zawgyi keyboard on Ubuntu 9.04

ဇော်ဂျီကို Ubuntu မှာသုံးဖို့ ကို box02 က Ubuntu 9.04 အတွက် လုပ်ပေးထားတဲ့ zawgyi-keyboard-ubuntu904.tar.gz ကနေ တင်ထားတယ်။

ဒါပေမယ့် မေ့နေလို့ထင်တယ် ဘယ်လိုပြန်ဖြုတ်ရမယ် ဆိုတာ google code မှာ ရေးထားတာ မတွေ့မိဘူး။

ဒါနဲ့ MZ မှာ မေးလိုက်တယ်၊ မမေးခင်ကတည်းက ကိုbox02 တော့ ပြန်ဖြေမှာပဲလို့လဲ တွေးမိသေးတယ်။ :) နောက်ရက်ကျတော့ (ဒီနေ့ပေါ့) ပြန်ဖြေပေးထားတာ တွေ့တယ်။ keyboard ပြန်ဖြုတ်ဖို့ ဒီဟာလေးတွေကို တာမီနယ်မှာ ရိုက်ရမယ်တဲ့ဗျ။

$ sudo rm -rf /usr/share/fonts/zawgyi

$ sudo mv  /usr/share/X11/xkb/symbols/mm /usr/share/X11/xkb/symbols/mm_backup

$ sudo mv  /usr/share/X11/xkb/symbols/mm /usr/share/X11/xkb/symbols/mm_backup$ sudo mv  /usr/share/X11/xkb/symbols/mm /usr/share/X11/xkb/symbols/mm_backup

zawgyi and myanmar3 keyboard on Ubuntu 9.04

ကိုစေတန်ရဲ့ zawgyi myanmar3 keyboard ကို install လုပ်လိုက်တာ အရင်တင်ထားတာတွေနဲ့ အဆင်မပြေဖြစ်တယ်လို့ ထင်တယ်။ ဟိုဟာမရ ဒီဟာမရ ဖြစ်ကုန်တယ်။ install လည်းလုပ်လို့ မရတော့ဘူး။ :D

ဒါနဲ့ မြန်မာအိုင်တီပရိုက ကိုသူရလှိုင် post ထဲကအတိုင်း ပြန်လုပ်ကြည့်တယ်။ ဒါလည်း ဇော်ဂျီပဲ အဆင်ပြေတယ် မြန်မာသရီးက ရိုက်လို့ရဘူး။

အဆင်မပြေတာ အတူတူ ဇော်ဂျီကို ၂၀၀၈ ဗားရှင်း၊ မြန်မာသရီးကို ခုနောက်ဆုံးဗားရှင်း နဲ့ copy; paste ပဲလုပ်လိုက်တယ်။

ဒီကုတ်လေး သုံးပြီး file တွေဖွင့်ရတာပေါ့။

sudo nautilus

ခုတော့ ဇော်ဂျီနဲ့ ရေးလို့၊ ဖတ်လို့ရတယ်။ မြန်မာသရီး ကတော့ ဖတ်လို့ပဲ ရတယ်၊ ရေးလို့ အဆင်မပြေလို့ keyboard layout ဖြုတ်ထားလိုက်တယ်။

ဩော် မေ့လို့ Ubuntu 9.04 မှာနော်၊ ဝင်းဒိုးဗစ်စတာမှာ ဟုတ်ဖူး။ :)

PC 3 sets

from T.LAND computer,

1 set => 705000 * 3 = 2115000 kyats

present umbrella 3 sets

HP pavilion

  1. Core 2 Duo 2.8 Ghz
  2. Intel G31-Express (LAN/ PCI Express/ Audio 5.1/ USB 2.0)
  3. 2 GB Memory DDR2 RAM (800 MHz)
  4. 160 GB HDD/ 7200 RPM/ SATA
  5. DVD writer SATA
  6. Intel Graphics Media Accelerator 3100
  7. 19 inch LCD Monitor (HP)
  8. PS/II HP Keyboard (Multimedia)
  9. PS/II HP Optical Mouse
  10. P4 HP casing (500 W)

    Books

    အိမ်မှာ ဟိုနေရာမွှေ ဒီနေရာမွှေနဲ့ ပြန်ဖတ်ချင်တဲ့ စာအုပ်တွေ တွေ့ရတယ်။ ဒါအပြင် ဝယ်မယ် စဉ်းစားတဲ့ စာအုပ်တွေလည်း ရှိတယ်။ အခုလောလောဆယ် ပြန်ဖတ်ချင်တဲ့ စာအုပ်စာရင်း

    ၁။ တတိယကမ္ဘာမှ ပထမကမ္ဘာသို့

    ၂။ ကမ္ဘာပြားပြီ

    ၃။ Who move my cheese

    ၄။ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်

    လူတွေ

    ဩော် လူတွေ လူတွေ တယ်ခက်ပါလား
    နဲနဲ အလျှော့ပေးရင် သူတို့က စွတ်အသားယူ၊ နေရာတကာ ပါဝါပြ၊ ကောင်းတော့ကောင်းနေပြီ။

    အောက်လူ ကလည်း အောက်ကမို့
    အလယ်လူ ကလည်း အလယ်ကမို့
    အပေါ်လူ ကလည်း အပေါ်ကမို့

    တယ်ခက်ပါလား