Than Win Naing » Diary
ဓနဥပဒေသ ငါးရပ်
ဓနဥစ္စာဟူသည် မိမိရရှိသော ဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်းသော ငွေကို မိမိနှင့် မိသားစု၏ အနာဂတ်အတွက် ချန်လှပ် သိမ်းဆည်းတတ်သူထံသို့သာ ဝမ်းမြောက် ပျူငှာစွာ ရောက်ရှိလာတတ်မြဲ ဖြစ်သည်။
ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သော သူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင် ပေးစမြဲဖြစ်၍ ထိုသူ၏ လက်၌ သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွား များပြားလာတတ်သော သဘော ရှိပေသည်။
ဓနဥစ္စာဟူသည် ယင်းအား ဂရုတစိုက် ရင်းနှီးမြှုပ်နှံမှုပြုသူ၊ ကျွမ်းကျင်လိမ္မာသော သူတို့၏ အကြံဉာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ် ခိုလှုံနေတတ်ကြသည်။
ဓနဥစ္စာဟူသည် မိမိလည်း မကျွမ်းကျင်၊ ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုးတွင် ရင်နှီးမြှုပ်နှံသော သူတို့ထံမှ လျှောကျ ပျောက်ကွယ်သွားတတ်စမြဲ ဖြစ်သည်။
ဓနဥစ္စာဟူသည် ယင်းမှ လွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ၊ လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက် လိုက်ပါ နားယောင်တတ်သူများ၊ အတွေ့အကြုံ နည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာသွားတတ်စမြဲ ဖြစ်သည်။
ref; The Richest Man in Babylon by George Samuel Clason
ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် − ဖေမြင့်
ယမကာနှင့် မတည့်သော ဆေးများအကြောင်း
by ဆက်ပိုင်လင်းခန့်(ဆေး ၂) @ The Voice weekly Vol 7 / No. 40 –September 19 – 25 , 2011.
အရက်ဟာ ဆေးတော်တော်များများနဲ့ အပြန်အလှန် ဓာတ်ပြုသက်ရောက်မှု(Interaction) ရှိပါတယ်။ အဲဒီ သက်ရောက်မှုကနေ ဘေးဥပါဒ်ဖြစ်စေတဲ့ အာနိသင်တွေ ထွက်လာတာ များပါတယ်။ အင်္ဂလိပ်ဆေးတွေနဲ့သာမက တိုင်းရင်းဆေး အချို့နဲ့လည်း ဒီလို ဆိုးကျိုးမျိုး ရတတ်ပါတယ်။ မိမိရဲ့ ကျန်းမာရေးကြောင့် ဆေးတစ်ခုခု စွဲသောက်နေရသူတွေဟာ အရက်ကြောင့် ဆေးအာနိသင် မရတော့ခြင်း၊ ဘေးထွက်ဆိုးကျိုး ခံစားရခြင်းတွေ မဖြစ်ရအောင် ဒီဆောင်းပါးကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ အသည်း အဆီဖုံး၊ အသည်းခြောက်၊ လေဖြတ်ခြင်း၊ အသည်းကင်ဆာ စတဲ့ ဆိုးရွားတဲ့ရောဂါတွေ မဖြစ်အောင် အရက်ပုံမှန်သောက်ခြင်း၊ အလွန်အကျွံသောက်ခြင်းတို့ကို လုံးဝရှောင်ကြဉ်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးလို့ ပြောချင်ပါတယ်။
အရက်နဲ့ ဆေးတွေနဲ့ အပြန်အလှန် ဓာတ်ပြုသက်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတစ်ချို့ကတော့ ပျို့တက် အော်ဂလီဆန်ခြင်း၊ အန်ခြင်း(အရက်အလွန်အကျွံသောက်ရင် အန်တတ်ပေမယ့် ဆေးတစ်ခုခုသောက်ပြီး အရက်သောက်သူ နည်းနည်းလေး သောက်ရုံနဲ့ အန်ပြီဆိုရင် ဒါကို သတိထားရပါမယ်) ခေါင်းကိုက်ခြင်း၊ အလွန်အမင်းအိပ်ချင်ခြင်း၊ မေ့လဲကျသွားခြင်း၊ ခန္ဓာကိုယ်ဟန်ချက်နဲ့ အသိတရား ထိန်းချုပ်နိုင်မှု ကင်းလွတ်သွားခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးနဲ့အရက်မတည့်ခြင်း ပိုပြင်းထန်ရင် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် အရက်နဲ့ မတည့်တဲ့ လူသုံးများသော ဆေးဝါးအချို့နဲ့ သက်ဆိုင်ရာ ဆိုးကျိုးများကို စုစည်းယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။ တစ်ပြိုင်နက် တွဲသောက်မှ ယှဉ်တွဲသုံးစွဲတယ်လို့ မခေါ်ပါဘူး။ တစ်ခုရဲ့ အာနိသင် မကုန်သေးခင် နောက်တစ်ခု သောက်တာကို ဆိုလိုပါတယ်။
အရက်နဲ့ယှဉ်တွဲ သုံးစွဲရင် အောက်ပါဆေးများဟာ ဖေါ်ပြပါ ဆိုးကျိုးများ အသီးသီးဖြစ်လာနိုင်ပါတယ်။
(၁)ဓာတ်မတည့်ခြင်း၊ နှာစေးခြင်း စတာတွေမှာ သုံးတဲ့ ဘာမီတွန်(Chlorpheniramine)၊ စီထရင်းလို့ လူသိများတဲ့ Cetirizine, Loratadine, Fexofenadin စတဲ့ ဆေးတွေဟာ မူးဝေအိပ်ချင်မှု ပြင်းထန်ခြင်း၊ ဆေးပမာဏ လွန်ကဲ အဆိပ်သင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၂)ရင်ဘတ်အောင့် နှလုံးရောဂါရှိသူတွေ အရေးပေါ် လျှာအောက်ငုံဆေး(Isosorbide Nitroglycerin) က သွေးခုန်နှုန်း အလွန်မြန်လာခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်မေ့မြောခြင်းတွေ ဖြစ်တတ်ပါတယ်။
(၃)အကိုက်အခဲပျောက်ဆေး တွေကတော့ အစာအိမ်၊ အူသိမ် အနာ(Gastric/ Duodenal Ulcer)တွေ ဖြစ်စေသလို ရှိပြီးသားကိုလည်း ပြန်ထစေပါတယ်။ အသည်းကိုလည်း ထိခိုက်မှု ဖြစ်စေပါတယ်။
(၄)ချောင်းဆိုးပျောက်ဆေးများရဲ့ ဆိုးကျိုးကတော့ နံပါတ် (၁) အတိုင်းပါပဲ။
(၅)သွေးကျဲဆေး(Warfarin)နဲ့ အရက်ဟာ လုံးဝမတည့်ပါဘူး။ ကိုယ်တွင်းသွေးယိုစီးမှုတွေ ဖြစ်နိုင်သလို အရက်ပမာဏများသွားရင် ဆန့်ကျင်ဘက် အာနိသင်အနေနဲ့ သွေးခဲပိတ်လို့ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ရောဂါ ထကြွခြင်း(Heart Attack)ပေါ်လာနိုင်ပါတယ်။
(၆)စိတ်ကျရောဂါ(Depression)ဝင်နေလို့ ဆရာဝန်ပေးသောဆေးများ သောက်နေရင် စိတ်ညစ်လို့ အရက်သောက်တယ် ဆိုတာမျိုး လုံးဝမလုပ်သင့်ပါ။ ဒီဆေးတွေကြောင့် နံပါတ်(၁)က ဆိုးကျိုးတွေအပြင် အဆိုးရွားဆုံးက မျှော်လင့်ချက်မဲ့ စိတ်ဓာတ်ကျခြင်း ခံစားချက် ပိုပြင်းထန်လာစေကာ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပေါ်လာတတ်တာ လေ့လာတွေ့ရှိထားပါတယ်။
