သာဓုကန် စက်မှုဇုန်

ဒီနေ့ သာဓုကန် စက်မှုဇုန်ကို သွားဖြစ်တယ်။ မြေကွက် ကိစ္စပေါ့။ တွေ့ရမယ့် မစန်းစန်းညွန့်မရှိသေးလို့ စောင့်နေရသေးတယ်။ ရောင်းမယ်လို့ ပြောတဲ့ မြေကွက်က ၂ ကွက်တွဲ၊ အားလုံးပေါင်း ၅ ဧကလောက်ရှိတယ်။ ၁ ဧကကို ၃၀၀ အားလုံးယူရင် ၂၅ သိန်း လျှော့မယ်ပြောတယ်။ နေရာက အမှတ် ၈၃ နဲ့ ၈၄ ထင်တယ်။ ဘေးကပ်ရက်မှာ အိုးအိမ်က ယူထားတဲ့ ၂၁ ဧကကျော် ရှိတယ်။ ယူဖြစ်မယ် ဆိုရင် တစ်ပါတ်အတွင်း အကြောင်းပြန်မယ်လို့ ပြောခဲ့တယ်။ ဆရာကတော့ သိတဲ့အတိုင်း မရသေးဘူးဆိုရင် မရသေးလို့၊ ရတော့ကြတော့ သေးလို့ ထပ်ချဲ့မရလို့ ကြီးတာမရနိုင်တော့ဘူးလား ဆိုပြီး ဂျီးကိုများတယ်။

update : ရတာ အရင်ဝယ်ကြမယ်လို့ ပြောတယ်။26th May 2009

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>