ညနေပိုင်းမှာ မိုးရွာလိုက်တာ ရန်ကုန်မြို့ကြီး ရေလျှံပြန်ပြီ။ စက်ရုံကနေ အိမ်ပြန်ဖို့အရေး ဟိုဘက်က ပတ်၊ ဒီဘက်က ပတ်နဲ့ တော်တော် လမ်းရှာလိုက်ရတယ်။ လမ်းတစ်လျောက်လုံး ရေဝင်လို့ ပျက်နေတဲ့ ကားတွေ တန်းစီနေတယ်။ ရေထဲဖြတ်မမောင်းရင် ရောက်မှာ မဟုတ်လို့ ဇွတ်ဖြတ်မောင်းလိုက်တာ တော်သေးတယ် စက်မသေလို့။ ဒီတစ်ခါ ရေကြီးတာက မိုးဝင်စ တုန်းကထက် ပိုတယ်၊ အရင် တစ်ခေါက်က ရေမဝင်ပေမယ့် အခုတစ်ခေါက် အိမ်ထဲကို နည်းနည်း စိမ့်ဝင်တယ်။ ကျွန်တော်မှတ်ထားတာ အရဆို ၆ လပိုင်းတုန်းကထက် ၄ လက်မလောက် ပိုတယ်၊ ကိုယ့်အိမ်ရှေ့မှာ ပြောတာနော်။ ရေကြီးရင် ဒုက္ခရောက်မှာစိုးလို့ စောင့်နေတာ မနက် လေးနာရီလောက်မှပဲ အိပ်ရတော့တယ်။ ၂၀၀၇ မှာတစ်ခါ၊ ၂၀၀၈ မှာတစ်ခါ၊ အခု ၂၀၀၉ မှာ တစ်ခါ နည်းနည်းတော့ လွန်ပြီဗျ။
Calendar
| M | T | W | T | F | S | S |
|---|---|---|---|---|---|---|
| « Jun | ||||||
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | |||


Recent Comments