(၇)ဆီးချိုရောဂါဆေးများဖြစ်တဲ့ Metformin, Tolbutamide, Glyburide စတာတွေဟာ သွေးတွင်း သကြားဓာတ် ရုတ်တရက် ကျဆင်းစေခြင်း၊ ထို့အတွက် နောက်ဆက်တွဲ ကတုန်ကယင်ဖြစ် သတိလစ်မေ့မြောခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပျို့/အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင် အတက်အကျ ရုတ်တရက်ဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၈)အစာအိမ်နာ အူသိမ်နာတွေ အတွက် သုံးတဲ့ Ranitide, Cimetidine, Nizatidine စတဲ့ဆေးတွေနဲ့ မက်ဇလွန်လို့ လူသိများတဲ့ အပျို့အအန်ပျောက်ဆေး Metoclopramide ဟာ နှလုံးခုန်မြန်ခြင်း၊ ရုတ်တရက် သွေးပေါင် အတက်အကျဖြစ်ခြင်း၊ အရက်ရဲ့ အာနိသင်ကို ပိုဆိုးစေခြင်း စတာတွေ ဖြစ်စေပါတယ်။
(၉)သေးတိုးကျဆေးများ ဖြစ်တဲ့ Hydralyzine, Enalapril, Thiazide, Lorsatan, Prazosin စတာတွေဟာ မူးဝေခြင်း၊ ငိုက်မြည်းခြင်း၊ သတိလစ်ခြင်း၊ ပုံမှန်နှလုံးခုန်နှုန်း ပျောက်ဆုံး၍ နှေးလိုက်မြန်လိုက်ဖြစ်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီအနေအထားဟာ arrhythmia လို့ခေါ်ပြီး အန္တရာယ်ရှိပါတယ်။
(၁၀)သွေးတွင်း ကိုလက်စထရောများလို့ ညဖက်တစ်လုံး သောက်ရလေ့ရှိတဲ့ Statin အုပ်စုဝင်ဆေးများဟာ အရက်နဲ့ ယှဉ်တွဲမိသွားရင် အသည်းထိခိုက်ခြင်း၊ ယားယံခြင်း၊ အစာအိမ်ထိခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၁၁)ပဋိဇီဝဆေး(အရပ်အခေါ် ပိုးသတ်ဆေး)တွေဟာ အုပ်စုများစွာ ရှိပါတယ်။ အဲဒီအထဲကမှ တီဘီရောဂါမှာ သောက်တဲ့ Isoniazid, Rifampicin စတဲ့ဆေးများ၊ မက်ထရို Meronidazole၊ မှိုရောဂါဆေး Ketokonazolr စတဲ့ ဆေးများအပါအဝင် ပဋိဇီဝဆေး အတော်များများဟာ အရက်နဲ့တွေ့ရင် ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေ ပေါ်လာစေပါတယ်။ မက်ထရိုကတော့ အဆိုးဆုံးပါပဲ။ ဒါ့အပြင် ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
(၁၂)ပျို့အန်ခြင်း၊ ကားမူးခြင်း တို့မှာ သောက်ရတဲ့ဆေး Meclizine, Dimenhydrinate တို့ဟာ မူးဝေအိပ်ချင်မှု ပြင်းထန်ခြင်းတွေ ဖြစ်စေပါတယ်။ Dimenhydrinate ဟာ အဝေးပြေးကားဂိတ်တွေက ဈေးသည်လေးတွေ ကားမူးပျောက်ဆေးလို့ လိုက်ရောင်းနေတဲ့ ပလတ်စတစ်အကြည်လေးတွေနဲ့ ပါကင်ပိတ်ထားသော အဝါရောင်ဆေးလေးတွေ ဖြစ်ပါတယ်။
(၁၃)အတက်ရောဂါရှိလို့ Phenytoin, Phenobarbital အုပ်စုဝင်ဆေးများ သောက်နေရရင် အရက်ကို ရှောင်ရပါမယ်။ အတက် အကြိမ်အရေအတွက် ပိုစိပ်ခြင်း၊ မူးဝေအိပ်ချင်ခြင်း စတာတွေ ပြင်းထန်စွာ ပေါ်လာတတ်ပါတယ်။
(၁၄)ဒါ့အပြင် အိပ်ဆေးများ အားလုံးဟာ အရက်နဲ့တွေ့ရင် နှစ်ခုလုံးရဲ့ အာနိသင်ကို ပိုဆိုးစေပြီး မူးဝေ အိပ်ပျော်၊ အသက်ရှုရပ်တဲ့ အထိ ဖြစ်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။
(၁၅)တိုင်းရင်းဆေး တစ်ချို့ဟာလည်း အရက်နဲ့ မတည့်ကြပါဘူး။ တိုင်းရင်းဆေးအချို့ကို အရက်နဲ့တွဲသောက်တဲ့ အလေ့ရှိတာနဲ့ တိုင်းရင်းဆေးတိုင်း အရက်နဲ့ တည့်တယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် အရက်နဲ့သောက်လို့ရတယ်လို့ သက်ဆိုင်ရာ တိုင်းရင်းဆေး ကျွမ်းကျင်သူက ထောက်ခံချက်မပေးသောဆေးများကို အရက်နဲ့ တွဲသောက်ခြင်းရှောင်ကျဉ်ပါ။
အချုပ်ပြောရရင် ဆေးဝါးအများစုဟာ အရက်နဲ့ အပြန်အလှန် ဓာတ်ပြုတတ်ကြပြီး မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးကိုပဲ ပေးတတ်ကြတာများလို့ ဆေးသောက်ခြင်းနဲ့ အရက်သောက်ခြင်းနှစ်ခု တွဲလုပ်ခြင်းဟာ မသင့်ပါဘူး။ ကိုယ်သောက်နေတဲ့ဆေးနဲ့ အရက်နဲ့ ဘယ်လို ဆက်စပ်မှု ရှိသလဲဆိုတာ ပေးတဲ့ဆရာဝန်ကို မေးပါ။ အကြမ်းဖျင်းတော့ အရက်နဲ့ ဆေးတိုင်းကို အနည်းဆုံး ၁၂ နာရီလောက် ခြားသင့်ပါတယ်။
CEO နိဒါန်းစကား
နိဒါန်းစကား @ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်း အတွဲ(၆)၊ အမှတ်(၁၀)၊ သြဂုတ်လ၊ ၂၀၁၁။
လုပ်ဖော်ကိုင်ဖက်များအား Motivate ဖြစ်အောင်လုပ်ပေးဖို့ နေနေသာသာ ကိုယ်တိုင် Motivation ကျနေသော ခံစားချက်မျိုး မန်နေဂျာတိုင်း တွေ့ကြုံခံစားဖူးပါလိမ့်မည်။ လုပ်ငန်းအဖွဲ့အစည်းတစ်ခု အောင်မြင်ရန်အတွက် လူတိုင်း၏ စိတ်ဝင်တစား တက်တက်ကြွကြွ ဆောင်ရွက်လိုမှုက အလုပ်၏ ရာခိုင်နှုန်း တော်တော်များများကို ပြီးစီးစေနိုင်သလို ပြိုင်ဘက်လုပ်ငန်းများနှင့် ယှဉ်ပြိုင်ရာ၌လည်း တစ်ပန်းသာပြီး ဖြစ်ကြောင်းကို မန်နေဂျာတိုင်း သိပြီးသား ဖြစ်ကြပါလိမ့်မည်။
လုပ်ငန်းအတွေ့အကြုံကို သင်ခန်းစာယူပြီး ပြန်အကောင်အထည်ဖော်ရသည့် အထဲတွင် Management ပညာရပ်သည်လည်း ရှေ့ဆုံးကပါဝင်ပါသည်။ လုပ်ငန်းမှန်သမျှ လူအချင်းချင်းဆက်သွယ်မှု မပြု၍ မရသည့်အတွက် အတွေး၊ အမြင်၊ ခံစားချက်၊ တန်ဖိုးထားမှု၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တို့တွင် တစ်ဦးနှင့်တစ်ဦး မည်သို့မျှမတူနိုင်သော အင်အားစုကို စီမံအုပ်ချုပ်ရသည့်အတွက် အောင်မြင်သော မန်နေဂျာတစ်ဦး ဖြစ်လာရန်မှာ အလွန်ခက်ခဲပါသည်။
စီမံခန့်ခွဲမှု ပညာရှင်တို့၏ ဆိုဆုံးမစကားအရ ဦးဆောင်သူမန်နေဂျာသည် “အလုပ်မှန်သမျှ အသေးစိတ်ဝင်လုပ်ရန် မလိုသော်လည်း လုပ်ငန်းအသေးစိတ်အားလုံးကို သိရှိနေရန်လိုသည်။ လစ်ဟာနေသော ကွက်လပ်ကို မြင်တတ်ရသလို ရှေ့ဆက်ရမည့် ဦးတည်ချက် မြင့်မြင့်မားမားကိုလည်း မျှော်မှန်းနိုင်သူ ဖြစ်ရမည်။ သဘောထားကြီးရမည်။ ခွင့်လွှတ်တတ်ရမည်။ နှလုံးသားနှင့် ခံစားပေးပြီး ဦးနှောက်နှင့် ဆုံးဖြတ်ရဲရမည်။ အဖွဲ့အစည်း၏ ဦးတည်ချက်နှင့် လုပ်ဖော်ကိုင်ဖက်တို့၏ ရည်မှန်းချက်ကို အတတ်နိုင်ဆုံး Alignment ညီအောင် ညှိပေးနိုင်သူဖြစ်ရမည်။” ဟုဆိုသည်။ မလွယ်ပါ။ အလွန်ခက်၏။ သို့သော် အမှန်တကယ်လည်း လိုအပ်ပါ၏။
16.5.2011
new biz development
ကိုယ်စတင် အကောင်အထည် ဖော်ခွင့်ရခဲ့တဲ့ အလုပ်တစ်ခုဟာ မပြီးဆုံးသေးပေမယ့် လက်တွေ့မျက်တွေ့ မြင်နိုင်တဲ့ အဆင့်ရောက်လာတာကို ခံစားရတယ်။
စိတ်ကူးယဉ်ပြီး ဒါလုပ်ကြမလား။…. ဒါလုပ်သင့်ပါတယ်…..
