Thursday, March 11, 2010

ငွေရှာရလိမ့်မယ်

January 10, 2010 by ktwn  
Filed under Diary, Reading, hobby

စိန်မြေဧကပေါင်းများစွာ

အမေရိကန်ပြည်သား လူငယ်မြင့်တင်ရေး သမားကြီး Russell Herman Conwell ၏ Acres of Diamonds အမည်ရှိ ဟောပြောချက်ကို မြန်မာလေဖြင့် ဘာသာပြန်သည်။

ကွန်းဝဲလ်သည် ဤဟောပြေချက်ကို သက်ဆိုင်ရာ ကာလဒေသ အသီးသီးနှင့် လျော်ညီစွာ အနည်းငယ်စီ ပြုပြင်ပြောင်းလဲပြီး အကြိမ်ပေါင်း ၆၀၀၀ ကျော်မျှ ပြောကြားခဲ့သည်။ ဟောပြောသည့် သက်တမ်းကာလမှာ နှစ်ပေါင်း ၅၀ ကျော်မျှ ရှိခဲ့၍ သူ့စကားကို စိတ်အားတက်ကြွစွာ နားထောင်ခဲ့သူပေါင်းမှာ သန်းချီ၍ ရှိခဲ့သည်။

မိမိဘဝကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေး စိန်ပွင့်များသည် ဝေးဝေးမှာ မရှိ၊ မိမိအနီးမှာပင်ရှိကြောင်း၊ သက်သေသာဓကများစွာဖြင့် တင်ပြသွားသည့် ဟောပြောချက်အပြင်၊ သည်ဟောပြောချက်နှင့်တန်းတူ စိတ်ဝင်စားဖွယ်ကောင်းလှသည့် ရပ်ဆယ်ကွန်းဝဲလ် ကိုယ်တိုင်အကြောင်း အတ္ထုပ္ပတ္တိတစ်ပုဒ်ပါ ပူးတွဲပါရှိသည်။

လူတစ်ယောက်သည် ချမ်းသာပိုင်ခွင့် ရှိပါလျက် မချမ်းသာဘူး၊ ဆင်းရဲချို့တဲ့နေမယ်၊ မစွမ်းဆောင်နိုင်တဲ့ အနေအထားမျိုး တစ်ပန်းရှုံးတဲ့ အနေအထားမျိုးမှာ ရောက်နေမယ်ဆိုရင် ဒီလူဟာ မှားနေပြီ။ သူဟာ သူ့ကိုယ်သူ စေတနာမရှိသူ သစ္စာမရှိသူ ဖြစ်နေပြီ၊ သူ့မိသားစု သူ့ဆွေမျိုးသားချင်း သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေအပေါ် ကြင်နာမှုကင်းမဲ့သူ ဖြစ်နေပြီလို့ ကျွန်တော် ပြောချင်တယ်။

အဲဒီတော့ ချမ်းသာအောင် ကျွန်တော်တို့ လုပ်ရလိမ့်မယ်။ ဒါ ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ ဒါပေမယ့် ချမ်းသာအောင် ကြိုးစားတဲ့ နေရာမှာတော့ ဂုဏ်သိက္ခာရှိသော၊ ဘာသာတရားနှင့် မဆန့်ကျင်သော နည်းလမ်းများနဲ့ လုပ်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနည်းလမ်းများသည်သာ ချမ်းသာမှုပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ အသေချာဆုံးနည်း၊ အမြန်ဆုံးနည်း၊ အစစ်မှန်ဆုံးနည်းတွေ ဖြစ်လို့ပဲလို့ ကျွန်တော် ပြောချင်တယ်။

( စိန်မြေဧကပေါင်းများစွာ၊ စာ – ၅၄ မှ )

ဆရာဖေမြင့်၏ ”စာအုပ်ကမ္ဘာ” စာအုပ်ကို စာအုပ်စျေးပွဲတော်မှာ ဝယ်တော့ လက်ဆောင်ရတဲ့ ‘ထုတ်ဝေပြီးစာအုပ်များ’ အညွန်းထဲက ကူးယူဖော်ပြပါသည်။

Speak Your Mind

Tell us what you're thinking...
and oh, if you want a pic to show with your comment, go get a gravatar!