testing new theme

အသစ်လေးကို စမ်းနေတာ thumbnail ကအဆင်မပြေ ဖြစ်နေတယ်။

နဲနဲ ကလိလိုက်တာ ခုတော့ အဆင်ပြေသွားပြီ။

theme က atahualpa version 3.5.3 ပါ။

appreciating whisky

Whisky is one of the world’s most versatile driks, and may be enjoyed in a variety of ways.

ဝီစကီ အကြောင်း မိတ်ဆွေ ဘယ်လောက်​သိ​ပါ​သလဲ။ ကျွန်တော် ဆိုလို​တာ​က တကယ် ထဲ⁠ထဲ​ဝင်​ဝင် သိ​တာ​ကို​ပါ။ Continue reading

Employer Branding

ဒီ​နေ့ mmkta က​လုပ်​တဲ့ seminar ကို​သွား​တက်​တယ်။ trader က ကုန်း​ဘောင်​ခန်းမ​မှာ ၂ နာရီ​မှာ စ​မယ်​လို့ ရေးထား​တာ ထုံးစံ​အတိုင်း ကျွန်တော်​ရောက်​တော့ ၂ နာရီ ၁​၀ မိ​နစ်၊ seminar စ​ဖြစ်​တာ​က ၂ နာရီ ၁​၅ လောက်​လို့ ထင်​တယ်။ လာ​ကြ​တဲ့ လူ​တွေ သိပ်​မ​ရှိ​ဘူး။ ခန့်​မှန်းခြေ ၂​၅ ၊ ၃​၀ လောက်​ပဲ​ထင်​တယ်။ Continue reading

PEST analysis @ Strategy First

Marketing Environments ကို လေ့​လာ​ရင် Political, Economic, Social နဲ့ Technological တွေ​ပါ​တဲ့ Macro Environmental Forces တွေ​က တဖက်​သတ် သြ​ဇာ သက်ရောက်​မှု​တွေ ရှိ​တယ်။ Customers, Competitors, Suppliers, Distributors, Alliances, Stakeholders & Public, Inter Environment တွေပါတဲ့ Micro Environmental Forces တွေ​က​လဲ အပြန်​အလှန် အကျိုး​သက်ရောက်​မှု​တွေ ရှိ​တယ်။ ပြော​ရ​ရင် Macro level မှာ PEST analysis လို tools ကို​သုံး​ပြီး Micro Level မှာ SWOT analysis လို tools တွေ​ကို​သုံး​ပြီး business တစ်​ခု​အတွက် အကဲ​ဖြတ်​မှု​တွေ လုပ်​လေ့​ရှိ​ကြ​တယ်။

SWOT factors တွေ​ကို သတ်​မှတ်​ဖို့ PEST analysis က​ကူညီ ထောက်ပံ့​ပေး​တယ်။ ဒါ​ကြောင့် PEST analysis ဟာ SWOT analysis ကို​သုံး​ပြီး အကဲ​မ​ဖြတ်​ခင် သုံး​သင့်​တဲ့ အသုံးဝင်​တဲ့ tool တစ်​ခု​ပါ​ပဲ။ SWOT ဆို​တာ Strengths, Weaknesses, Opportunities နဲ့ Threats ကို​ပြော​တာ​ပါ။ PEST နဲ့ SWOT ဟာ မ​တူ​ကွဲပြား​တဲ့ ချဉ်းကပ်​သုံးသပ်​မှု​တွေ ရှိ​ပေ​မယ့် တူညီ​တဲ့ အကဲ​ဖြတ်စ​ရာ အချက်​တွေ​လည်း ရှိ​တယ်။

အဲ​ဒီ​တော့ PEST analysis ကို​သုံး​ဖို့ ဘယ်​လို အချက်​တွေ​ပါ​သလဲ ဆို​တာ ကြည့်​ရအောင်။

