Install WordPress Theme

ကျွန်တော်ကပဲ အရင်က မသိတာလား မသိပါဘူးဗျာ။ wordpress မှာ theme တွေကို install လုပ်ရင် အရင်က cpanel ကနေ file manager ကိုသွား၊ theme folder ထဲကို install လုပ်မယ့် theme ကိုထည့်၊ dashboard ကိုပြန်လာ၊ activite လုပ်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဒါပေမယ့် ဒီနေ့ theme အသစ်တစ်ခု install လုပ်ချင်လို့ dashboard ကနေ appearance ကိုဖွင့်တော့ အပေါ်နားမှာ install theme ဆိုတာ တွေ့တယ်ဗျ၊ (ခါတိုင်းတော့ new post ခေါ်တဲ့ button လောက်ပဲ ရှိတယ် ထင်မိတာ၊) ပုံမှာ ပြထားပါတယ်။

wpthemeinstall theme ကိုနှိပ်လိုက်တော့ wordpress theme search ကို filter ပါပေးထားတာ တွေ့ပါတယ်။ free ပေးထားပြီး wordpress server မှာ တင်ထားတာတွေပေါ့။ ကျွန်တော့် အတွက် တော်တော် အဆင်ပြေသွားတယ်ဗျ၊ cpanel ကိုလဲ ဘာတွေ ညာတွေသုံး ဝင်စရာ မလိုတော့ဘူး။ ဖျက်ချင် ပြန်တင်ချင်လဲ အလွယ်တကူ ဖြစ်သွားပါတယ်။ အရင်က မသိခဲ့တာ ဆိုရင်တော့ ကျွန်တော် ကို အ တာပါ။ :) wordpress 2.8.4 ကြောင့်ဆိုရင်တော့ တော်တော် ကျေးဇူးတင်တယ်ဗျို့။ အခုလို အဆင်ပြေပြေ ဖြစ်သွားတာ။