။

19th Sep 2009(Sat)

9:00 AM       MC opening

9:05 AM       Professor Emeritus Daw Hla Myint Speech

9:20 AM       Dr Kan Hein Welcome Speech

9:30 AM       U Aye Kyaw Presentation (First Section)

10:30 AM    Tea Break

10:45 AM    U Aye Kyaw Presentation (Second Section)

12:45 PM    Lunch Break

1:45 PM       Professor Dr. Daw Khin San Yee Presentation (First Section)

2:45 PM      Tea Break

3:00 PM      Professor Dr. Daw Khin San Yee Presentation (Second Section)

5:00 PM      Finish

20th Sep 2009(Sun)

9:00 AM       MC opening

9:05 AM       Ko Saw Yan Naing(First Section)

10:10 AM    Tea Break

10:25 AM    Ko Saw Yan Naing (Second Section)

12:55 PM    Lunch Break

1:55 PM       Ma Kay Myat Khing (First Section)

2:55 PM      Tea Break

3:10 PM      Ma Kay Myat Khing (Second Section)

5:40 PM      Certificate Awarding

6:00 PM      Finish

ဆရာမကြီး ဒေါ်လှမြင့် က အဖွင့်စကားပြောတယ်။ ဆရာမကြီးကတော့ marketing ရဲ့ definition ကို ထောင့်စုံအောင် ရှာပြီးပြောသွားတယ်။ ပီတာ ဒရပ်ကား ကနေ စလိုက်တာ ဖိလစ်ကော်တလာ၊ အင်္ဂလန်က marketing association တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အထိပါတယ်။ marketing ကိုလုပ်တဲ့နေရာမှာ marketing dept; တစ်ခုသာ လုပ်ရမှာ မဟုတ်ဘူး အားလုံး ပူးပေါင်းပါဝင်ရမယ် လို့ဆိုပါတယ်။ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှ marketing လုပ်ငန်းစဉ်တွေဟာ အောင်မြင်နိုင်မယ် လို့ပြောပါတယ်။

ဒီနောက် mmkta ရဲ့ ဥက္ကဋ္ဌ Dr. Kan Hein က mmkta အကြောင်းနဲ့ အခုလုပ်တဲ့ ပွဲက ရလာတဲ့ fund တွေကို သုံးစွဲမယ့် အစီအစဉ်တွေကို ရှင်းပြပါတယ်။ mmkta ရဲ့ founding principle အကြောင်း၊ ဘာတွေလုပ်နေကြောင်း တော်တော်လေး စုံစုံလင်လင် ရှင်းပြပေးသွားပါတယ်။

ပထမဆုံး presentation ကို ဆရာ ဦးအေးကျော်က ပေးပါတယ်။ ဆရာပြောသွားတာတွေကို briefly ပြောရရင်

marketing ဆိုတာ ဘာလဲ၊

not selling, not advertising, not sales promotion

marketing သမားတွေဟာ product ကို launch လုပ်တဲ့အချိန်နဲ့ sample ပေးတဲ့ အချိန်ပဲ ကိုင်ခွင့်ရှိတယ်။

IMC ဆိုတာကော ဘာလဲ၊

IMC means integrating all the promotional tools, so that they work together in harmony

IMC ရဲ့ goal ကရော ဘာလဲ၊

to influence the behavior of the targeted audience

to send a consistent message to customers and stakeholders

to coordinate communication consistency

to marry behavior-changing efforts and image-building efforts

to enhance the complementary use of media

Elements of IMC

Advertising

Sales Promotion

Public Relations and Publicity

Personal Selling

Direct Marketing

Events and Experiences

Word-of-Mouth Marketing

Online or interactive or internet Marketing or Electronic Media, Search Engine Optimization(SEO), Pay-par-click, Affiliate, Banner, Blog, Micro blogging, RSS, Podcast, Internet TV, SMS etc.