Political ဖက်​က ကြည့်​ရင်

  • environmental ဆိုင်​ရာ ဘာ​ပြဿနာ​တွေ ရှိ​မ​လဲ။
  • legislative အနေ​နဲ့ ယခု နဲ့ နောင် ဘာ​တွေ ဖြစ်လာ​နိုင်​မ​လဲ။ နိုင်ငံ​တကာ မှာ​ရော ဘယ်​လို​လဲ။
  • regulation လုပ်​တဲ့ အဖွဲ့​အစည်း​တွေ​နဲ့ လုပ်ဆောင်​ရ​မယ့် နည်း​လမ်း​တွေ​က​ရော ဘယ်​လို​ရှိ​မ​လဲ။
  • government နဲ့​ပါတ်​သက်​လို့ မူ​ဝါဒ​တွေ၊ အချိန်​ကာလ​တွေ​နဲ့ အပြောင်း​အလဲ​တွေ​က​လဲ အရေး​ပါ​တဲ့​အတွက် ထည့်​သွင်း စဉ်းစား​ရ​မယ်။
  • trading policies တွေ​က​လဲ ဘယ်​လို​ရှိ​နိုင်​မ​လဲ။
  • local နဲ့ foreign က pressures တွေ​ရော ဘယ်​လို သက်ရောက်​မှု ရှိ​မ​လဲ။
  • နောက်ဆုံး စစ်​တို့ အကြမ်း​ဖက်​မှု​တွေ​တို့ ရှိ​နိုင်​သလား၊ ဘယ်​လို သက်ရောက်​မှု ရှိ​မ​လဲ။

Economical အနေ​နဲ့ ဆို​ရင်

  • ပြည်​တွင်း​ရော ပြည်​ပ​ရော စီးပွား​ရေး အတက်အကျ​တွေ​ဟာ အကျိုး​သက်ရောက်​မှု ရှိ​နိုင်​လား။
  • ဝင်ငွေ​ရ​ရှိ​တဲ့ အနေအထား​က​ရော ဘယ်​လို​လဲ။ အခွန်​ကောက်ခံ​ပုံ​က​ရော ဘယ်​လို ရှိ​လဲ။ စုဆောင်း​ငွေ​တွေ အကြွေး​တွေ​ရော ဘယ်​လို အနေအထား​ရှိ​လဲ။
  • ထူး​ထူးခြား​ခြား အခွန်​ကောက်ခံ​ပုံ သတ်​မှတ်ထား​တဲ့ ကုန်​ပစ္စည်း​တွေ ဝန်​ဆောင်​မှု​တွေ ရှိ​လား၊ ဘယ်​လို ဖြစ်​နိုင်​လဲ။
  • market cycle ရဲ့​အနေအထား၊ စျေး​ကွက်​ရဲ့ နောင်​ဖြစ်လာ​နိုင်​မယ့် အခြေအနေ​တွေ​က​ရော ဘယ်​လို​လဲ။
  • distributors တွေ​ရဲ့ အလားအလာ​တွေ၊ စား​သုံး​သူ​ရဲ့​ပြောင်းလဲ​လာ​နိုင်​မှု​တွေ က​ရော ဘယ်​လို​လဲ။
  • exchange rate တို့ နိုင်ငံ​တကာ​ကို trade လုပ်​နိုင်​တဲ့ အနေအထား​တို့​ကို​လည်း ထည့်​စဉ်းစား​ရ​မယ်။

