How to

How to configure data collection?
data တွေကို ဘယ်လို ကောက်ရမယ်၊ ဘယ်လို သွင်းမယ်၊ ဘာအချက်တွေ အဓိကထားမယ်၊ ဒါတွေက စဉ်းစားစရာတွေပါ။
- business ကိုအခြေခံပြီး လုပ်မလား၊
- ဈေးကွက်ကို အခြေခံပြီးလုပ်မလား၊
- procedure ကိုအခြေခံပြီး လုပ်မလား၊
- လူတွေရဲ့ လုပ်ဆောင်ချက်ကို မူတည်မလား၊
- ရသမျှ သတင်းရော အတင်းရော အကုန်ထည့်မလား၊

စဉ်းစားလေ ဝေးလေဖြစ်နေပြီထင့် :)

To do lists

1. to inquire about sales and marketing training
2. to make a plan for data processing in customers, vendors, competitors and other considerations
3. to collect data and make a plan for buying tapioca chip
4. to get form-10 for my boss’s daughter
5. to pay 5 lakhs and service fee to U Ye Noos for yearly registration of MGF Co., Ltd Done at 24/6/2009

To consider

ဘယ်လိုလုပ်ရမလဲ၊ ပြင်ပသွင်းအားစုတွေ ရှားပါးသွားတဲ့ ပြဿနာ၊ ဈေးတက်ပေးလည်းမရ၊ ကုန်ချောက ဈေးတက်မရသေးဘူး၊ ကုန်ကြမ်းတွေ အခြားထောက်ပံ့ပေးရတဲ့ ပြင်ပသွင်းအားစုတွေက ဈေးတက်နေပြီ။ ရှေ့ကတက် နောက်ကလိုက်နဲ့ မှီကိုမမှီနိုင်တော့ဘူး။ အထူးသဖြင့် မီးစက်သုံးတဲ့ ဒီဇယ်နဲ့ ဘွိုင်လာသုံးတဲ့ စပါးခွံပေါ့။ ကုန်ချောက ကုန်ကြမ်းကိုမှီအောင် မနဲလိုက်နေရတာတောင် ဘေးထွက်ပစ္စည်းက ဈေးတက်မရပြန်ဘူး။ လုံးချာကို လည်နေရော။ :) ဘာပြောပြော အဲဒီကိစ္စတွေကို ပြန်စဉ်းစားပြီး ပုံစံချရမယ်၊ ဒါကတစ်ခု။
စက်ရုံက စွန့်ပစ်ပစ္စည်းတွေကို (အထူးသဖြင့် ဖွဲပြာ) ဘယ်လို အဆင်ပြေပြေ စွန့်ပစ်လို့ရမလဲ၊ အရင်လူနဲ့ လုပ်နေတာ ဟုတ်ရဲ့နဲ့ နောက်တစ်ဖွဲ့ကို ပြောင်းလိုက်တာ ကျွန်တော့် အမှားပဲ၊ အရင်လူကို ပြန်ပေးမလား နောက်လူရှာမလား စဉ်းစားရမယ်၊ ဒါကဒီတစ်ရက် နှစ်ရက်အတွင်း လုပ်ရမယ်၊ ဒါကတစ်ခု။
စက်ရုံထဲက လူတွေကို ဒီလိုကိစ္စတွေမှာလည်း ဆုံးဖြတ်နိုင်အောင် တွန်းအားပေးရမယ်၊ ဒါမှ ကျွန်တော်သက်သာမှာ။ :)

WordPress 2.8

WordPress 2.8 ကို upgrade လုပ်တာ automatic wordpress upgrade plugin ကတော်တော်အဆင်ပြေတယ်ဗျ www.000webhost.com ကို သုံးတုန်းကထက် အခု www.lunarpages.com ကိုသုံးရတာ အဆင်ပြေတယ်။

Mandalay

မရောက်တာကြာတဲ့ မန္တလေးကို ရ ရက်နေ့ ကတည်းက ရောက်နေတယ်။ ဟိုအရင်နဲ့ ဖွဲ့စည်းပုံတော့ သိပ်မကွာပါဘူး။ ဘာပြောပြော ဘယ်လိုပဲဖြစ်ဖြစ် မန္တလေးသား ကျွန်တော့အတွက် ကတော့ ငါတို့မန္တလေးပါပဲ။ :) ရောက်တယ်သာဆိုတယ် ဘယ်မှ မသွားဖြစ်ပါဘူး။ မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ သင်တန်းတက်နေရတယ်။ :( အမေဆီကို ၂ ခေါက်ရောက်တယ်၊ အဖွားနဲ့လဲ တွေ့ခဲ့တယ်၊ ခဏပါပဲ။ လာနေပါပြောပေမယ့် အဖွားကြောင့် အတူလာမနေနိုင်သေးတဲ့ အမေ့ကို အပြစ်မပြော တော့ပါဘူး။ ဒီလိုဆိုလို့ အဖွားအပြစ် မဟုတ်ပါဘူး၊ အဖွားကလည်း ကျွန်တော့်ကို ချစ်တာပါပဲ။ တစ်ခါတစ်လေမှ လာတဲ့ ကျွန်တော့်ကို အမြဲပြုံးပြီး ကြိုဆိုနေကျပါ။ ဘာပြောပြော အမေ့ကို အတူခေါ်နေမယ်လို့ စိတ်ကူးဖြစ်တယ်။ မန္တလေး မဟာမုနိ ဘုရားကြီးမှာ အသက် ၃၅ နှစ်မှ ရောက်ဖြစ်လို့ ရွှေ ၃၅ ရွက်ကပ်လှုခဲ့တယ်။ အမှတ်တရဆိုလို့ နဂါးမှာ စာအုပ် ၂ အုပ်ဝယ်ဖြစ်တာပဲ ရှိတယ်။ ကျန်တဲ့ အချိန်တွေကတော့ ဟိုသွားဒီသွားပါပဲ။

update at 18/6/2009 :

၁၆ ရက်နေ့က မန္တလာမေ အဝေးပြေးကားလိုင်းက 3 BUS နဲ့ပြန်လာတယ်။ လမ်းဟောင်းက လာတော့ ဟိုအရင်အတိုင်းပဲ အိပ်လိုက် ကားပေါ်က ဆင်းလိုက်ပေါ့။ မနက် ၆ နာရီလောက်မှာ အောင်မင်္ဂလာ အဝေးပြေးကို ရောက်တယ်။ ထုံးစံအတိုင်း ရန်ကုန်မြို့က မိုးနဲ့ကြိုပါတယ်။ မင်္ဂလာပါ မြို့ရန်ကုန် :)