Basic Elements of IMC planning

Situation

Objectives

Strategy

Tactics

Action

Control

Challenges

barrier တွေအကြောင်းပေါ့။

ဆရာပြောခဲ့တဲ့ အထဲက သဘောကျတာလေး ပြန်ပြောရရင် မြန်မာနိုင်ငံမှာ အဓိက marketing strategies နှစ်ခု ရှိတယ်တဲ့။ အဲဒါတွေကတော့ “ကျုပ်ကြက်လိ strategy”  နဲ့ “ငါးသလောက် strategy” ပါတဲ့ဗျား ဟီး ဟီး ဟီး… နောက်ပြီး ကျွန်တော်မသိသေးတဲ့ အသုံးဝင်မယ်ထင်ရတာ တစ်ခုကတော့ မြန်မာနိုင်ငံမှာ မြို့ကြီးတွေကို အဆင့်ခွဲထားတယ်။ လူဦးရေ ၂ သိန်းအထက်ကို “အေ”၊ ၁ သိန်းနဲ့ ၂ သိန်းကြားကို “ဘီ”၊ ၁ သိန်းအောက်ကို “စီ”လို့ သတ်မှတ်တယ်။ မြို့နယ် လဝက ဦးစီးမှုးတွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှုးတွေကို ကြည့်ရင် သိနိုင်တယ်။ အေ ဆိုရင် အခက်ပါ၊ ဘီ ဆို သုံးပွင့်၊ စီ ဆို နှစ်ပွင့်ပဲ ရှိတယ်တဲ့။ အဲဒီနောက်မှာတော့ အခုဆိုရင် ပြိုင်ဆိုင်မှုတွေပြင်းထန်ပြီး ကြော်ငြာတွေများနေတဲ့ ကမ္ဘာကြီးမှာ ကြက်ဥမှာတောင် ကြော်ငြာနေကြလို့ Egg-vertising ဖြစ်နေပြီ ဆိုပြီး နိဂုံးချုပ်သွားပါတယ်။

ပထမနေ့မှာ ကပ်ရက်ထိုင်မိတာက Myanmar Times ကကိုသိန်းလင်းပေါ့။ ကျောင်းတုန်းက သိတဲ့ ကိုကျော်သူ အကြောင်းမေးဖြစ်ရင်း အဖွဲ့ကျ စကားပြောဖြစ်တယ်။ သူက နိုင်ငံခြားတက္ကသိုလ်တွေမှာ မြန်မာအတွက် ဝေစုရှိတယ်၊ ဟိုကပေးချင်ပေမယ့် လျှောက်တဲ့လူမရှိလို့ မပေးနိုင်တာ၊ အခုတော့ တစ်စတစ်စ သိလာကြတာတွေ ပြောဖြစ်တယ်။ သူတို့ဆီမှာဆို တစ်ယောက်တစ်လှည့် သွားနေကြတယ်၊ အထက်လူကြီးကလဲ ခွင့်ပြု ထောက်ခံပေးတယ်၊ ကိုယ့်ပိုက်ဆံနဲ့ သွားရပေမယ့် ပြန်လာရင်လည်း အလုပ်ပြန်ဆင်းလို့ ရတော့ အဆင်ပြေတာပေါ့။ ပညာသင်ဆုတွေ၊ ထောက်ပံ့ကြေးတွေ short terms, long terms အစုံရှိနေတာကို ဒီကလူတွေလည်း သိပြီးလျှောက်စေချင်လို့ သူတို့က အဆင်ပြေရင်ပြေသလို ဖော်ပြနေတယ်တဲ့။ အခုတစ်လော မြန်မာတိုင်းမ် ကိုဖတ်ရတာ ပေါ့တယ်ဆိုတာလည်း ပြောဖြစ်ကြတယ်။