Social အနေ​နဲ့ ကတော့ အဓိက​အား​ဖြင့် demographics နဲ့ culture ကို​ခွဲ​ခြား​ပြီး

  • life style ပြောင်းလဲ​ပုံ​တွေ​က​ရော ဘယ်​လို​လဲ။
  • စား​သုံး​သူ​တွေ​ရဲ့ ခံယူ​ချက်​နဲ့ အမြင်​တွေ​က​ရော ဘယ်​လို​လဲ။
  • လူ​ဦးရေ အခြေအနေ၊ ကျား​မ အချိုး၊ အသက် ကွာ​ခြား​မှု​တွေ​က​ရော ဘယ်​လို​ရှိ​လဲ။
  • စာတတ်​မြောက်​မှု​နှုန်း၊ စာမ​တတ်​တဲ့​နှုန်း​တွေ​က​ရော ဘယ်​လို​လဲ။
  • အိမ်ထောင်​စု အခြေအနေ၊ ဝယ်​ယူ​လေ့​ရှိ​တဲ့ ပုံစံ​တွေ​က​ရော ဘယ်​လို​လဲ။
  • ပြော​ရ​ရင် ဖက်​ရှင်​ပုံစံ​တွေ၊ role model တွေ​က ဘယ်​လို အကျိုး​သက်ရောက်​မှု ရှိ​နိုင်​မ​လဲ။
  • အဓိက​ကျ​တဲ့ events တွေ​က​ရော ဘာ​တွေ​လဲ၊ ဘယ်​လို အကျိုး​သက်ရောက်​မှု​တွေ ရှိ​နိုင်​မ​လဲ။
  • ဘာသာ​ရေး​ဆိုင်​ရာ​တွေ၊ အဖွဲ့​အစည်း​ဆိုင်​ရာ​တွေ ရဲ့​အနေအထား​နဲ့ စား​သုံး​သူ​တွေ​ရဲ့ တန်ဖိုး​ထား​မှု​ကွဲပြား​ပုံ​တွေ​က​ရော ဘယ်​လို​လဲ။

Technological views က​ဆို​ရင်​တော့

  • compete လုပ်​နိုင်​မယ့် နည်း​ပညာ ဖွံ့ဖြိုး​တိုးတက်​မှု အခြေအနေ​က​ရော ဘယ်​လို​လဲ။
  • သု​တေ​သန လုပ်​ဖို့ ပေး​နိုင်​မယ့် ငွေ​အခြေအနေ​က​ရော ဘယ်​လို​လဲ။
  • ပူးတွဲ ဒါ​မှ​မဟုတ် မှီခို​နေ​ရ​တဲ့ နည်း​ပညာ ရှိ​လား။ အစားထိုး စရာ​ကော ရှိ​လား။
  • နည်း​ပညာ​ဆိုင်​ရာ ရင့်​ကျက်​မှု(maturity)ရော  ရှိ​ပြီ​လား။
  • ပြော​ရ​ရင် ကိုယ့်​ပစ္စည်း​ကို ထုတ်​တဲ့ နေရာ​မှာ faster, cheaper, easier-to-use, smaller, more mobile, connected, ubiquitous ဖြစ်​နိုင်​ပြီ​လား။

PEST analysis ကို​စဉ်းစား​တဲ့​အခါ ဒီ​လောက်​ဆို​ရင် ပြည့်စုံ​တဲ့ အကဲ​ဖြတ်​ချက် တစ်​ခု​တော့ ရ​ပါ​မယ်။

reference :