ဆရာက ပြောတော့ သူများတွေတောင် လုပ်သေးတာ၊ လုပ်သင့်ပါတယ်ပေါ့၊ ဒီအလုပ်လုပ်ဖြစ်ဖို့ ဒီလိုစခဲ့တယ်။
အင်း….ဒါဆို ဘယ်ကစကြမလဲ။….. ဘာတွေရလို့ ဘာတွေဆုံးရှုံးသွားနိုင်သလဲ………
ဘာက စရမလဲမသိဘူး၊ သေချာတာတော့ ကိုယ့်ဖောက်သည်နဲ့ ရန်သူဖြစ်သွားနိုင်တယ်၊ ဖြစ်ချင်တော့ calculator ကလည်း သုံးတတ်နေကြတယ်လေ။
ငါတို့က ဒီလိုဖြစ်ချင်တယ်။….. အခု အရင်စထားရမယ့် အလုပ်တွေ မင်းတို့ စလုပ်လိုက်တော့
အရင်စဆိုတဲ့ တောက်တိုမယ်ရ တွေလုပ်လိုက်တာ အချိန်တော်တော် ကုန်ပါရော
ဘာမှ မသိတာကနေ စပြီး စုံစမ်း၊ ဘာတွေလိုမလဲ၊ ဘာတွေရှိလဲ၊ ဘာတွေရှာရမလဲ၊ ဘယ်လိုလူတွေ ရှိရမလဲ၊………….
လက်လှမ်းမှီသ၍ မေးမြန်း၊ တွေ့စရာတွေ့၊ တောင်းစရာတောင်း၊ ဝယ်စရာရှိတာဝယ်၊ ငှားစရာရှိတာ ငှား၊ လုပ်တဲ့အခါ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာလည်း ရှိခဲ့ဘူးတယ်၊ မထင်မှတ်ပဲ ကိုယ့်အတွက် အသုံးကျတာလည်း ရဘူးတယ်၊ efficient & effective ဖြစ်ဖို့တော့ တော်တော် လိုသွားတယ် ပြောရမယ်။
လိုအပ်တာတွေ စတင် ပြင်ဆင်
ငွေ
ဒါက ဆရာတွေ အပိုင်း
အဆောက်အဦ
မြေကွက်ရှာပုံတော်စပြီး တော်တော်စုံတော့ ဈေးနှုန်းက စကားပြောလာတယ်လေ။ ဒါကြောင့် အခုနေရာကို ရွေးလိုက်တယ်။ အချိန်တော်တော် ကြာတော့ ပုံပေါ်လာတယ် ပြောရမယ်။ ဒါပေမယ့် သူများတွေထက်စာရင် တော်တော် မြန်တယ်။
လိုင်စင်
ရသလောက် သေချာမယ့်ဟာကို ယူထားတယ်။
လူ
မကြိုက်တာတွေရော၊ ကြိုက်တာရော၊ အသုံးကျတာရော၊ အသုံးမကျတာရော၊ ထင်သလောက်ဆီမထွက်တာရော၊ မထင်ပဲ စွတ်ကောင်းနေတာရော တော်တော် စုံနေပြီ။
စက်
ပစ္စည်း
အခြား အများကြီး…………..
ဒါတွေ အားလုံး စံနစ်တကျရော စည်းမရှိကမ်းမရှိရော  ဖြည့်ဆည်း၊ နေရာချ၊ ညှိနှိုင်း၊ ရန်ဖြစ်၊ ဆွေးနွေး၊
ဘာပြောပြော ပုံတော့ပေါ်လာတာပဲ…
လုပ်ကြည့်လိုက်တော့ တော်တော် စားတာပဲ၊ ကိုယ်နဲ့ သဘောတူတာရော၊ မတူတာရော၊ လုံးလုံးဆန့်ကျင်တာရော၊ အဆင်ပြေချောမွေ့တာရော မျိုးစုံအောင် တွေ့လိုက်ရတယ်။ လုပ်ငန်းတစ်ခုကို set up လုပ်တဲ့အခါ တွေ့ရတဲ့ အခက်အခဲတွေ၊ သဘောမတူညီမှုတွေ၊ တင်ပြညှိနှိုင်းရတာတွေ၊ ကိုယ့်ကို မကြိုက်တာတွေ၊ အတင်းဒါပဲဖြစ်သင့်ပါတယ်လို့ဆိုရတာတွေ၊ အေးအေးဆေးဆေး ပြေလည်သွားတာတွေ၊ စကားတွေများ ရန်တွေဖြစ်တော့မယ်ပုံ ပြောပြီးမှ သဘောတူညီမှု ရတာတွေ၊ မညှိနှိုင်းရပဲ အလိုလို ပြေလည်သွားတာတွေကို ဖြတ်သန်းရင်း ကြည့်လို့ရတဲ့ ရုပ်လုံးတစ်ခုတော့ ပေါ်လာပြီ။ ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် လောတာတွေ၊ အမှားပါတာတွေ၊ အပြောမတတ်လို့ ပြဿနာဖြစ်တာတွေ၊ မကြိုက်ကြတာတွေလည်း အများကြီးပါ။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကြောင့် ဖြစ်တဲ့ ပြဿနာတွေလည်း ရှိခဲ့တယ်။
ရထားတဲ့ ရာထူးက “တောက်တိုမယ်ရ”၊ လုပ်ရမယ့် Job Scope က “အထွေထွေကိစ္စများ စီမံခန့်ခွဲရန်” ၊ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။ task  တွေများလာတာနဲ့ အမျှ ကိုယ်တိုင် တစ်ခုချင်းကို မကြည့်ပေးနိုင်တော့ပါဘူး။ သက်ဆိုင်ရာ ဌာနအသီးသီးကို လွှဲပေးလိုက်ရတာပဲပေါ့။ အခုမှ ကိုယ်နောင်မှာ တာဝန်ယူရမယ်လို့ ထင်ရတဲ့ အပိုင်းကို စိတ်ဝင်စားဖို့ စဉ်းစားနိုင်တော့တယ်။ ဒါပေမယ့် အားလုံးကို goal တစ်ခုထဲကို ရောက်အောင် ဆွဲဆောင် စည်းရုံးနိုင်ဖို့ ကိုယ့်ရဲ့ personal performance ကတော့ လိုသေးတယ်လို့ သုံးသပ်လို့ရတယ်။ နောင်ကို ဒီလို အမှားမျိုးတွေကင်းဖို့ ကြိုးစားရဦးမယ်။
voting day
The Man Who Changed China
ကျန်​ဇီ​မင်း သို့မဟုတ် တရုတ်​ပြည်​ကို ပြောင်းလဲ​ခဲ့​သူ
တော်​ကောင်း​မင်း
ref: The Man Who Changed China by Robert Lawrence Kuhn
ပထမ​အကြိမ်၊ ၂​၀⁠၀​၈ ခု​နှစ် ဩဂုတ်​လ၊ သီ​ဟ​ရတနာ​စာအုပ်​တိုက်။
၁၉၂၆ ဩဂုတ် ၁​၇
ကျန်​စူး​ပြည်နယ် ယန်​ကျိုး​မြို့​တွင် မွေး​ဖွား။
