စိမ်ရည်နဲ့ ပါတ်သက်ပြီး ဘာတွေ ဘယ်လိုဆိုတာ အသေးစိတ် မဟုတ်တောင် တတ်နိုင်သ၍ မှတ်ထားဖို့ ဒီ post ကိုရေးတယ်။ အလေးထား ရမယ့် အချက်တွေကို မီးမောင်းထိုးပြနိုင်မလား၊ ငါ နားကော လည်သလား၊ အသေးစိတ်ကော သိပြီလား။
- liquification
- scarification
- fermentation
စိမ်ရည်နဲ့ ပါတ်သက်ပြီး ဘာတွေ ဘယ်လိုဆိုတာ အသေးစိတ် မဟုတ်တောင် တတ်နိုင်သ၍ မှတ်ထားဖို့ ဒီ post ကိုရေးတယ်။ အလေးထား ရမယ့် အချက်တွေကို မီးမောင်းထိုးပြနိုင်မလား၊ ငါ နားကော လည်သလား၊ အသေးစိတ်ကော သိပြီလား။
operator တွေအနေနဲ့ ဘယ်လို အလုပ်လုပ်ရမလဲ ဆိုတာ၊ စက်ကို ဘယ်လို ထိန်းရမယ်ဆိုတာ အရင်ကနဲ့ အခု မတူတော့ဘူး။ ဒီတော့ ဘာဖြစ်လဲဆိုတော့ အရင်အတိုင်း အသားကျပြီးသား operator တွေက အမြင်ရှိရင် လိုက်ပြောင်းနိုင်တယ်၊ မရှိတဲ့ လူတွေက လိုက်မပြောင်းနိုင်တော့ဘူး။
အရင်က ခါးဆက်လို့ဆိုတဲ့ rectified coloum ကို အလည်လောက်မှာ အပူချိန်တိုင်းထားတဲ့ အမှတ်ကို အသေထားဖို့ ပြောထားပေမယ့်၊ အခုကျတော့
- unit 1 မှာ ၈၈/၈၉ ဒီဂရီ ကြား
- unit 2 မှာ ၈၆/၈၇ ဒီဂရီ ကြား ကစားခွင့် ပေးတယ်။
အရင်က သတိမထားတဲ့ rectified base temperature ကို အခု သတိထားကြည့်ခိုင်းလာတယ်
- unit 1 မှာ ၁၀၆.၄ ဒီဂရီ
- unit 2 မှာ ၁၀၇.၃ ဒီဂရီ အောက်ကို မကျစေဖို့ သတိထားခိုင်းတယ်။
ခါးချမောင်းပေမယ့် base ကို stream ပေးပြီး တင်ခိုင်းမယ်ဆိုရင် ကော်လံထဲမှာ အရက်တွေ ကျပ်လာပြီး head နံ့ပါလာနိုင်တယ်။
ခါးကို တင်ထားမယ် ဒါပေမယ့် base ကျမယ်ဆိုရင် ဒီဂရီကျနိုင်တယ်။
အခြေခံ သဘောပေါက်လိုက်တဲ့ အချက်ကတော့
FO ရဲ့ melting point က ၉၀ ဒီဂရီလောက်မှာ ရှိတဲ့အတွက် သူ့ကို အဲဒီ temp မှာရှာပြီး ခွဲထုတ်ရမယ်။
OP ကတော့ head တွေထက် အရင် ငွေ့ရည်ဖွဲ့တယ်။
Head တွေကတော့ အအေးဆုံး အနေအထားမှာ ငွေ့ရည်ဖွဲ့တယ်။
UMFCCI က ကိုအောင်ကြည်စိုးခေါ်လို့ Myanmar Business Delegation to Sri Lanka ခရီးစဉ်ကို ကိုဇော်ဝင်းက သွားဖို့ပြောပါတယ်။ ဒါနဲ့ ကိုဇော်ဝင်းပြောတဲ့ ကိုအောင်ကြည်စိုးကို ဆက်သွယ်ပြီး လိုက်ဖို့ စာရင်းပေးပါတယ်။ သီရိလင်္ကာနိုင်ငံ ကလုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာတွေကို တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့တယ်။ သေချာတဲ့ အချက်ကတော့ သူတို့ဆီက အားလုံးသော speaker တွေဟာ english တော်တော်ကောင်းကြတယ်။ သူတို့နဲ့ သက်ဆိုင်ရာ subject တွေကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တယ်ဆိုတာ တွေ့ရတယ်။ နောက်ပြီး သူတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေအတွက် မေးစရာ မလိုအောင် information အစုံပေး ထားတာကိုလည်း တွေ့ရတယ်။ ရင်းနှီးမြုပ်နှံမယ့်လူတွေ အရောင်းအဝယ်လုပ်မယ့် လူတွေအတွက် တော်တော်ကို အဆင်ပြေစေမယ့် အနေအထားကို ဖန်တီးပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ BOI of Sri Lanka ရဲ့ တော်တော်ပွင့်လင်း မြန်ဆန်တဲ့ decision making process ကိုတွေ့ခဲ့ရတယ်။ သူတို့ ပေးတဲ့ information sheet တွေကတော့
တော်တော် စုံစုံလင်လင် ရှိတာတွေ့ခဲ့ရတယ်။ ကျွန်တော်က ဌာနဆိုင်ရာတွေ သိပ်မထိတွေ့ဘူးတော့ ကိုယ့်နိုင်ငံမှာရော ဒီလိုပြင်ဆင်ထားတဲ့ information ရှိ၊ မရှိ မသိဘူး။ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့တဲ့ BOI member တွေကလည်း တော်တော်ပွင့်လင်းပြီး လျှင်လျှင်မြန်မြန် ဆုံးဖြတ်ချက်ချပေးနိုင် တာတွေ့ရတယ်။ BOI, Sri Lanka ရဲ့ လိပ်စာကတော့
Level 26, West Tower, World Trade Centre,
Echelon Square, Colombo 01, Sri Lanka.
Tel : +94 11 2434403-5, 2435027, 2437531, 2385972-6
Fax : +94 11 2447995, 2430512, 2422407, 2329795
Email : info@boi.lk Website : www.boi.lk
kandy မြို့ကိုရောက်တုန်း စွယ်တော်ဘုရားပွဲနဲ့ ဆုံလို့ ဖူးခွင့်ရခဲ့သေးတယ်။ ညနေ ၆ နာရီမှ လှည့်လည် အပူဇော်ခံမယ့် စွယ်တော်ဘုရားကို နေ့ခင်းလောက် ကတဲက လမ်းဘေးဝဲယာမှာ ဖူးဖို့ တန်းစီစောင့်ဆိုင်း နေတဲ့ ဒေသခံတွေကိုလည်း တွေ့ခဲ့ရတယ်။
from T.LAND computer,
1 set => 705000 * 3 = 2115000 kyats
present umbrella 3 sets
HP pavilion
ဒီရက်ပိုင်းတွေမှာ ကုန်ကြမ်းရော၊ ကုန်ချောပါ ဈေးဆက်မတက်နိုင်တော့ပဲ၊ စပြီး ဈေးအီလာပါပြီ။ ကုန်ကြမ်းပို့တဲ့ လူတွေက ကျွန်တော့်ကို မပြောကြပေမယ့် သူတို့ပြောတဲ့ လူတွေပြန်ပြောလို့ သူတို့လည်း ဈေးချဝယ်တယ် ဆိုတာ သိရတယ်။ ဒီလိုဖြစ်မယ်ဆိုတာ ကြိုခန့်မှန်းထားပေမယ့် ကိုယ့်မှာ ကုန်လက်ကျန်ရှိထားတော့ မကျခင် ထုတ်လိုက်ချင်တယ်။
ဘာပြောပြော နှစ်စဉ် ၈ လပိုင်းမှာ အရောင်းအဝယ် အေးနေကြမို့ စိတ်မပူပေမယ့်၊ ခါတိုင်း ပုံမှန်နှစ်တွေလို အရောင်းအဝယ် တစ်အားကျသွားမလား စိတ်ပူရတယ်။ ဒီရက်ပိုင်း ပစ္စည်းမပုံခင် မြန်မြန် ရောင်းဖို့ တွန်းရမယ်။ အင်း…… “ဝယ်နေတုန်း ရောင်း၊ ရောင်းနေတုန်း ဝယ်” ဆိုတဲ့ စကားလို ဖောက်သည်တွေ ဝယ်ချိန် ပစ္စည်းအပါရောင်း၊ ကိုယ်ရောင်းချင်နေတဲ့ အချိန် ဖောက်သည် ဝယ်ချင်အောင် လုပ်ရမယ်။ ဝါလည်း ဝင်ပြီဆိုတော့ အင်း…………