နေ့လည်ပိုင်းမှာ ဆရာမကြီး ဒေါ်ခင်စန်းရီ က presentation ပေးပါတယ်။ သိတဲ့အတိုင်း ထမင်းစားပြီးခါစ ဆိုတော့ ငိုက်ချင်နေရတဲ့ အထဲ စာသင်နေရတော့ သိပ်မမှတ်မိပါဘူး။ ဆရာမကြီးပြောတာတွေကို မှတ်မိသလောက် အကြမ်းဖျင်းပြောရရင် marketing လုပ်တဲ့နေရာမှာ

Right consumer

Right message

Right place

Right time

ဖြစ်မှသာ effective communications ဖြစ်မယ်လို့ ဆိုပါတယ်။ right message အကြောင်းပြောရင်း လမ်းဘေးဆီဆိုင်တွေ ရဲ့ message ၊ အကြော်သည်နဲ့ မုန်ဟင်းခါးသည်တို့ရဲ့ message ကို အားလုံးနားလည်ကြတဲ့ အကြောင်းပြောပါတယ်။ market analysis ကနေ integrate and implement marketing communication အထိလုပ်ဆောင်တဲ့နေရာမှာ communication mix တွေကို အထက်က အချက်လေးချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ ပြောသွားပါတယ်။ သတိတရ ဖြစ်မိတာကတော့ အခုခေတ်မှာ marketing ကောင်းလွန်းလို့ ရှေးမြန်မာ စကားပုံတောင် ပျက်သွားပြီ၊ အိမ်ထောင်လည်း ပြုချင်သလိုပြု၊ ဘုရားလည်း ရွှေ့၊ ဆေးမှင်ကြောင်ကတော့ ပြောမနေနဲ့ ကပ်ခွာတွေ ရှိနေပြီတဲ့ဗျ။ ဒါဆို ဘာစကားပုံလဲ ဆိုတာ သိမယ်ထင်တယ်။

ဒုတိယနေ့မှာတော့ Myanmar Spa Today Far East Advertising Ltd. က ဦးစောရန်နိုင် ရဲ့ presentation နဲ့စပါတယ်။ သူက Think global, act local ဆိုတဲ့ ဆောင်ပုဒ်ကို အစပြုပြီး ဒီနေ့ကမ္ဘာကြီးရဲ့ ကြော်ငြာစတိုင်တွေ ပြောင်းလဲလာပုံတွေကို တင်ပြသွားပါတယ်။ Trademark ကနေ Trustmark ကိုပြောင်းနိုင်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ IMC tools တွေကို သုံးတဲ့အခါမှာ ဘာတွေအရေးကြီးတယ် ဆိုတာ၊ ဘယ်လိုတင်ပြရင် ကောင်းတယ်ဆိုတာ slides တွေကို သုံးပြီး ရှင်းလင်းတင်ပြသွားတယ်။ နိုင်ငံတကာမှာ facebook တွေ twitter တွေလို social website တွေမှာ ခေတ်စားနေတဲ့ word-of-mouth marketing ဟာ မြန်မာနိုင်ငံမှာတော့ မတူကွဲပြား ခေတ်မစားနိုင်သေးကြောင်း လည်းပြောသွားပါတယ်။ ကျွန်တော့်အမြင်ကတော့ ကိုစောရန်နိုင်ရဲ့ တင်ပြချက်တွေဟာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ယူဆပါတယ်။

ကိုစောရန်နိုင်ရဲ့ ဒုတိယပိုင်းကတော့ IMC tools တွေကိုသုံးပြီး program တစ်ခုကို လက်တွေ့လုပ်ကြည့်ကြ ဖို့ပါပဲ။ ပထမနေ့ ကတည်းက နံပါတ်လေးတွေပါတဲ့ name card တွေပေးပြီး ဒုတိယနေ့မှာတော့ နံပါတ်အလိုက် အုပ်စုခွဲထိုင်ကြရပါတယ်။ ကျွန်တော်က နံပါတ် 403 ဆိုတော့ group 4 မှာကျတယ်။

401 – ကိုအောင်စိုး( PMG group )

402 – ကိုမြတ်ခိုင် ( assit: regional sales manager ; MDG )