၁​၉​၂​၆-၁​၉​၄​၃
တရုတ်​ရိုးရာ​အစဉ်​အလာ ပညာ​တတ်​မိသား​စု​တွင် ကြီးပြင်း။ မူလ​တန်း​နှင့် အလယ်​တန်း​အောင်မြင်။ စာပေ​ပညာ၊ ဂီ​တ​နှင့် သိပ္ပံ​ပညာ​တို့ ဝါသနာ​ပါလာ။ တော်​လှန်​ရေး အာဇာနည်​၏ မွေးစားသား ဖြစ်လာ။ ကျန်​ဇီ​ဟွေ့​က သူ့​နှမ ဖြစ်လာ​ခဲ့။
၁​၉​၄​၃-၁​၉​၄​၅
နန်​ကျင်း​ဗဟို​တက္ကသိုလ်​၌ အင်​ဂျင်​နီ​ယာ​ဘာသာ​ကို ဆည်း​ပူး။ ဘိန်း​ဆန့်ကျင်​ရေး လှုပ်ရှား​မှု​တွင် ပါဝင်​ခဲ့။ အဆောင်​အခန်းဖော် ထုန်​ကျုံး​ဟိုင်​နှင့် ရင်းနှီး​သိကျွမ်း​လာ။
၁​၉​၄​၅-၁​၉​၄​၇
ရှန်​ဟိုင်း​ကျောင်း​ထုံး​တက္ကသိုလ်​၌ လျှပ်စစ်​အင်​ဂျင်​နီ​ယာ​ပညာ ဆည်း​ပူး။ တရုတ်​ကွန်​မြူ​နစ်​ပါ​တီ​မှ ဦးဆောင်​သည့် ကျောင်းသား​အရေးတော်​ပုံ​နှင့် မြေ​အောက်​လှုပ်ရှား​မှု​တို့​တွင် ပါဝင်။ တရုတ်​ကွန်​မြူ​နစ်​ပါ​တီ​သို့ ဝင်​ရောက်(၁​၉​၄​၆)။ ဝမ်​ဟွေ့​ကျုံ​နှင့် သိကျွမ်း​ခဲ့​ပြီး ကျောင်းနေဖက်​နှင့် ဘဝ​တစ်​လျှောက်​လုံး မိတ်ဆွေ​ဖြစ်လာ​ခဲ့။
၁​၉​၄​၇-၁​၉​၅​၁
အလုပ်​ဝင်​ခဲ့​ပြီး ရှန်​ဟိုင်း ရီ​မင်း အမှတ်(၁)စား​သောက်​ကုန်​လုပ်​ငန်း​စက်​ရုံ​တွင် လက်ထောက်​အင်​ဂျင်​နီ​ယာ အဖြစ် ထမ်း​ဆောင်ခဲ့။ ညွန်​ကြား​ရေး​မှူး​အဖြစ် ရာထူး​တက်​ခဲ့။ ဝမ်း​တောက်​ဟန်​နှင့် သိကျွမ်း​ပြီး အရင်း​နှီး​ဆုံး မိတ်ဆွေ​ဖြစ်လာ​ခဲ့။
၁​၉​၄​၉
ဝမ်း​ရယ်​ဖိန်​နှင့် လက်ထပ်​ခဲ့။
၁​၉​၅​၁-၁​၉​၅​၃
ရှန်​ဟိုင်း​ဆပ်ပြာ​စက်​ရုံ ဒုတိယ​စက်​ရုံ​မှူး။ ရှန်​ဟိုင်း စက်​မှု​လုပ်​ငန်း​များ​ကို ရင်းနှီး​ကျွမ်းကျင်​ခဲ့။ သား​ကြီး ကျန်​မြန်​ဟန်​ကို မွေး​ဖွား (၁​၉​၅​၂)။
၁​၉​၅​၃-၁​၉​၅​၄
အမှတ် (၁) ယန္တရားစက်​မှု​လုပ်​ငန်း ဝန်ကြီး​ဌာန အမှတ်(၂) ဒီ​ဇိုင်း​ရေး​ဆွဲ​ရေး​ဌာန​ခွဲ(ရှန်​ဟိုင်း)၏ လျှပ်စစ် စက်​ပိုင်း​ဆိုင်​ရာ​ဌာန​စု ဌာန​မှူး။
၁​၉​၅​၄-၁​၉​၅​၅
အမှတ်(၁) ယန္တရားစက်​မှု​လုပ်​ငန်း ဝန်ကြီး​ဌာန​မှ ပထမ​ငါး​နှစ်​စီမံ​ကိန်း ရေး​ဆွဲ​ရာ​တွင် ကူညီ။ သား​ငယ် ကျန်​မြန်​ခန်း​ကို မွေး​ဖွား (၁​၉​၅​၄)။
၁​၉​၅​၅-၁​၉​၅​၆
မော်​စ​ကို စ​တာ​လင်မော်တော်​ကား​စက်​ရုံ​၌ အလုပ်​သင်။ ရုရှား​ဘာသာ​လေ့​လာ​ပြီး ရုရှား​ယဉ်ကျေး​မှု​ကို နှစ်သက်​လာ။
၁​၉​၅​၆-၁​၉​၆​၂
ချန်​ချွန်း အမှတ်(၁)မော်တော်​ကား​ထုတ်​လုပ်​ရေး စက်​ရုံ​၌ ခြောက်​နှစ်​နေ​ခဲ့။ စွမ်းအား​စက်​ရုံ​ခွဲ​မှ စက်​ရုံ​ခွဲ​မှူး​ဖြစ်လာ။ သုံး​လ​အချိန်​အတွင်း ကျောက်မီးသွေး​လောင်စာ​မှ ရေနံ​လောင်စာ​သို့ ပြောင်း​သုံး​နိုင်​ခဲ့။ “လက်ယာ​ဆန့်ကျင်​ရေး”နှင့် “ခုန်​ပျံ​တိုးတက်​မှု​ကြီး” ဒဏ်ခံ​ခဲ့။ ရှန်​ယုံ​ရန်​နှင့် သိကျွမ်း​ကာ တစ်​ဘဝ​လုံး မိတ်ဆွေ​ကောင်း​ဖြစ်လာ။
၁​၉​၆​၂-၁​၉​၆​၅
အမှတ် (၁)ယန္တရားစက်​မှု​ဝန်ကြီး​ဌာန ရှန်​ဟိုင်း လျှပ်စစ်​ပစ္စည်း သိပ္ပံ သု​တေ​သန​ဌာန ဒုတိယ​ဌာန​မှူး။
၁​၉​၆​၅-၁​၉​၆​၈
ဝူ​ဟန့်​သို့ ပြောင်းရွှေ့​ခံ​ရ၊ သာ​မို​စက်​ယန္တရား သု​တေ​သန​ဌာန ဌာန​မှူး။ “ယဉ်ကျေး​မှုတော်​လှန်​ရေး​ကြီး”အတွင်း ဝေဖန်​ခံ​ရ၊ “ဘေး​ချိတ်”ခံ​ရ(သို့သော် အလဲ​ထိုး မ​ခံ​ရ)။
၁​၉​၆​၆-၁​၉​၇​၆
“ယဉ်ကျေး​မှုတော်​လှန်​ရေး​ကြီး” အတွင်း​မှ အိပ်မက်​ဆိုး​ကဲ့သို့ အတွေ့​အကြုံ​များ ရ​ရှိ​ခဲ့။
၁​၉​၆​၈-၁​၉​၇​၀
တင်း​ကျပ်​သော နိုင်ငံ​ရေး​စစ်ဆေး​မှု ခံ​ခဲ့​ရ၊ ဟို​နန် ပို​ဟိုင် လယ်ယာ​စိုက်​ခင်း​သို့ အပို့​ခံ​ရ​ပြီး “မေ ၇” ကေ​ဒါ​သင်​တန်း​ကျောင်း​တွင် ပညာ​ပေး​ခံ​ခဲ့​ရ(မဲ​ဇာ​ပို့​ခံ​ရ​ခြင်း)။
၁​၉​၇​၀-၁​၉​၇​၁
ပေ​ကျင်း​သို့ ပြန်​ရောက်​ခဲ့။ အမှတ်(၁) ယန္တရားစက်​မှု​လုပ်​ငန်း​ဝန်ကြီး​ဌာန ပြင်​ပ​ရေးရာ​ဌာန ဒုတိယ​ဌာန​မှူး၊ ၎င်း​မှာ သူ​၏ ပထမ​ဆုံး​သော အစိုးရ​ရာထူး​ဖြစ်။
၁​၉​၇​၁-၁​၉​၇​၂
တရုတ်​နည်း​ပညာ​အဖွဲ့​ငယ်​ကို ဦးဆောင်​ပြီး ရို​မေး​နီး​ယား​နိုင်ငံ​၌ စက်​ရုံ ၁​၅ ရုံ တည်ဆောက်​နိုင်​ရန် ဖြစ်​နိုင်​ခြေ​ကို လေ့​လာ​ခဲ့။
