အမှတ်ကို မရှိဘူး။
ကိုယ့်ကိုကိုယ် ပြောပါတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ အရင် တစ်ခါလည်း ဖြစ်ဘူးတယ်၊ ဒါကို သတိမရဘူး အခု ထပ်ဖြစ်ပြန်ပြီဗျ။ Ubuntu 9.04 သုံးနေတုန်းကပေါ့ desktop effects တွေ သုံးချင်တာ၊ ကျွန်တော့ လက်တော့က graphic driver အလုပ်မလုပ်ဘူး။ hardware driver ကနေ သွားတော့လည်း ကွန်နက်ရှင်က မကောင်းတော့ ဒေါင်းမရဘူးဗျ။ ဒါနဲ့ အဆင်မပြေလဲ နေလေ၊ ကိုယ်လဲ စမ်းသုံးတာပဲ၊ မရတော့ ရတာလေးတွေပဲ စမ်းရမှာပေါ့ ဆိုပြီး မေ့ထားလိုက်တယ်။ ဖြစ်ချင်တော့ Ubuntu 9.10 ထွက်ခါနီးမှာ ဟိုကလိ ဒီကလိနဲ့ driver update လုပ်မိပြန်တယ်ဗျ။ ဒီတစ်ခါတော့ ကွန်နက်ရှင်က ကောင်းနေတော့ ဒေါင်းလို့ရတယ်ဗျ၊ ဒေါင်းပြီး install လုပ်တော့ restart လုပ်ဖို့ လိုတယ်လေ အင်း ဒါဆိုလဲ restart ပေါ့ ဆိုပြီး restart လိုက်တာ ubuntu ကပြန်တက်မလာတော့ဘူး။ ဒေါင်းနေတာ ကြာလို့ စက်ပူနေလို့လား ဆိုပြီး အအေးခံ၊ ပြန်ဖွင့်၊ တက်မလာဘူး မဲမဲတူးတူး မှာပဲ ရပ်နေတယ်။ ဘာလုပ်လုပ် မရတာနဲ့ မထူးပါဘူးလေ 9.10 လဲထွက်တော့မှာပဲ အဲဒီကျမှ ပြန်တင်လိုက်မယ် ဆိုပြီး ဖြေရှင်းလိုက်ရတယ်။ မကျေနပ်လို့ ဟိုရှာ ဒီရှာတော့လည်း Toshiba ကြီးက model number နဲ့ရှာတာ မရှိဘူးဗျာ၊ အဲဒီ model တွေ့ကို မတွေ့တာ၊ ဒါပေမယ့် သေချာရှာတော့ တွေ့တယ် တရုတ် ဝက်ဆိုဒ်မှာ၊ ဘာမှလဲ မသိဘူး၊ စိတ်လေသွားတယ်။ မြန်မာပြည်ကို ရောင်းဖို့ တရုတ်ပြည်မှာ အထူးထုတ်တာ ဖြစ်မယ်၊ ဆယ်တန်းတုန်းက ကျောင်းစာ အထူးထုတ်ပဲ တွေ့ဘူးတာ အခု လက်တော့ အထူးထုတ်တောင် ဝယ်ဘူးသွားပြီဗျ။ ဒါပေမယ့် ကျွန်တော် ဝယ်ထားတာတော့ တော်တော် ကြာပါပြီ။ အကူအညီရဖို့ ဟိုမေးဒီစမ်းပြီး ရှာရင် ဒီလိုတွေ့မယ် Toshiba Satellite M200 ဒါရှိတယ် အဲဒီနောက်က model no. မရှာနဲ့တော့ မရှိဘူး။ ဆင်တူတွေ တွေ့မယ် ကိုယ့် model မဟုတ်ဘူး။
ဒီနောက်တော့ ubuntu ပေါ်မှာ graphic driver လဲ update မလုပ်တော့ပါဘူး။ သုံးလို့ရတာပဲ သုံးတော့တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ Knowledge Bridge က ubuntu effects ကိုဖတ်ပြီး ဟိုတစ်ခါ ငါလုပ်တာ ပုံစံမကျလို့ ဖြစ်မယ်ထင်တယ် ဆိုပြီး ထပ် update လုပ်လိုက်တာ အရင်လို မဲမဲတူးတူး မှာပဲ ရပ်တယ်၊ caps lock မီးက ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတယ်၊ သွားရော။ ဘာပြောပြော ၂၉ ရက် ဧပြီလ ဆို Ubuntu 10.04 LTS လာတော့မှာဆိုတော့ အဲဒီကျမှပဲ ပြန်တင်တော့မယ်။ ဟီး….. ဟီး….. ဟီး…..