To consider

ဘယ်လိုလုပ်ရမလဲ၊ ပြင်ပသွင်းအားစုတွေ ရှားပါးသွားတဲ့ ပြဿနာ၊ ဈေးတက်ပေးလည်းမရ၊ ကုန်ချောက ဈေးတက်မရသေးဘူး၊ ကုန်ကြမ်းတွေ အခြားထောက်ပံ့ပေးရတဲ့ ပြင်ပသွင်းအားစုတွေက ဈေးတက်နေပြီ။ ရှေ့ကတက် နောက်ကလိုက်နဲ့ မှီကိုမမှီနိုင်တော့ဘူး။ အထူးသဖြင့် မီးစက်သုံးတဲ့ ဒီဇယ်နဲ့ ဘွိုင်လာသုံးတဲ့ စပါးခွံပေါ့။ ကုန်ချောက ကုန်ကြမ်းကိုမှီအောင် မနဲလိုက်နေရတာတောင် ဘေးထွက်ပစ္စည်းက ဈေးတက်မရပြန်ဘူး။ လုံးချာကို လည်နေရော။ :) ဘာပြောပြော အဲဒီကိစ္စတွေကို ပြန်စဉ်းစားပြီး ပုံစံချရမယ်၊ ဒါကတစ်ခု။
စက်ရုံက စွန့်ပစ်ပစ္စည်းတွေကို (အထူးသဖြင့် ဖွဲပြာ) ဘယ်လို အဆင်ပြေပြေ စွန့်ပစ်လို့ရမလဲ၊ အရင်လူနဲ့ လုပ်နေတာ ဟုတ်ရဲ့နဲ့ နောက်တစ်ဖွဲ့ကို ပြောင်းလိုက်တာ ကျွန်တော့် အမှားပဲ၊ အရင်လူကို ပြန်ပေးမလား နောက်လူရှာမလား စဉ်းစားရမယ်၊ ဒါကဒီတစ်ရက် နှစ်ရက်အတွင်း လုပ်ရမယ်၊ ဒါကတစ်ခု။
စက်ရုံထဲက လူတွေကို ဒီလိုကိစ္စတွေမှာလည်း ဆုံးဖြတ်နိုင်အောင် တွန်းအားပေးရမယ်၊ ဒါမှ ကျွန်တော်သက်သာမှာ။ :)

WordPress 2.8

WordPress 2.8 ကို upgrade လုပ်တာ automatic wordpress upgrade plugin ကတော်တော်အဆင်ပြေတယ်ဗျ www.000webhost.com ကို သုံးတုန်းကထက် အခု www.lunarpages.com ကိုသုံးရတာ အဆင်ပြေတယ်။