403 – ကျွန်တော်

404 – မနန္ဒာ

405 – မမြတ်မြတ်စိုး ( executive director ; Yangon Media Group )

406 – မပြည့်ဖြိုးခိုင် ( sales manager ; Moe San Pan Co., Ltd. )

407 – ကိုရဲထွဋ်ရှိန် ( regional sales manager ; MDG )

408 – ပထမနေ့က တစ်ဝိုင်းတည်းကျတဲ့ EFR က brother

409 – မသူဇာအေး ( marketing manager ; Medi-tach trade centre co., ltd. )

410 – မနုနုရီ ( assistant manager ; SGS )

411 – မအေးအေးမျိုး ( manager ; MMRD )

412 – ကိုကျော်ထွန်း ( deputy general manager ; san ngwe yaung co., ltd. )

413 -

414 – မလာ

415 -

416 – ကိုညီလွင်အောင် (manager ; saim cement myanmar trading ltd. )

417 – ကိုဇော်ဇော်ဝင်းမောင် ( managing director ; business marketing network co., ltd. )

ကျန်တဲ့သူတွေက လိပ်စာကဒ်မရလို့ မှတ်ဉာဏ်က ဖော်လို့ မရတော့ဘူး။ အဲဒီ planning ကို အဖွဲ့လိုက် လုပ်ကြတော့ ကျွန်တော်တို့ အဖွဲ့က Easy Cook microwave oven နဲ့ပါတ်သက်တဲ့ plan လုပ်ရပါတယ်။ အဲဒီထဲမှာမှ နံပါတ်စဉ် ပထမဆုံးကျတဲ့ ကျွန်တော်တို့ သုံးယောက်က sales promotion အတွက် plan လုပ်ဖို့ကျပါတယ်။ အော်ပြောဖို့မေ့နေလို့ ကျွန်တော်တို့ အဖွဲ့ကို facilitator လုပ်ကြတာကတော့ Pun Hlaing Hospital က Dr. Ye Thu Aung ခေါင်းဆောင်တဲ့ အဖွဲ့ပါ။ သူတို့ရဲ့ facilitation ကြောင့် တော်တော် အဆင်ပြေတယ်လို့ ထင်တယ်။ နားမလည်တလည်တွေ ပိုနားလည်သွားတယ်။

ကျွန်တော်တို့ သုံးယောက်အုပ်စုအနေနဲ့ sales promotion plan လုပ်ကြတော့ ကိုမြတ်ခိုင်ကို ခေါင်းဆောင်တင်လိုက်တယ်။ ကိုရဲသူအောင်တို့ ပြောတဲ့ marketing management စာအုပ် စာမျက်နှာ ၄၇၃ က common communication platforms table ကိုကြည့်လုပ်တာ သူများတွေ တော်တော် ပြီးတဲ့အထိ သဘောတူညီမှု မရကြသေးဘူးဗျ။ ကျွန်တော်ကလည်း ခေါင်းမာမာဆိုတော့ ကပ်ငြင်းနေတာလေ။ နောက်ဆုံး PMG က ကိုအောင်စိုး စကားအတိုင်း သဘောတူညီမှု ယူလိုက်ပြီး အဆင်ပြေပြေ တိုတိုရှင်းရှင်း ပဲလုပ်လိုက်ကြတယ်။ ပြောရရင် ကျွန်တော်ကလည်း ငြင်းဖို့ပဲ စိတ်ကူးရနေတော့ အဲဒီထက်ကောင်းတာလဲ စဉ်းစားမရပါဘူး .. ဟီး ဟီး။

