FPB Bank

ဒီနေ့ FPB Bank မှာ အမြတ်ဝေစု သွားထုတ်တယ်။ ဒီနှစ်အတွက် ၃၁ ရာခိုင်နှုံးကျော်ပေးတယ်။ အပြင်က အတိုးတွေနဲ့ ကြည့်ရင်နဲပေမယ့် အများပိုင် ကုမ္ပဏီတစ်ခု ဖြစ်ဖို့ မလွယ်တာကြောင့် ဘာပဲဖြစ်ဖြစ် လုပ်နိုင်သူတွေကို အားပေးရမှာပဲ။ နောင်တစ်ချိန်မှာ ဒီရှယ်ယာတွေက ငွေတွင်းဖြစ်ချင်ဖြစ်နေမှာပေါ့။ :)

About raw price

နှစ်ပါတ် အတွင်း ၂၅ ရာခိုင်နှုံး ခုန်တက်သွားတဲ့ ကုန်ကြမ်းဈေးကို ဘယ်လိုစဉ်းစား တွက်ချက်ရမလဲ။ လွန်ခဲ့တဲ့ တစ်ပါတ်က ကျွန်တော့်အထင် ဈေးက ထိပ်ကိုရောက်နေပြီ၊ ပြန်ကျမယ်လို့ ထင်တယ်။ ဒါပေမယ့် အထင်က အခုထိတော့ ပါစင်အောင်ကို လွဲတယ်ဗျာ။ :) Rectified Spirit ဈေးကို ဘယ်လိုတောင် သတ်မှတ်ရမလဲ မသိဘူး။ ဘာပြောပြော ဘေးထွက်ပစ္စည်းဈေးတော့ တက်မယ်လို့ ပြောလိုက်ပြီ။
ကုန်သည်တွေ အကုန်လုံးက သွေးကြီးနေကြလား မသိပါဘူး။ ဘုရင့်နောင်မှာ မနက်တစ်ဈေး ညနေတစ်ဈေးကို ဖြစ်လို့။ မနက်ဒီဈေးကြားတယ် ”ဟာ ဈေးမြင့်တယ် စောင့်အုံးမယ်” စဉ်းစားတုံး နောက်လူက ဈေးပေးနေပြီ၊ ဒါမျိုးကို ဒီနှစ်ထဲ တစ်ခါမှ ဒီလောက် သွေးကြီးတာ မကြားမိဘူး။ ဈေးဆွတဲ့ လူတွေကလဲ ဆွတယ်။ နည်းနည်းလေးနဲ့ ဈေးပေးဝယ်၊ ဈေးဖြစ်အောင်လုပ်၊ ဘယ်လိုတွေ ခြေရှုပ်ကြမလဲ စောင့်ကြည့်ရမှာပဲ။ RS လိုင်းထဲကလူတွေတင်မကဘူး၊ တိရစ္ဆာန်အစာ လိုင်းထဲကလူတွေလည်း ဝင်ဝယ်တယ် ကြားရပြီ။
ဟင်း………………………………………. :(