တွံတေး ဆန်စက်

မနေ့က သွားကြည့်တဲ့ တွံတေးက ဆန်စက်နဲ့ ပတ်သက်တဲ့ Data တွေကို မေ့မှာစိုးလို့။
ဆန်စက်က လမ်းဟောင်းက ဝင်ရင် EPC ရုံးကိုကျော်၊ လမ်းဘယ်ဖက်ဘေးမှာ ငါးကန်တွေတွေ့ရင် ရောက်ပြီ။
တန် ၅၀ ကျဆန်စက်ပါ။
နေရာ အကျယ်အဝန်းကတော့ ၁၁ ဧကကျော်၊ တွံတေးတူးမြောင်းကို နောက်ခံပြီး ဒီဖက်ကတော့ လမ်းရှိတယ်။

dsc01225
အစိုးရ လေလံ​ဈေးက ၂၈၀၀ လို့ကြားတယ်။ ခန့်မှန်းအရင်း ၃၅၀၀ လို့မှန်းတယ်။
သစ်ကာ သစ်ခင်း သွပ်မိုး နာဂစ်ထိထားတဲ့
ပေ ၅၀ ပေ ၈၀ ဂိုထောင် ၄ လုံး၊
ပေ ၄၀ ပေ ၆၀ ဂိုထောင် ၆ လုံး၊

dsc01201

dsc01202

dsc01203

dsc01219

Hiroshima boiler Co., Japan ကထုတ်တဲ့ boiler တစ်လုံး

dsc01193

ထုတ်လုပ်နှစ် ၁၉၇၇
မီးပေါင် ၁၄၀

working pressure 12 kg/cm3;

max pressure 14 kg/cm3

used in 2 inch fire tube

ခန့်မှန်းခြေ အရှည် ၁၂ ပေ

ဆန်စက်ကတော့ တော်တော် ပြည့်ပြည့်စုံစုံ ရှိပါသေးတယ်။ ဘာတွေဆိုတာ တိတိကျကျ မသိလို့ မရေးထားနိုင်ပေမယ့် ဆန်စက်ရဲ့ အင်္ဂါပြည့်စုံအောင် ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဆန်စက်နေရာကတော့ ပေ ၁၀၀ ပတ်လည် ရှိမယ်ထင်တယ်။ ဆန်စက်နဲ့ တစ်တွဲတည်း boiler ကိုထားတယ်။

dsc01197

စက်ရုံ ရုံးခန်း လုပ်ထားတဲ့ RC တစ်ထပ်တိုက် ၁ လုံး၊

စက်အပိုပစ္စည်း ဂိုဒေါင်အဖြစ်သုံးတဲ့ RC တစ်ထပ်တိုက် ၁ လုံး၊

စက်ရုံမှုးနေဖို့ RC တစ်ထပ်တိုက် ၁ လုံး၊

မန်နေဂျာနေဖို့ RC တစ်ထပ်တိုက်တစ်လုံး၊

dsc01222

dsc01198

dsc01199

ဒီအဆောက်အဉီ ၄ လုံးက စက်ရုံကို ဝင်ဝင်ခြင်း တွေ့ရတယ်။ အရွယ်အစားက အဲဒီအစဉ်အတိုင်း ကြီးရာကနေ ငယ်သွားတယ်။ ရုံးခန်းက အကြီးဆုံးဖြစ်သလို အပြင်အဆင်လည်း အကောင်းဆုံးပဲ။

ငါးကန် ၃ ကန်ပါတယ်။ ငါးကန်တွေရဲ့ အစွန်း လမ်းမဖက်ကပ်ပြီး ဝန်ထမ်းအိမ်ရာ ရှိတယ်၊ အားလုံး နံကပ်အုတ်တက် ၅ လုံး စက်ရုံနဲ့တော့ တော်တော် လှမ်းတယ်။ ဆန်စက်နဲ့ တည့်တည့် တွံတေးတူးမြောင်းဖက်မှာ ရုံးသဘောမျိုး သုံးတဲ့ RC တစ်ထပ်တိုက် တစ်လုံးလဲ ရှိတယ်။

dsc01213

dsc01217

dsc01226

အင်း   ဒါဆို စုံပြီ ထင်ပါတယ်။ :)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>