အဖွဲ့လိုက် presentation လုပ်ကြတော့ ပထမတော့ ခေါင်းဆောင်ပဲ လုပ်ရမယ်ဆိုပြီး နောက်တော့ အဖွဲ့လိုက်လည်း လုပ်ခွင့်ရပါတယ်။ အဖွဲ့လိုက်လုပ်မယ်ဆိုတော့ ကျွန်တော်တို့ group 4 leader ကိုရဲထွဋ်ရှိန်က တက်ပြောမလားလို့ မေးတာနဲ့ ကိုယ့်အုပ်စုလေးရဲ့ အပိုင်းကို တက်ပြောဖြစ်တယ်။ facilitator လုပ်တဲ့အထဲက ညီမတစ်ယောက်က presentation quality ကောင်းတယ်ဆိုလို့ နဲနဲပျော်သွားတယ်ဗျ။ ဘာပြောပြော ငြင်းကြခုံကြ၊ အပြိုင်လုပ်ကြနဲ့ ပျော်စရာတောင် ကောင်းသေးတယ်။ ဆုပေးတော့ မလောက်မငဖြစ်တာကလည်း ပိုပျော်စရာကောင်း သွားတာပေါ့။

နေ့လည်စာ စားပြီးတော့ furture com advertising ltd. က မကေမြတ်ခိုင် ရဲ့ presentation စပါတယ်။ သူက အနီရောင်တွေ အများကြီး သုံးထားတဲ့ slide တွေနဲ့ budget ရဲ့အရေးကြီးပုံကို စပြောပါတယ်။ နောက် smart communication plan ဆိုတာဘာလဲ။ IMC ကို manage လုပ်ရင် အရေးကြီးတဲ့ mix တွေ common communication platform အကြောင်းပြောပါတယ်။ mass media ကို plan လုပ်တဲ့ အခါ စဉ်းစားပုံ စဉ်းစားနည်းတွေ တင်ပြပါတယ်။ မကေ ပြောသွားတဲ့ အထဲက မှတ်မိတာလေးတွေကတော့ research လုပ်ဖို့လိုကြောင်း၊ မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ ဂျာနယ်တွေမှာ သူတို့ရဲ့ စတိုင်တွေရှိကြောင်း၊( ဥပမာ မော်ဒန် ဆိုရင် သမားရိုးကျ ကုန်သည်ပွဲစား စတိုင်၊ the voice ဆိုရင် အသက် ၂၀ နဲ့ ၃၅ ကြား စဉ်းစားရမယ်ဟာတွေကို စိတ်ဝင်စားတဲ့ ပညာတတ်လူငယ် စတိုင်၊ weekly eleven ဆိုရင် အကြောင်းအရာ စုံစုံလင်လင် သိချင်တဲ့ မြို့သား ပညာတတ်စတိုင် စသဖြင့် ) ဒါတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုကြောင်း ပြောပါတယ်။ strategic planning framework အနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုတဲ့ အချက်တွေကို ဒီလိုပြောပါတယ်။

•Target Audience

•Advertising  Objectives

•Media choice

•Advertising Weight ( Reach, Frequency and Continuity )

•Timing Considerations

•Day in Life Study  Placement Considerations

ဒီထဲက day in life study placement considerations ကတော့ တော်တော်ကောင်းတဲ့ tool တစ်ခုလို့ သုံးသပ်မိတယ်။ advertising မှာ ဒီလိုတွေ ထည့်သွင်းစဉ်းစားတယ် ဆိုတာ ခုမှ သိတယ်ဗျ။

