Marketing Environments ကို လေ့လာရင် Political, Economic, Social နဲ့ Technological တွေပါတဲ့ Macro Environmental Forces တွေက တဖက်သတ် သြဇာ သက်ရောက်မှုတွေ ရှိတယ်။ Customers, Competitors, Suppliers, Distributors, Alliances, Stakeholders & Public, Inter Environment တွေပါတဲ့ Micro Environmental Forces တွေကလဲ အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ရှိတယ်။ ပြောရရင် Macro level မှာ PEST analysis လို tools ကိုသုံးပြီး Micro Level မှာ SWOT analysis လို tools တွေကိုသုံးပြီး business တစ်ခုအတွက် အကဲဖြတ်မှုတွေ လုပ်လေ့ရှိကြတယ်။
SWOT factors တွေကို သတ်မှတ်ဖို့ PEST analysis ကကူညီ ထောက်ပံ့ပေးတယ်။ ဒါကြောင့် PEST analysis ဟာ SWOT analysis ကိုသုံးပြီး အကဲမဖြတ်ခင် သုံးသင့်တဲ့ အသုံးဝင်တဲ့ tool တစ်ခုပါပဲ။ SWOT ဆိုတာ Strengths, Weaknesses, Opportunities နဲ့ Threats ကိုပြောတာပါ။ PEST နဲ့ SWOT ဟာ မတူကွဲပြားတဲ့ ချဉ်းကပ်သုံးသပ်မှုတွေ ရှိပေမယ့် တူညီတဲ့ အကဲဖြတ်စရာ အချက်တွေလည်း ရှိတယ်။
အဲဒီတော့ PEST analysis ကိုသုံးဖို့ ဘယ်လို အချက်တွေပါသလဲ ဆိုတာ ကြည့်ရအောင်။
Political ဖက်က ကြည့်ရင်
- environmental ဆိုင်ရာ ဘာပြဿနာတွေ ရှိမလဲ။
- legislative အနေနဲ့ ယခု နဲ့ နောင် ဘာတွေ ဖြစ်လာနိုင်မလဲ။ နိုင်ငံတကာ မှာရော ဘယ်လိုလဲ။
- regulation လုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေကရော ဘယ်လိုရှိမလဲ။
- government နဲ့ပါတ်သက်လို့ မူဝါဒတွေ၊ အချိန်ကာလတွေနဲ့ အပြောင်းအလဲတွေကလဲ အရေးပါတဲ့အတွက် ထည့်သွင်း စဉ်းစားရမယ်။
- trading policies တွေကလဲ ဘယ်လိုရှိနိုင်မလဲ။
- local နဲ့ foreign က pressures တွေရော ဘယ်လို သက်ရောက်မှု ရှိမလဲ။
- နောက်ဆုံး စစ်တို့ အကြမ်းဖက်မှုတွေတို့ ရှိနိုင်သလား၊ ဘယ်လို သက်ရောက်မှု ရှိမလဲ။
Economical အနေနဲ့ ဆိုရင်
- ပြည်တွင်းရော ပြည်ပရော စီးပွားရေး အတက်အကျတွေဟာ အကျိုးသက်ရောက်မှု ရှိနိုင်လား။
- ဝင်ငွေရရှိတဲ့ အနေအထားကရော ဘယ်လိုလဲ။ အခွန်ကောက်ခံပုံကရော ဘယ်လို ရှိလဲ။ စုဆောင်းငွေတွေ အကြွေးတွေရော ဘယ်လို အနေအထားရှိလဲ။
- ထူးထူးခြားခြား အခွန်ကောက်ခံပုံ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေ ရှိလား၊ ဘယ်လို ဖြစ်နိုင်လဲ။
- market cycle ရဲ့အနေအထား၊ စျေးကွက်ရဲ့ နောင်ဖြစ်လာနိုင်မယ့် အခြေအနေတွေကရော ဘယ်လိုလဲ။
- distributors တွေရဲ့ အလားအလာတွေ၊ စားသုံးသူရဲ့ပြောင်းလဲလာနိုင်မှုတွေ ကရော ဘယ်လိုလဲ။
- exchange rate တို့ နိုင်ငံတကာကို trade လုပ်နိုင်တဲ့ အနေအထားတို့ကိုလည်း ထည့်စဉ်းစားရမယ်။
Social အနေနဲ့ ကတော့ အဓိကအားဖြင့် demographics နဲ့ culture ကိုခွဲခြားပြီး
- life style ပြောင်းလဲပုံတွေကရော ဘယ်လိုလဲ။
- စားသုံးသူတွေရဲ့ ခံယူချက်နဲ့ အမြင်တွေကရော ဘယ်လိုလဲ။
- လူဦးရေ အခြေအနေ၊ ကျားမ အချိုး၊ အသက် ကွာခြားမှုတွေကရော ဘယ်လိုရှိလဲ။
- စာတတ်မြောက်မှုနှုန်း၊ စာမတတ်တဲ့နှုန်းတွေကရော ဘယ်လိုလဲ။
- အိမ်ထောင်စု အခြေအနေ၊ ဝယ်ယူလေ့ရှိတဲ့ ပုံစံတွေကရော ဘယ်လိုလဲ။
- ပြောရရင် ဖက်ရှင်ပုံစံတွေ၊ role model တွေက ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။
- အဓိကကျတဲ့ events တွေကရော ဘာတွေလဲ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ။
- ဘာသာရေးဆိုင်ရာတွေ၊ အဖွဲ့အစည်းဆိုင်ရာတွေ ရဲ့အနေအထားနဲ့ စားသုံးသူတွေရဲ့ တန်ဖိုးထားမှုကွဲပြားပုံတွေကရော ဘယ်လိုလဲ။
Technological views ကဆိုရင်တော့
- compete လုပ်နိုင်မယ့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကရော ဘယ်လိုလဲ။
- သုတေသန လုပ်ဖို့ ပေးနိုင်မယ့် ငွေအခြေအနေကရော ဘယ်လိုလဲ။
- ပူးတွဲ ဒါမှမဟုတ် မှီခိုနေရတဲ့ နည်းပညာ ရှိလား။ အစားထိုး စရာကော ရှိလား။
- နည်းပညာဆိုင်ရာ ရင့်ကျက်မှု(maturity)ရော ရှိပြီလား။
- ပြောရရင် ကိုယ့်ပစ္စည်းကို ထုတ်တဲ့ နေရာမှာ faster, cheaper, easier-to-use, smaller, more mobile, connected, ubiquitous ဖြစ်နိုင်ပြီလား။
PEST analysis ကိုစဉ်းစားတဲ့အခါ ဒီလောက်ဆိုရင် ပြည့်စုံတဲ့ အကဲဖြတ်ချက် တစ်ခုတော့ ရပါမယ်။
reference :
- Strategy First က SFM101 course – seminar 2
- www.businessballs.com
