Web color

CSS ကို အရမ်း ရင်းနှီးတော့ အခု သုံးထားတဲ့ structure theme ရဲ့ color တွေ ပြောင်းကြည့်တာ ရွာကိုလည်နေတာပဲ ဟီး………….. နာမည်ကျော် W3 school လဲ ရောက်တယ်၊ VisiBone Cheatsheets လဲ ရောက်ခဲ့တယ်။ CSS မှာ HTML မှာ သုံးဖို့ color code တွေကို အရောင်တွေနဲ့ တွဲပြီး ပြထားတာတွေ့တယ်။ သူတို့ ဆိုဒ်တွေက color code တွေ သိပြန်တော့ လိုက်ဖက်တဲ့ အရောင်တွဲဖို့ မသိပြန်ဘူးဗျ။

ဟိုရှာ သည်ရှာ နဲနဲ လုပ်လိုက်တော့ CSS Drive Gallery က နမူနာ ပြထားတဲ့ color scheme ကိုတွေ့တယ်။ သူပြထားတဲ့ ထဲက အပြာရောင်လေးတွေ ကြိုက်လို့ စမ်းသုံးလိုက်တယ်။ သုံးလိုက်တယ်ဆိုလို့ ဘာမှ အထူးအထွေ မလုပ်တတ်ပါဘူး၊ theme editor ကနေ style.css ကိုဖွင့် body ရယ်၊ body container ရယ်၊ navigation ရယ်ကို background color ပြောင်းလိုက်တာပါ။

ဘာပြောပြော ကျွန်တော့်အတွက်တော့ color နဲ့ style sheet ဆိုရင် ဘယ်နေရာလောက်မှာ ရှာရမယ် ဘယ်လို ရှာမယ် ဆိုတာ ရိပ်ဖမ်း သံဖမ်း သိသွားတာပေါ့ဗျာ။

Change is coming

Welcome

Ubuntu 10.04 LTS

သုံးရင်း သုံးရင်း Ubuntu က ပိုအဆင်ပြေလာတယ်။ ဘာပြောပြော ပိုက်ပိုက် မပေးရပဲ license version OS တစ်ခုကို အစမ်းဖြစ်ဖြစ် သုံးကြည့်သင့်တယ်လို့ ယူဆလို့ သုံးလိုက်တာ။ အခုတော့ ဘာပဲဖြစ်ဖြစ် သုံးလို့အဆင်ပြေတဲ့ OS တစ်ခု အဖြစ် ရောက်လာပြီပေါ့။

မသုံးဘူးသေးရင်လဲ စမ်းသုံးကြည့်ဖို့ တိုက်တွန်းပါတယ်။ ဒီမှာလဲ CD အလွယ်တကူ ဝယ်လို့လဲ ရပါတယ်။ မဝယ်ချင်လဲ ကူးလို့ရအောင် ကူညီမယ့်သူတွေ ရှိပါတယ်ဗျာ။

ငွေရှာရလိမ့်မယ်

စိန်မြေဧကပေါင်းများစွာ

အမေရိကန်ပြည်သား လူငယ်မြင့်တင်ရေး သမားကြီး Russell Herman Conwell ၏ Acres of Diamonds အမည်ရှိ ဟောပြောချက်ကို မြန်မာလေဖြင့် ဘာသာပြန်သည်။ Continue reading