၁​၉​၇​၂-၁​၉​၇​၆
အမှတ်(၁) ယန္တရားစက်​မှု​လုပ်​ငန်း​ဝန်ကြီး​ဌာန ပြင်​ပ​ရေးရာ​ဌာန ဌာန​မှူး၊ ရာထူး​တက်​မှု​နှောင့်နှေး။
၁၉၇၆
မော်စီတုန်း ကွယ်​လွန်။ “လေး​ယောက်​ဂိုဏ်း” အဖမ်း​ခံ​ရ။ ဆယ်​နှစ်​ကြာ ဆူ​ပူ​လှုပ်ရှား​မှု​ကြီး အဆုံးသတ်​ခဲ့။
၁​၉​၇​၆-၁​၉​၇​၇
“ယဉ်ကျေး​မှုတော်​လှန်​ရေး​ကြီး” နောက်​ပိုင်း “၁​၄ ဦး​အဖွဲ့​ငယ်” အဖွဲ့​ဝင် အဖြစ် ရှန်​ဟိုင်း​သို့ စည်းကမ်း ပြန်လည်​ထိန်းသိမ်း​ရန် စေလွှတ်​ခံ​ရ။
၁​၉​၇​၇-၁​၉​၈​၀
ပေ​ကျင်း​သို့ ပြန်​ရောက်​ခဲ့၊ အမှတ်(၁) ယန္တရားစက်​မှု​လုပ်​ငန်း​ဝန်ကြီး​ဌာန ပြင်​ပ​ရေးရာ​ဌာန ဌာန​မှူး​အဖြစ် ဆက်လက်​ထမ်း​ဆောင်​ခံ။
၁​၉​၇​၈
တိန့်​ရှောင်​ဖိန် အာဏာ​ရ​ပြီး တရုတ်​ပြည်​၏ “အမြင့်​ဆုံး ခေါင်းဆောင်​ကြီး” အဖြစ် အနှစ် ၂​၀ ကြာ​ဖြစ်လာ​ခဲ့။ ၁​၁ ကြိမ်​မြောက် ပါ​တီ​ကွန်​ဂ​ရက် တတိယ​အကြိမ် စုံညီ​အစည်းအဝေး​ပြီး​နောက် တရုတ်​ပြည်​မှ ပြုပြင်​ပြောင်းလဲ တံခါး​ဖွင့်ပေါ်​လ​စီ​ကို စ​တင်ဖော်​ဆောင်​လာ။
၁​၉​၈​၀-၁​၉​၈​၂
တိန့်​ရှောင်​ဖိန်​၏ ပြုပြင်​ပြောင်းလဲ​ရေး တံခါး​ဖွင့်ပေါ်​လ​စီ​ကို ဖော်​ဆောင်​ရန်​အတွက် တည်ထောင်​သည့် ကော်​မရှင်​သစ်​နှစ်​ရပ် (သွင်း​ကုန်​ထုတ်ကုန်​နှင့် ပြည်​ပ​ရင်းနှီး​မြုပ်​နှံ​မှု)၏ ဒုတိယ​ဥက္ကဋ္ဌ (ဒုတိယ​ဝန်ကြီး​အဆင့်)။ စီးပွား​ရေး​အထူး​ဒေသ​များ တည်ထောင်​ရာ​တွင် ကူညီ​ခဲ့။ ကုလသမဂ္ဂ​မှ ကမကထပြု​သည့် ရက် ၄​၀ ကမ္ဘာ​ပတ်​လေ့​လာ​ရေး​ခရီး​စဉ်​အဖွဲ့​ကို ဦးဆောင်​ခဲ့ (အမေ​ရိ​ကန်​သို့ ပထမ​ဆုံး​အကြိမ် ရောက်​ရှိ​ခဲ့)။ နိုင်ငံ​လုံး​ဆိုင်​ရာ နိုင်ငံ​ရေး​အတိုင်​ပင်​ခံ ကွန်​ဖ​ရင့်​အဖွဲ့​ဝင်။ နိုင်ငံ​လုံး​ဆိုင်​ရာ ပြည်​သူ့​ကွန်​ဂ​ရက် အမြဲ​တမ်းကော်​မ​တီ အစည်းအဝေး တက်​ရောက်​ရန် ပါဝင်​ခဲ့။
၁​၉​၈​၂-၁​၉​၈​၅
ဂီရိ
ဒီနေ့ည သတင်းမှာရော၊ မုန်တိုင်းသတိပေးချက်တွေရော ခဏခဏ ကြေငြာနေလို့ သတိထားမိသွားတယ်။
cyclone giri ဟာ ည ၇ နာရီလောက်က ကျောက်ဖြူမြို့နဲ့ ၁၅ မိုင်လောက်အကွာမှာ ဖြတ်သွားတယ်တဲ့။
တစ်နာရီကို မိုင် ၁၁၀ ကနေ တစ်ခါတစ်ရံ ၁၂၀ အထိ ရှိနိုင်တယ်တဲ့။
မုန်တိုင်းဒီရေဟာ ၁၂ ပေခန့် အထိ တက်နိုင်တယ်ဆိုတော့ အဲဒီဒေသက လူတွေအတွက် စိတ်ပူမိပါတယ်။
၂၀၀၈ တုန်းက နာဂစ် ပြီးတော့ ၂၀၁၀ မှာ ဂီရိ လာပြန်ပြီ။
ဘာပဲပြောပြော ရခိုင်ဒေသ ကလူတွေ အဆင်ပြေကြပါစေ။
reduce fat
ကိုယ်အလေးချိန် လျှော့ချရန် လွယ်ကူသက်သာ ထိရောက်သော နည်းလမ်းများ
By ဆက်ပိုင်လင်းခန့်(ဆေး-၂) @ The Voice Weekly – Vol.6/No.44 – October 4 – 10, 2010
ယနေ့ခေတ် လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် အရမ်းအရေးကြီးတဲ့ နည်းလမ်းတွေကို တင်ပြပေးလိုက်ပါတယ်။ အဝလွန်ခြင်းကို ကာကွယ်ဖို့ဘာလို့ ဒီလောက် လိုအပ်လှသလဲဆိုတော့ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ဝခြင်းရဲ့ သက်ရောက်မှုအနေနဲ့ ဖြစ်ရတာဖြစ်လို့ တကယ်လိုအပ်လှပါတယ်။
ရောဂါတွေကို မြန်မာ့တိုင်းရင်းဆေးပညာအရ ခွဲခြားထားပုံက ဖြစ်လာ၏။ ကုစရာမလိုပဲပျောက်၏။ ရောဂါက ၃၂ ပါးဖြစ်လာ၏။ ကုမှ ပျောက်၏။ ရောဂါက ၃၂ ပါးဖြစ်လာ၏။ ကုသော်လည်း မပျောက်က ၃၂ ပါးဆိုပြီး ပေါင်း ၉၆ ပါးရောဂါများဆိုပြီး ခွဲခြားထားပါတယ်။ အနောက်တိုင်း ဆေးပညာ အလိုအရတော့ ရောဂါအားလုံးကို အကြမ်းဖျင်း ကူးစက်နိုင်သော ရောဂါများ (communicable Diseases, CD) နဲ့ မကူးစက်နိုင်သော ရောဂါများ(Non-communicable Diseases, NCD) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ကူးစက်ရောဂါတွေက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးကောင်များစတဲ့ ကူးစက်ပိုးတွေကြောင့် ဖြစ်ရပြီး မကူးစက်နိုင်သော ရောဂါတွေဆိုတာက အသက်အရွယ်၊ အစားအသောက်၊ အနေအထိုင် စတာတွေကြောင့် ဖြစ်လာရတဲ့ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ၊ ကင်ဆာ အများစုတို့ ဖြစ်ကြပါတယ်။
