July 2009
You are browsing the archive for July 2009.
MPA
စီးပွားရေး တက္ကသိုလ် က executive MBA, MPA နဲ့ အခြားအတန်းတွေကို ဝင်ခွင့်ဖြေဖို့ ကြော်ငြာတာ တွေ့တယ်။ MPA အတွက် ဝင်ခွင့် စာမေးပွဲဖြေမယ် စိတ်ကူးတယ်။ ကျောင်းသွားပြီး စုံစမ်းရမယ်။ ဘာတွေလိုအပ်လဲ၊ ဘယ်တော့ လျှောက်လွှာ နောက်ဆုံးလက်ခံမှာလဲ၊ ဘယ်တော့ ဖြေရမှာလဲ၊ ဘယ်မှာ တက်ရမှာလဲပေါ့။
The Sim 3
လွန်ခဲ့တဲ့ လေး ငါးရက် ကတဲက အချိန်တော်တော် အကုန်ခံပြီး ဆော့ခဲ့တဲ့ the Sim3 ထဲက ကျွန်တော့် ဇာတ်လိုက်ဟာ vice president ရာထူးမှာ တာဝန်ထမ်းရင်း သေသွားတယ်။ ဒါပေမယ့် ဂိမ်းက မပြီးသွားဘူး၊ သူ့မျိုးဆက်တွေက ဆက်လုပ်နေတုန်းပဲ။ သူတို့က ရပေမယ့် ကျွန်တော်က မရတော့လို့ ဂိမ်းကို ပိတ်ပြီး ထွက်လိုက်ရတယ်။ ဒီလိုမဆုံးနိုင်တဲ့ ဂိမ်းရေးတဲ့လူတွေကို ချီးကျူးပါတယ်ဗျာ။ ဒါမှ သူတို့ဂိမ်း များများဆော့၊ များများရောင်းရအောင် လုပ်တာလို့ ပြောရမယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ ဒီလိုကော မရဘူးလားဆိုပြီး စိတ်ဝင်စား စရာဖြစ်အောင် လုပ်ထားတော့ တော်တော် ဆော့ဖြစ်သွားတယ်။ ဟီး ဟီး ကျွန်တော့် ဇာတ်လိုက်ကတော့ try for baby ချီးပဲ [...]
About price
ဒီရက်ပိုင်းတွေမှာ ကုန်ကြမ်းရော၊ ကုန်ချောပါ ဈေးဆက်မတက်နိုင်တော့ပဲ၊ စပြီး ဈေးအီလာပါပြီ။ ကုန်ကြမ်းပို့တဲ့ လူတွေက ကျွန်တော့်ကို မပြောကြပေမယ့် သူတို့ပြောတဲ့ လူတွေပြန်ပြောလို့ သူတို့လည်း ဈေးချဝယ်တယ် ဆိုတာ သိရတယ်။ ဒီလိုဖြစ်မယ်ဆိုတာ ကြိုခန့်မှန်းထားပေမယ့် ကိုယ့်မှာ ကုန်လက်ကျန်ရှိထားတော့ မကျခင် ထုတ်လိုက်ချင်တယ်။ ဘာပြောပြော နှစ်စဉ် ၈ လပိုင်းမှာ အရောင်းအဝယ် အေးနေကြမို့ စိတ်မပူပေမယ့်၊ ခါတိုင်း ပုံမှန်နှစ်တွေလို အရောင်းအဝယ် တစ်အားကျသွားမလား စိတ်ပူရတယ်။ ဒီရက်ပိုင်း ပစ္စည်းမပုံခင် မြန်မြန် ရောင်းဖို့ တွန်းရမယ်။ အင်း…… “ဝယ်နေတုန်း ရောင်း၊ ရောင်းနေတုန်း ဝယ်” ဆိုတဲ့ စကားလို ဖောက်သည်တွေ ဝယ်ချိန် ပစ္စည်းအပါရောင်း၊ ကိုယ်ရောင်းချင်နေတဲ့ အချိန် ဖောက်သည် ဝယ်ချင်အောင် လုပ်ရမယ်။ ဝါလည်း [...]
Firefox 3.5
Firefox ကိုသုံးနေတုန်း update check လုပ်ကြည့်တော့ 3.5 ရပြီ၊ update လုပ်မလားဆိုတော့ OK ပေါ့။ update လုပ်ပြီးတော့ ပေါ်လာတဲ့ welcome စာမျက်နှာကြောင့် စိတ်ပျက်သွားတယ်။


Recent Comments