Calendar
| M | T | W | T | F | S | S |
|---|---|---|---|---|---|---|
| « Jun | ||||||
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||
ဒီနေ့ mmkta ကလုပ်တဲ့ seminar ကိုသွားတက်တယ်။ trader က ကုန်းဘောင်ခန်းမမှာ ၂ နာရီမှာ စမယ်လို့ ရေးထားတာ ထုံးစံအတိုင်း ကျွန်တော်ရောက်တော့ ၂ နာရီ ၁၀ မိနစ်၊ seminar စဖြစ်တာက ၂ နာရီ ၁၅ လောက်လို့ ထင်တယ်။ လာကြတဲ့ လူတွေ သိပ်မရှိဘူး။ ခန့်မှန်းခြေ ၂၅ ၊ ၃၀ လောက်ပဲထင်တယ်။ အခမ်းအနားကို စီစဉ်ပေးတဲ့ mmkta အဖွဲ့သားတွေရဲ့ ကျွမ်းကျင်တဲ့ စီစဉ်မှုကို ကောင်းကောင်းတွေ့ရတယ်၊ နောက်က ပံ့ပိုးပေးကြတဲ့ သူတွေရော အခမ်းအနားမှုးရော အဆင်ပြေပြေ ဆောင်ရွက်နိုင်တာ တွေ့တယ်။ အခမ်းအနား အစီအစဉ်တွေက ဒီလိုပါ။ အခမ်းအနား ဖွင့်လှစ်ကြောင်းကြေငြာခြင်း ကိုမျိုးမင်းကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးခြင်း [...]
Marketing Environments ကို လေ့လာရင် Political, Economic, Social နဲ့ Technological တွေပါတဲ့ Macro Environmental Forces တွေက တဖက်သတ် သြဇာ သက်ရောက်မှုတွေ ရှိတယ်။ Customers, Competitors, Suppliers, Distributors, Alliances, Stakeholders & Public, Inter Environment တွေပါတဲ့ Micro Environmental Forces တွေကလဲ အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ရှိတယ်။ ပြောရရင် Macro level မှာ PEST analysis လို tools ကိုသုံးပြီး Micro Level မှာ SWOT analysis လို tools တွေကိုသုံးပြီး business တစ်ခုအတွက် [...]
ညနေပိုင်းမှာ မိုးရွာလိုက်တာ ရန်ကုန်မြို့ကြီး ရေလျှံပြန်ပြီ။ စက်ရုံကနေ အိမ်ပြန်ဖို့အရေး ဟိုဘက်က ပတ်၊ ဒီဘက်က ပတ်နဲ့ တော်တော် လမ်းရှာလိုက်ရတယ်။ လမ်းတစ်လျောက်လုံး ရေဝင်လို့ ပျက်နေတဲ့ ကားတွေ တန်းစီနေတယ်။ ရေထဲဖြတ်မမောင်းရင် ရောက်မှာ မဟုတ်လို့ ဇွတ်ဖြတ်မောင်းလိုက်တာ တော်သေးတယ် စက်မသေလို့။
ဒီနေ့ည ၈ နာရီ သတင်းမှာ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြန်မာနိုင်ငံမှာ ကျပ် ၅၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမယ်လို့ ကြေငြာပါတယ်။ ဆင်ရုပ်နဲ့ လွှတ်တော်ပုံ ပါတယ်ဆိုလား သေချာ သဲကွဲစွာ မသိလိုက်ဘူး။ သိပြီးလို့မှ သိပ်မကြာဘူး ဘာလုပ်ကြမလဲ၊ ဘယ်လိုထင်လဲ၊ ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုတဲ့ မေးခွန်းတွေ မေးလာတော့ စဉ်းစားလာရတယ်။ မနက်ဖြန် ဘာဖြစ်နိုင်မလဲ။ ဒါပေမယ့် နောက် ၆ လလောက်နေမှ သိသိသာသာ effect ဖြစ်လာမယ်လို့ထင်တယ်။ ပထမ တစ်ခါတုန်းက တစ်နှစ်လောက်မှ၊ ဒုတိယ တစ်ခါကျတော့ ၈ လလောက်မှ ကိုယ့်ဝင်ငွေနဲ့ သုံးတဲ့ စတိုင် မကိုက်တော့တာ ဖြစ်ပေမယ့် ဒီတစ်ခါတော့ ၆ လ လောက်လို့ [...]
အမြဲတမ်း စိတ်တိုနေတတ်တဲ့ အလေ့အကျင့်ကို ပြင်ချင်တယ်။ တစ်ခါတစ်လေ ဒါကြောင့် မှားယွင်းဆုံးဖြတ်တာတွေ ဖြစ်နိုင်တယ်။ စိတ်မတိုတဲ့ အချိန်မှာ အဲဒါတွေကို သတိရပေမယ့် စိတ်တိုနေတဲ့ အချိန်မှာ ဒါတွေ သတိမရတော့ဘူးဗျ။ ကိုယ့်ကိုကိုယ် ပြင်ရမလား၊ ပါတ်ဝန်းကျင်ကို ပြင်ရမလား၊ အဓိက ကတော့ ကိုယ့်ကိုကိုယ် ပြင်ရမှာပဲ ထင်တယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာ နည်းလမ်းရှာအုံးမယ်။
Recent Comments