ဟိုးရှေးရှေးသမိုင်းဦးကနေ ၁၉ ရာစုအထိ မတိုးတက်သေးတဲ့ ကမ္ဘာ့လူသားတွေဟာ ကျောက်ကြီး၊ ပလိပ်၊ ငှက်ဖျား၊ ဝမ်းရောဂါ စသဖြင့် နေရာဒေသအလိုက် ကူးစက်ရောဂါ အမျိုးမျိုးနဲ့ပဲ နပန်းလုံး နေခဲ့ရပါတယ်။ သွားရေးလာရေး၊ စားရေးသောက်ရေး၊ အဝတ်အထည် စတာတွေအတွက် ကာယအားကိုးပဲ အားကိုးနေရတော့ အဆီပိုတွေဆိုတာ မရှိကြပါဘူး။ ဒါကြောင့် ၁၉ ရာစု လူသားတစ်ယောက်ကို အဆီချဖို့ သွားပြောရင် သူကရယ်မှာပါပဲ။ ယနေ့ ၂၁ ရာစုကမ္ဘာကြီးမှာကတော့ လွန်ခဲ့တဲ့ ရာစုများနဲ့ လုံးဝမတူပဲ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အမြင့်မားဆုံးလို့ ဆိုနိုင်ပါတယ်။ ကာကွယ်ဆေးတွေ၊ ဆေးဝါးကောင်းတွေကြောင့် ကျောက်ကြီး၊ ပလိပ် စတဲ့ ကမ္ဘာ့ကပ်ရောဂါများဟာ လုံးဝအမြစ်ပြတ်သွားတာ ကြာခဲ့ပါပြီ။ စားဝတ်နေရေးအားလုံးကလည်း မြို့ကြီးငယ်တွေ အကုန်လုံးမှာ အစစအရာရာ တကယ်အဆင်ပြေချောမွေ့စွာ Ready made အထည်တွေ၊ Fast food တွေကို သုံးစွဲနိုင်ကြပါတယ်။ လူနေမှု အဆင့်မြင့်လာလို့ လူတန်းစားအားလုံးဟာ ရှေးယခင်ကထက် ပိုမိုဇိမ်ကျလာတယ်လို့ ဆိုနိုင်ပါတယ်။ ထိုင်နေရတဲ့ Life style ရှိတဲ့ အလုပ်အကိုင်တွေက များလာပါတယ်။ ဒါကြောင့် ၂၁ ရာစုလူသားတွေအတွက် ကူးစက်နိုင်သော ရောဂါတွေက တိုးလာတာတွေနဲ့ ထပ်ပေါင်းရင် လျော့မသွားသော်လည်း မကူးစက်နိုင်သော ရောဂါများက ကပ်ရောဂါများအဖြစ် ဆိုးဝါးစွာ တိုးတက်လာပါတယ်။
ရုပ်ဝတ္ထုတိုးတက်မှု ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ အမေရိကန်မှာဆိုရင် အဝလွန်ခြင်းဟာ အရွယ်ရောက်ပြီးသူတွေရဲ့လေးပုံတစ်ပုံလောက်တောင် ရှိလာတော့မှာမို့ အစိုးရကိုယ်တိုင်ကတောင် အဝလွန်မှု တိုက်ဖျက်လျှော့ချရေးတွေ၊ ပညာပေးတွေ လုပ်နေရပါတယ်။ ဟိုတစ်လောက သတင်းတစ်ခု ကြားလိုက်ရတာဆိုရင် အမေရိကန်ပြည်နယ်တစ်ခုရဲ့ ကောလိပ်တစ်ခုကဆို ကိုယ်အလေးချိန် သတ်မှတ်ချက်ထက် ကျော်လွန်သူများကို ဝင်ခွင့်မပြုတော့ပါတဲ့။
ဘာလို့လဲဆိုတော့ ဒီလိုတွေ ဝလာကြလွန်းလို့ NCD တွေ အဖြစ်များလွန်းကာ မိသားစုတစ်စုချင်းကနေ တိုင်းပြည်အထိ အဘက်ဘက်ကနေ နစ်နာကြလွန်းလို့ ဖြစ်ပါတယ်။
ဒီလိုများပြားလှတဲ့ ကြောက်စရာ ရောဂါတွေကနေ ကင်းဝေးပြီး ကြည့်ကောင်းတဲ့ ကိုယ်နေဟန် အချိုးအစားတွေကို ပိုင်ဆိုင်နိုင်ဖို့၊ သင့်ရဲ့အဝလွန်မှုကြောင့် သင်တန်ဖိုးထားရတဲ့ ဆက်နွယ်မှုတွေ မယုတ်လျော့စေဖို့ ဘေးကင်းထိရောက်တဲ့ ကိုယ်အလေးချိန်ချနည်းကို ဖော်ပြပေးလိုက်ပါတယ်။
တကယ်လိုက်နာနိုင်ရင် လူမပင်ပန်း မနွမ်းလျပဲ သုံးပါတ်ကနေ လေးပါတ်အတွင်း ပေါင် ၂၀ လောက်အထိ ကျနိုင်တယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ ကမ္ဘာ့အကောင်းဆုံး သိပ္ပံနည်းကျ ကျန်းမာရေးနဲ့ အာဟာရပညာရှင်များ စုပေါင်းတွက်ချက် စမ်းသပ်ဖော်ထုတ် အတည်ပြုထားတဲ့နည်း ဖြစ်ပါတယ်။ ဘာတန်ဖိုးကြီး စက်ကိရိယာ၊ ဆေးဝါးမှ မလိုဘဲ ဘေးကင်းပါတယ်။ တကယ် နည်းစံနစ် မှန်မှန်သာ လိုက်နာလုပ်ဆောင်ဖို့ လိုပါတယ်။
(၁) သုံးပါတ်ကနေ လေးပါတ်အတွင်း သင်ဟာ ကိုယ်အလေးချိန် ပေါင် ၂၀ လောက်ကျပြီး တကယ်ကြည့်ကောင်း လာချင်တဲ့ဆန္ဒ၊ ပေါ့ပါးဖျတ်လတ် ကျန်းမာရေးကောင်းလာချင်တဲ့ ဆန္ဒကို တကယ်မွေးယူပါ။ ဒီလိုဖြစ်အောင် အောက်ဖော်ပြပါ နည်းလမ်းတွေကို ပျော်ရွင်စွာ စိတ်ပါလက်ပါ လုပ်ဆောင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆန္ဒပြုခြင်း (Auto-suggestion)တစ်နေ့ အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးရင် အဆပေါင်းများစွာ ပိုထိရောက်တယ်လို့ တွေ့ရှိအတည်ပြုထားပါတယ်။
