ကျွန်တော်က အခုမှ Linux ကို ဒီ Ubuntu 9.04 ကစသုံးဖူးတာ။ (ကျွန်တော်လို စသုံးတဲ့လူတွေများ အသုံးဝင်မလားလို့ ဒီ post ကိုတင်ပါတယ်ဗျာ။)
9.04 ထွက်တော့မယ် ဆိုကတည်းက download လုပ်ဖို့စောင့်ပြီး download လုပ်၊ install လုပ်တော့လည်း ကိုစေတန် ရဲ့ စာအုပ်လေးဖတ်ပြီး Vista တစ်ခြမ်း Ubuntu တစ်ခြမ်းလုပ်တာ အဆင်ပြေနေရော။ တစ်ခါ ကိုစေတန်ရဲ့ blog က post ဖတ်ပြီး extra တွေကို ဒါလေး terminal ထဲရိုက်ပြီး install လုပ်။
sudo apt-get install ubuntu-restricted-extras
တစ်ခါ ဇော်ဂျီဖွန့်ကို box02 ရဲ့ zawgyi-keyboard-ubuntu904.tar.gz ကိုသုံးပြီး install လုပ်တာလဲ အဆင်ပြေ နေဆဲပဲ။ ဒီလို အဆင်ပြေပြေ သုံးလို့ရနေတော့ firefox လေးသုံးပြီး web surf လုပ်လိုက်၊ Pidgin လေးသုံးပြီး chat လိုက်နဲ့ ငါတော့ Ubuntu ကိုသုံးတတ်သွားပြီ ဆိုပြီး ပျော်နေတာပေါ့။
ဒါပေမယ့် ဘာဖြစ်တယ် မသိဘူး လွန်ခဲ့တဲ့ ၁၀ ရက်ကျော်လောက်က စပြီး update လုပ်တဲ့ နေရာမှာ problem စဖြစ်တော့တာပဲ။ box02 ကို gtalk မှာတွေ့တော့ အဲဒီအကြောင်းပြောပြီး ဘယ်လိုလုပ်ရမလဲ မေးရတယ်။ သူပြောတဲ့အတိုင်း လုပ်ကြည့်တယ် အဲဒီအချိန်တုန်းကတော့ ကွန်နက်ရှင်ကြောင့်လို့ ထင်ခဲ့တယ် မပြေလည်ခဲ့ဘူး (box02 ကျေးဇူးပါဗျာ)
ဒါနဲ့ Ubuntu forum မှာလဲ ဝင်မေးကြည့်တယ် ဒီ post နဲ့ပေါ့။ သူတို့ပေးတဲ့ အဖြေကလဲ မပြေလည်ဘူးဗျ။ ဒီမှာ ကျွန်တော် သတိထားမိတာက အားလုံးက Terminal ကနေပဲ လုပ်ခိုင်းနေကျတယ်။ windows မှာလို application setting ကနေ ရှင်းလို့ မရဘူးလားပေါ့။
၁. ဒါနဲ့ system -> administration -> Update Manager ကိုဖွင့်ပါတယ်။ Update Manager ရဲ့ setting ကိုဖွင့်တော့ ထုံးစံအတိုင်း password တောင်းတယ်၊ password ရိုက်လိုက်တော့ Update Manager ရဲ့ software sources window ပွင့်လာပါတယ်။
၂. အဲဒီအထဲမှာ tap ငါးခုရှိတယ်၊ Ubuntu software tap ရဲ့ download from: မှာ drop down list ကိုနှိပ်ပါတယ်။
၃. other ကိုရွေး၊ choose a download server window ပေါ်လာရင် selet best server ကိုနှိပ်တယ်။ သူ့အလိုလို ရွေးနေတယ်။ ကျွန်တော့်မှာတော့ နည်းနည်း ကြာတယ်ဗျ။
၄. ကျွန်တော့်ကိုတော့ ဒီ http://ftp.tcc.edu.tw/linux/ubuntu ဆိုတဲ့ server ကိုရွေးပေးတယ်။
၅. close ကိုနှိပ်လိုက်တာနဲ့ update manager ကအလုပ်စလုပ်ပါပြီ။ ဘာ error မှမပြတော့ပါ။ အခုတော့ အရင်လိုပဲ firefox လေးနဲ့ web surf လုပ်လိုက်၊ Pidgin လေးနဲ့ chat လိုက်နဲ့ ပြန်အဆင်ပြေနေတယ်ဗျို့။