  1. Strategy First က SFM101 course – seminar 2
  2. www.businessballs.com

ATI driver on Ubuntu 9.10

အမှတ်ကို မရှိဘူး။

ကိုယ့်ကိုကိုယ် ပြောပါတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ အရင် တစ်ခါလည်း ဖြစ်ဘူးတယ်၊ ဒါကို သတိမရဘူး အခု ထပ်ဖြစ်ပြန်ပြီဗျ။ Ubuntu 9.04 သုံးနေတုန်းကပေါ့ desktop effects တွေ သုံးချင်တာ၊ ကျွန်တော့ လက်တော့က graphic driver အလုပ်မလုပ်ဘူး။ hardware  driver ကနေ သွားတော့လည်း ကွန်နက်ရှင်က မကောင်းတော့ ဒေါင်းမရဘူးဗျ။ ဒါနဲ့ အဆင်မပြေလဲ နေလေ၊ ကိုယ်လဲ စမ်းသုံးတာပဲ၊ မရတော့ ရတာလေးတွေပဲ စမ်းရမှာပေါ့ ဆိုပြီး မေ့ထားလိုက်တယ်။ ဖြစ်ချင်တော့ Ubuntu 9.10 ထွက်ခါနီးမှာ ဟိုကလိ ဒီကလိနဲ့ driver update လုပ်မိပြန်တယ်ဗျ။ ဒီတစ်ခါတော့ ကွန်နက်ရှင်က ကောင်းနေတော့ ဒေါင်းလို့ရတယ်ဗျ၊ ဒေါင်းပြီး install လုပ်တော့ restart လုပ်ဖို့ လိုတယ်လေ အင်း ဒါဆိုလဲ restart ပေါ့ ဆိုပြီး restart လိုက်တာ ubuntu ကပြန်တက်မလာတော့ဘူး။ ဒေါင်းနေတာ ကြာလို့ စက်ပူနေလို့လား ဆိုပြီး အအေးခံ၊ ပြန်ဖွင့်၊ တက်မလာဘူး မဲမဲတူးတူး မှာပဲ ရပ်နေတယ်။ ဘာလုပ်လုပ် မရတာနဲ့ မထူးပါဘူးလေ 9.10 လဲထွက်တော့မှာပဲ အဲဒီကျမှ ပြန်တင်လိုက်မယ် ဆိုပြီး ဖြေရှင်းလိုက်ရတယ်။ မကျေနပ်လို့ ဟိုရှာ ဒီရှာတော့လည်း Toshiba ကြီးက model number နဲ့ရှာတာ မရှိဘူးဗျာ၊ အဲဒီ model တွေ့ကို မတွေ့တာ၊ ဒါပေမယ့် သေချာရှာတော့ တွေ့တယ် တရုတ် ဝက်ဆိုဒ်မှာ၊ ဘာမှလဲ မသိဘူး၊ စိတ်လေသွားတယ်။ မြန်မာပြည်ကို ရောင်းဖို့ တရုတ်ပြည်မှာ အထူးထုတ်တာ ဖြစ်မယ်၊ ဆယ်တန်းတုန်းက ကျောင်းစာ အထူးထုတ်ပဲ တွေ့ဘူးတာ အခု လက်တော့ အထူးထုတ်တောင် ဝယ်ဘူးသွားပြီဗျ။ ဒါပေမယ့် ကျွန်တော် ဝယ်ထားတာတော့ တော်တော် ကြာပါပြီ။ အကူအညီရဖို့ ဟိုမေးဒီစမ်းပြီး ရှာရင် ဒီလိုတွေ့မယ် Toshiba Satellite M200 ဒါရှိတယ် အဲဒီနောက်က model no. မရှာနဲ့တော့ မရှိဘူး။ ဆင်တူတွေ တွေ့မယ် ကိုယ့် model မဟုတ်ဘူး။

ဒီနောက်တော့ ubuntu ပေါ်မှာ graphic driver လဲ update မလုပ်တော့ပါဘူး။ သုံးလို့ရတာပဲ သုံးတော့တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ Knowledge Bridge က ubuntu effects ကိုဖတ်ပြီး ဟိုတစ်ခါ ငါလုပ်တာ ပုံစံမကျလို့ ဖြစ်မယ်ထင်တယ် ဆိုပြီး ထပ် update လုပ်လိုက်တာ အရင်လို မဲမဲတူးတူး မှာပဲ ရပ်တယ်၊ caps lock မီးက ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတယ်၊ သွားရော။ ဘာပြောပြော ၂၉ ရက် ဧပြီလ ဆို Ubuntu 10.04 LTS လာတော့မှာဆိုတော့ အဲဒီကျမှပဲ ပြန်တင်တော့မယ်။ ဟီး….. ဟီး….. ဟီး…..