သင့်တစ်ဘဝလုံးအတွက် အဘက်ဘက်ကကြည့်ရင် အရေးကြီးလှတဲ့ကိစ္စကို စလုပ်ဖို့ မအားဘူး၊ အချိန်မပေးနိုင်ဘူးဆိုပြီး ဆွဲမနေပါနဲ့တော့။ အမြန်လုပ်ဖို့ တိုက်တွန်းပါတယ်။ လုပ်ရင်းနဲ့လည်း ဘာမှ အပန်းမကြီးတာ တွေ့ရပါမယ်။ (စလုပ်တော့မယ်ဆိုရင် ပေါင်ချိန်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် တစ်ကိုယ်လုံး မတ်တပ်ဓါတ်ပုံတစ်ပုံလောက်ပါ ရိုက်ထားစေချင်ပါတယ်။ သင့်လုပ်ဆောင်ချက်တွေရဲ့ ထိရောက်မှုကို မျက်မြင်သိရတာပေါ့။)
(၂) တစ်ရက်ကို သုံးနာရီကနေ လေးနာရီခြားပြီး အစာ လေး၊ ငါးကြိမ် စားပါ။ ဒီလိုအကြိမ်များစွာ စားခြင်းဟာ သင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို မြင့်မားစေပြီး မှန်မှန် ကျင့်သုံးသွားရင် အဆီကျဖို့ တကယ်အားပေးပါတယ်။ အရမ်းမဆာသေးတဲ့ အချိန် အကြိမ်များများစားပေးတဲ့အတွက်၊ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားက အချိန်တူတဲ့ အတွက် ဆာဆာနဲ့ အရမ်းစားဝင်သွားတာမျိုး မဖြစ်တော့လို့ ကိုယ်အလေးချိန် ဆက်တက်နေခြင်း တန့်သွားကြောင်း သင်လက်တွေ့ သိရှိရပါလိမ့်မယ်။
ဒီလို အချိန်မှန်၊ ပမာဏမှန်မှန် စားပေးခြင်းဟာ တစွတ်စွတ် စားနေတာနဲ့ တူသလိုလိုနဲ့ လုံးဝကွာခြားပါတယ်။ တစွတ်စွတ်စားနေခြင်းဟာ တစ်ချိန်လုံး စားချင်စိတ်ရှိနေတတ်တဲ့ အကျင့်ကို ရစေပြီး အချိန်ခြားစားခြင်းကတော့ အစားအသောက်မှာ မလွန်ကဲအောင် သင့်ကို ထိန်းပေးနိုင်ပါတယ်။
(၃) အဲလို အစာမစားခင်မှာ အသီးအနှံ၊ အသီးအရွက် အစိမ်းတစ်ခုခုကို အနည်းငယ်စားနိုင်သလောက် အရင်စားပါ။ အဆင်ပြေရာ အသီးအနှံ တစ်ခုခုပေါ့။ များများ ကြိုစားနိုင်လေ ကောင်းလေပါပဲ။ အရမ်းမချိုတာဆို ပိုကောင်းပါတယ်။ အစိမ်းရင့်ရောင်၊ အဝါရောင်၊ အနီရောင် အသီးအရွက်တွေဆို ကိုယ်အလေးချိန် ထိန်းရာမှာတင်မက တခြားကောင်းကျိုးတွေ အများကြီး ပါပါတယ်။
သင်စားလိုက်တဲ့ အသီးအရွက်တွေကို ချေဖျက်ရာမှာ သင့်ခန္ဓာကိုယ်ဟာ ပုံမှန်တခြားအစာတွေကို ချေဖျက်ရာမှာထက် ကယ်လိုရီစွမ်းအင်ပမာဏ ပိုသုံးရပါတယ်။ ဒီတော့ အဆီတွေကို ဖျော်ချရာ ရောက်ပါတယ်။ တစ်နေ့ လေးကြိမ်သာ ဒီလိုမှန်မှန်စားပေးမယ်ဆိုရင် သေချာပေါက် အဆီတွေကျမှာပါ။
အရေးကြီးဆုံးအချက်ကတော့ စားတဲ့ အသီးအရွက်တွေဟာ သန့်ရှင်းလတ်ဆတ်တဲ့ အစိမ်းတွေဖြစ်ဖို့ လုံးဝ လိုအပ်ပါတယ်။ (အသီးအရွက် ပြုတ်တွေကို နေ့စဉ်ကျွေးပေးတဲ့ ဝက်တွေဟာ ဝဖြိုးလာနှုန်း ပိုမြန်တယ်ဆိုတဲ့ အချက်ကို မွေးမြူရေးသမားတွေ ကောင်းကောင်း အသုံးချနေတာကို သတိချပ်သင့်ပါတယ်။)
ပြီးရင် ရေအေးအေး(ရေခဲရေဟု မဆိုလို)၊ အဆင်ပြေမယ်ဆိုရင် ပဲနို့သောက်ပေးပါ။ ဒါဆို ဆာလောင်မွတ်သိပ်ခြင်းတွေကို ပြေငြိမ်းနေစေပြီး အစား တစွတ်စွတ်စားချင်နေတဲ့ အာသာကို လျှော့ချနိုင်လို့ ကျန်းမာရေးနဲ့ညီညွတ်စွာ အစားနည်းတဲ့ အကျင့်ကိုရရှိနိုင်ပြီး အဆီကျစေမှာ ဖြစ်ပါတယ်။
(ဒီနေရာမှာ အချက်တစ်ချက်ကို ဖော်ပြရရင် လက်ဖက်ရည်ကြမ်းသောက်ရင် အဆီစုတ်ယူမှုလျော့နည်းစေလို့ အစားစားရာမှာ တင်းတိမ်စေတဲ့ Leptin စတဲ့ ဟော်မုန်းတွေကို ထွက်စေလို့၊ ရှိပြီးသား အဆီတွေကို ဖျော်ချပေးလို့ ကိုယ်အလေးချိန်ကျ စေတယ်ဆိုပေမယ့်
(က) အဲလို အာနိသင်တွေရအောင် သောက်ရမယ့် ပမာဏက အရမ်းများနေခြင်း၊ ပြင်းအားများနေခြင်း။
(ခ) အထက်ဖော်ပြပါ ကောင်းကျိုးများကြောင့် အဆီကျသော်လည်း လက်ဖက်ရည်ကြမ်း၏ အစာချေရည် အက်ဆစ်ဓာတ်များစွာ ထွက်စေပြီး လေထိုးစေသော သတ္တိကြောင့် ဗိုက်ခဏခဏဆာကာ အစာပိုစားစေမိခြင်းကြောင့် ပြန်တက်တဲ့ အဆီက ကျသောအဆီနှင့် မထူးခြင်း။
(ဂ) လက်ဖက်ရည်ကြမ်း၏ ကဖိန်းဓာတ် ဆိုးကျိုးများစွာ ခံစားရနိုင်ခြင်း။
(ဃ) အဆီစုပ်ယူမှုကို ထိရောက်စွာ ဟန့်တားသည့် အတွက် လက်ဖက်ရည်ကြမ်းပြင်းပြင်းကို ပမာဏများများ နေ့စဉ် ကာလကြာရှည်သောက်ပါက စားသည့် အစားအသောက်ထဲတွင် ပါဝင်သည့် အဆီတွင် ပျော်ဝင်သော ဗီတာမင် A, D, E,K တို့နှင့် သံဓာတ်၊ ကယ်စီယမ် စသည့် အရေးကြီးသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ စုပ်ယူမှုကို ဟန့်တားရာရောက်ပြီး အဆိုပါ အာဟာရများ ချို့တဲ့ခြင်းကို ခံစားရနိုင်ခြင်း။