ဒုတိယပိုင်းကတော့ group member အားလုံး ပေးထားတဲ့ budget သုံးပြီး plan တစ်ခုဆွဲပေးခိုင်း ပါတယ်။ calculator တွေနဲ့ ဟိုဘက်က ဘယ်လောက်၊ ဒီဘက်က ဘယ်လောက်နဲ့ အစပိုင်း ဆူညံနေအောင် ဝိုင်းပြောကြ၊ နဲတယ် များတယ် ငြင်းကြနဲ့ နောက်ဆုံး advertising plan ဆိုတော့ သူတို့အပိုင်းကို ရာခိုင်နှုန်း များများပေးလိုက်ကြရတာပဲ။ ကျွန်တော်တို့ sales promotion က အစပိုင်းမှာ ၃၀၊ နောက် ၂၅၊ နောက်ဆုံး ၂၂.၇ နဲ့ ကျေနပ်လိုက်ရတယ်။ ဇယားထဲမှာ ဘာလုပ်ရင် ဘယ်လောက်ကုန်မယ်ဆိုတာ ပေးထားတော့ ဘယ်အချိန် ဘာလုပ်မယ် ဘယ်လောက်ကုန်မယ် ချက်ချင်း တွက်လို့ရတယ်။ ဘာတွေလုပ်မယ်ဆိုတာ ညှိလိုက်ရင် ပြီးသွားတာပေါ့။ ဒါပေမယ့် အဓိကထား စဉ်းစားရမယ့် အချက်က target audience ပဲ၊ သူမပါရင် ဘာ promotion တွေလုပ်လုပ် ထိရောက်မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။

presentation လုပ်ကြတော့ အချိန်နည်းနည်း နဲတယ်လို့ ထင်တယ်။ အားလုံးထဲမှာ နောက်ဆုံးမှ လုပ်တဲ့ group 3 ကအချိန်ကွက်တိနဲ့ budget plan ကို တင်ပြသွားနိုင်တယ် လို့ထင်တယ်။ ကျွန်တော်ကတော့ budget ကို သတိမထားပဲ ကိုယ်ပြောချင်ရာ ပြောခဲ့တယ်ဗျ၊ အောက်ရောက်တော့ ကျွန်တော့် group ကလူတွေက ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ၊ မမြတ်မြတ်စိုးနဲ့ ကိုဇော်ဇော်ဝင်းမောင်တို့ ခပ်ထေ့ထေ့ ပြောနေတာလဲ သတိမထားမိဘူးဗျ၊ ကျွန်တော်ပြောခဲ့တာ မှန်တယ်ပဲ ထင်နေတယ်။ အားလုံးပြီးလို့ certificate တွေယူ၊ ဓါတ်ပုံတွေရိုက်ပြီး ပြန်ချိန်အထိ ကျွန်တော်မှန်တုန်းပဲ။ အိမ်ရောက်မှ စဉ်းစားမိတာ ငါ budget plan ပြောရမှာ promotion အကြောင်းပဲ ပြောမိတယ်လို့။ အဲဒီအချိန်မှ စဉ်းစားမိတယ် ဆိုတော့ ရူးများ ရူးနေပြီလား မသိဘူး၊ ကိုယ့်ကိုကိုယ် အကဲဖြတ်ဖို့ ခက်လို့ ရင်းနှီးတဲ့ လူတွေ မေးကြည့်ရမယ်၊ ငါရူးနေပြီလား ပေါ့။

seeing about our error
အရင်တုန်းက မစဉ်းစားမိတာတွေကို အခု လက်တွေ့လုပ်ကြည့်တဲ့ အခါ စဉ်းစားလာရတယ်။ “ဒီလောက်တော့ ကိစ္စမရှိ ပါဘူးလေ” လို့ထင်ထားတာတွေက အလေးထားရမယ့် ဟာတွေ ဖြစ်နေတာလည်း တွေ့တယ်။ fermentation ဆိုတာ တစ်ကယ်တော့ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးတွေကို မွေးမြူရေး လုပ်တာပဲ၊ ဒီတော့ သန့်ရှင်းရေးဟာ တစ်ကယ်ကို အရေးကြီးတာ တွေ့တယ်။ ကိုယ်သတိမထားမိတဲ့ နေရာလေးက infection ဝင်ပြီး ပြဿနာတက်နိုင်တယ်။ သူတို့ကြိုက်တဲ့ အပူချိန်ကအစ ဂရုစိုက် ထိန်းသိမ်းပေးရမယ်။အပြင်က စိမ်ရည်ကို ပျက်စေမယ့် အကြောင်းအရာ တစ်ခုမှ မရှိအောင်လုပ်နိုင်ရင် အကောင်းဆုံးပဲ။