(င) အဆိုပါ အဆီချ လက်ဖက်ခြောက်များသည် လူတိုင်းမတတ်နိုင်လောက်အောင် ဈေးကြီးလှခြင်း
ဆိုတဲ့ အားနည်းချက်တွေ များလှပါတယ်။)
ဒီနေရာမှာ နားလည်မှုလွဲတတ်တဲ့ ကိစ္စတစ်ခုကတော့ အသီးအနှံစားရမယ် ဆိုပေမယ့် အသီးဖျော်ရည်တွေ၊ အသီးယိုတွေ၊ စည်သွပ်ဗူးတွေဟာ ဝစေလို့ ရှောင်ကြင်ရမှာ ဖြစ်ပါတယ်။
(၄) တစ်ရက်ကို ရေသန့်ပုလင်းနဲ့ လေးလုံးစာတော့ ကုန်အောင်သောက်ဖြစ်အောင် သတိထားသောက်ပါ။ ရေအေးအေးလေးဟာ အဆီလောင်ကျွမ်းမှုကို အားပေးပါတယ်။ (ရေနွေးပူသောက်မှ အဆီကျတယ်ဆိုတာ မှားယွင်းပါတယ်။)
(၅) ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခု မဖြစ်မနေ တတ်နိုင်သလောက် လုပ်ပေးပါ။ ဘယ်လိုမှ မအားရင်တောင် လမ်းတော့လျောက်ပေးပါ။ နံနက်ပိုင်းမှာ လုပ်ရင် ပိုထိရောက်ပါတယ်။
(၆) အိပ်ရေး မပျက်ပါစေနဲ့။ အိပ်ချိန် နည်းလွန်းခြင်း၊ များလွန်းခြင်းတွေ မဖြစ်အောင် တတ်နိုင်သမျှ ဆင်ခြင်ပါ။
(၇) နံနက်စာကို ဥတစ်မျိုးမျိုးပါအောင် အဆင်ပြေတိုင်း စားပေးပါ။ တစ်နေ့လုံး ကစီဓာတ်များတဲ့ အစာတွေကို များများစားချင်စိတ်ပေါ်ခြင်းကို ဟန့်တားပေးပါတယ်။
(၈) နံနက်စာကို အချိုရည်နဲ့ မုန့်အချိုတွဲစားခြင်းကို လုံးဝရှောင်ကြင်ပါ။ ဒါဟာ သင့်ကို တစ်နေ့လုံး အစာများများဝင်အောင်၊ ဗိုက်ခဏခဏဆာအောင် အားပေးပါတယ်။
(၉) သဘာဝ သစ်သီးဖျော်ရည် မဟုတ်တဲ့ အချိုရည်တွေ၊ အာလူးကြော်စတဲ့ ဆီထဲနှစ်ကြော်ထားတဲ့ အစာတွေ၊ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်လို၊ ဟမ်ဘာဂါ ဒိုးနတ်လိုဟာမျိုးတွေ တတ်နိုင်သမျှ လုံးဝရှောင်ပါ။ မဖြစ်မနေ အခြေအနေ ကလွဲလို့ပေါ့။ (ဟမ်ဘာဂါ တစ်လုံးမှာ ပါတဲ့ ကယ်လိုရီဟာ ဆင်တစ်ကောင်လုံး တစ်နေ့သွားလာလှုပ်ရှားဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။)
ဒါတွေ မစားလည်း သင့်အတွက် သင်ကြိုက်တဲ့ စားကောင်းသောက်ဖွယ်တွေ အများကြီး စားစရာရှိပါသေးတယ်။ လတ်တလော တစ်လတော့ ဆင်ခြင်ပါဦး။
(၁၀) ဒီလိုတွေ လုပ်နေတဲ့ လတ်တလောမှာ အဆာလုံးဝမခံပဲ နံပါတ် ၂ မှာပြောခဲ့သလို အချိန်ခြား မှန်မှန်စားပါ။
(၁၁) သင်ဟာ ဒီလိုစားတာ ရက်ပိုင်းကြာလာရင် ည ၉ နာရီနောက်ပိုင်း ဘာမှမစားပဲ နေနိုင်လာပါလိမ့်မယ်။ သင်ဟာ အရမ်းဝသူဆိုရင် ည ၉ နာရီနောက်ပိုင်း အသီးအနှံကလွဲလို့ ဘာမှမစားပဲ တစ်ပါတ်နေကြည့်ဖို့ လိုအပ်ပါတယ်။ နေရင်းနဲ့ အကျင့်ရသွားလို့ တစ်သက်လုံး နေနိုင်သွားရင် သင်ဟာ အသက်ရှည်ပါလိမ့်မယ်။
(၁၂) သင်ဟာ ဒီဆောင်းပါးကို စဖတ်တုန်းကတော့ စိတ်ပါလက်ပါနဲ့ ဒီအထိရောက်အောင် ဖတ်လာပြီးတော့ အခု ပြီးခါနီးလည်းရောက်ရော ဟိုကြည့် ဒီကြည့်နဲ့ ပိန်အောင်လုပ်ချင်စိတ် တဝက်လောက်ပဲ ကျန်တော့မယ်ထင်ပါတယ်။ နောက်ပြီး ခေါင်းထဲမှတ်သွားပြီး နှစ်ရက် သုံးရက်နဲ့ သတိထားရမယ့်အချက်တွေ မေ့လျော့ကာ လုပ်ဖြစ်တော့မှာ မဟုတ်လို့ နားလည်အောင်သေချာဖတ်ကာ စာရွက်တစ်ရွက်မှာ အတိုကောက်မှတ်သား သွားစေလိုပါတယ်။ ဒီစာရွက်လည်း မပျောက်စေနဲ့ဦးနော်။ မြန်မာအချင်းချင်း သဘောပေါက်လို့ သတိပေးတာပါ။
The Voice Weekly ပရိသတ်များ တကယ်ဖြစ်ချင်တဲ့စိတ်နဲ့ တကယ်လုပ်လို့ အဟုတ်ဖြစ်ကာ ကျန်းမာလှပ အသက်ရှည် အောင်မြင်ကြပါစေ။
မှတ်ချက်။    ။သူပြောသလိုပဲ ပျောက်သွားမှာစိုးလို့ ကူးထားလိုက်ပြီ။ ၂၀ ကျော်ကထဲက အသက်နဲ့အတူ လူက ဝ ဝလာတယ်။ လှုပ်ရရှားရတာ လေးနေတော့ သင့်တင့်အောင်တော့ ပိန်ချင်တာ အမှန်ပဲ။ ဒါပေမယ့် ဒီနည်းလမ်းကို အမြဲတမ်းလိုက်နာနိုင်မလား ဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးပြီး အဖြေထုတ်လိုက်ဦးမယ်။
testing new theme
အသစ်လေးကို စမ်းနေတာ thumbnail ကအဆင်မပြေ ဖြစ်နေတယ်။
နဲနဲ ကလိလိုက်တာ ခုတော့ အဆင်ပြေသွားပြီ။
theme က atahualpa version 3.5.3 ပါ။